Thursday, December 26, 2013

ပါရာဂိမ်းပြိုင်ပွဲတွင် မြန်မာကစားသမား ၂၁၆ ဦး ယှဉ်ပြိုင်မည်

0 comments
26.12.2013

၂၇ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (27 th ASEAN Para Games) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီးအိမ်ရှင် မြန်မာနိုင်ငံမှ အားကစားသမား ၂၁၆ဦး ၀င်ရောက် ယှဉ်ပြိုင် ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၁၄၊ ဇန်န၀ါရီ ၁၄ ရက်မှ ၂၀ ရက်ထိ နေပြည်တော်၌ ပြု လုပ်မည်ဖြစ်ပြီး အားကစားနည်း ၁၂ မျိုးပါဝင်မည် ဖြစ်သည်။ထည့်သွင်းကျင်းပမည့် အားကစားနည်း ၁၂ မျိုးမှာ မြှားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ဘောလုံး (7-a-side)၊ ဘောလုံး(5-a-side)၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘီးတပ်ဘက်စကက်ဘော ပြိုင်ပွဲ တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးပီတာက “တချို့ကစားသမား တွေက ဒီပြိုင်ပွဲအတွက် ဇန်န၀ါရီလကတည်းက လေ့ကျင့်နေကြပါတယ်။ တချို့ကတော့ မေလလောက် ကမှ လေ့ကျင့်နေကြတာပါ။ အာဆီယံပါရာဂိမ်းပြိုင်ပွဲမှာ နိုင်ငံအလိုက်ဒုတိယနဲ့ တတိယရဖို့ မျှော်မှန်း ထားပါတယ်” ဟု ပြောကြားသည်။ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အရှေ့တောင်အာရှမှ နိုင်ငံ ၁၁ နိုင်ငံမှ ကစားသမားတစ်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိသည့် နိုင်ငံသည် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည်။ ထို့ကြောင့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသည် ဆီး ဂိမ်းပြိုင်ပွဲအပြင် ခြောက်ကြိမ်မြောက် အာဆီယံမသန်စွမ်းအားက စားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံဆိုလိုမြို့၌ ကျင်းပခဲ့သည့် ခြောက်ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တွင် ထိုင်းနိုင်ငံမှ ရွှေတံဆိပ် ၁၂၆ ခုဖြင့် နိုင်ငံအလိုက် ပထမရရှိခဲ့ပြီး အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံမှ ရွှေတံ ဆိပ် ၁၁၃ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ်ရှစ်ခု၊ ကြေးတံဆိပ် ၁၂ ခုရရှိကာ စုစုပေါင်း ဆုတံဆိပ် ၃၁ ခုဖြင့် နိုင်ငံအလိုက် အဆင့် (၆) တွင် ရပ်တည်ခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here