Thursday, December 26, 2013

Samsung Galaxy S4 ဖုန်း ဟက်ကာတိုက်ခိုက်ခံရနိုင်ဖွယ်ရှိ

0 comments
26.12.2013

Samsung Galaxy S4 ဖုန်းများတွင်Knox ဟုခေါ်သော လုံခြုံရေးဆော့ဖ်ဝဲလ်တပ်ဆင်ထားသော်လည်း Galaxy S4 ဖုန်း များသည် အခြားသောစမတ်ဖုန်းများကဲ့သို့ ဟက်ကာတိုက်ခိုက်ခံရနိုင်ဖွယ်ရှိကြောင်း အစ္စရေးနိုင်ငံ Ben-Gurion တက္ကသိုလ်မှ လုံခြုံရေးသုတေသီများက ပြောကြားသည်။

ဟက်ကာများသည် ဖုန်းအတွင်း ထိန်းသိမ်းထားသော ပုဂိ္ဂုလ်ရေးရာ အချက်အလက်များ၊ အခြားသော အချက်အလက်များနှင့် e-mail များကို ရယူနိုင်ကြောင်း Wall Street ဂျာနယ်၏ ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားသည်။

Knox လုံခြုံရေးဆော့ဖ်ဝဲလ်သည် Black- berry လုံခြုံရေးဆော့ဖ်ဝဲလ် ကဲ့သို့သော လုပ်ငန်းများကို လုပ် ဆောင်နိုင်သည်။Ben- Gurion တက္ကသိုလ်မှ သုတေသီများက ယင်းကိစ္စရပ် ကို ဖော်ထုတ်ပေး မှုကြောင့် အမေရိကန် အစိုးရသည် Samsung Galaxy ဖုန်းများအသုံးပြုမှုနှင့်စပ်လျဉ်း၍ ချင့်ချိန်သုံးသပ် လျက်ရှိ သည်။

Samsung ကုမ္ပဏီသည် Knox လုံခြုံရေးဆော့ဖ်ဝဲလ်ဟက်ကာ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိမှုနှင့် စပ်လျဉ်း ၍ ငြင်းဆိုမှုမရှိခြင်းသည် Galaxy S4ဖုန်းများ ဟက်ကာများ၏တိုက်ခိုက်ခံ ရနိုင်ဖွယ်ရှိမှု ကို ပြသလျက်ရှိ သည်။

Galaxy S4 ဖုန်းများကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသူများသည် ဟက်ကာတိုက် ခိုက်ခံရမှုမှ ကာကွယ်ရန်အတွက် အခြားသောဆော့ဖ်ဝဲလ်များ အသုံးပြုနိုင်ကြောင်း Samsung ကုမ္ပဏီ က Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

Samsung ကုမ္ပဏီသည် သုတေသီများ ထုတ်ပြန်သော ဟက်ကာတိုက်ခိုက်ခံရဖွယ်ရှိသည်ဟူသော ကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။Black- berry မရှိတော့သဖြင့် လစ်ဟာ သွားသော နေရာ တွင် Samsung နှင့် Apple ကဲ့သို့သော အခြားသောစမတ်ဖုန်းကုမ္ပဏီများသည် လုံခြုံစိတ်ချရမှုရှိ သောစမတ်ဖုန်းများ နှင့် အခြားသောကိရိယာများကို ဈေးကွက်အတွင်း ဖြည့်တင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။Samsung ကုမ္ပဏီထုတ် Galaxy S4 စမတ်ဖုန်းများသည် ကုမ္ပဏီ၏နောက်ဆုံး ထုတ်စမတ်ဖုန်း များဖြစ်သည်။

Apple ကုမ္ပဏီထုတ် iPads နှင့် iPhone များအသုံးပြုမှုသည် ပင်တကွန်စစ်ဌာနချုပ်အတွက် အဆင်ပြေ မှုရှိကြောင်း လွန်ခဲ့သည့် လအနည်းငယ်က ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် Samsung စမတ်ဖုန်း များနှင့် အခြားသောပစ္စည်းများသည် အလားတူထောက်ခံမှုများရရှိလျက်ရှိသည်။

Samsung ကုမ္ပဏီ၏ Knox လုံခြုံရေး ဆော့ဖ်ဝဲလ်က“container” ဟု အမည်ပေးထားသောအရာဖြင့် ဖန်တီးထားပြီး ၎င်းသည် ဟက်ကာများ၏ လုံခြုံရေးဆိုင်ရာ ချိုးဖောက်သည့်လုပ်ရပ်များမှ ကာကွယ်ပေး သည်။“container” သည် အချက်အလက်များနှင့် application များအတွက် တစ်မူထူးခြား၍ ကွဲပြားခြား နားသောဝန်ဆောင်မှုများ လုပ်ဆောင်ပေးသည့်အပြင် ၎င်းအတွင်းသိမ်းဆည်းထားသော အချက်အ လက်များကို ကာကွယ်ပေးပြီး အပြင်ဘက်တွင် မည်သည့်application မျိုးမဆို လုပ်ဆောင်မှုများကို လည်း ကာကွယ်ပေးကြောင်း သိရသည်။

သို့ရာတွင် အစ္စရေးသုတေသီများက“container” အတွင်းရှိ အချက်အလက်များကို ဟက်ကာများရ ယူနိုင်သည့်နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့သည်။ သုတေသီများသည် ဖုန်းခေါ်ဆိုမှုများကို နားထောင် ခြင်း၊e-mail များ ခြေရာခံခြင်းနှင့် သိမ်းဆည်းထားသောအချက်အလက်များကို ဟက်ကာများ ခိုးယူနိုင် သည့်နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့သည်။

Ben-Gurion တက္ကသိုလ် ဆိုက်ဘာ လုံခြုံရေးဓာတ်ခွဲခန်းမှ သုတေသီ မော်ဒီချီဂူရီက ယင်းဆော့ဖ်ဝဲလ်၏ လုံခြုံရေးလွယ်ပေါက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဟက်ကာများသည်“malicious” application များကို အသုံးပြု၍ ဂိမ်းများ (သို့မဟုတ်) အခြားသောပရိုဂရမ်များကို ဟက်ကာတိုက်ခိုက်ခြင်းများ၊ Galaxy S4 စမတ်ဖုန်းများ၏ လုံခြုံရေးစောင့်ရှောက်မှုမရှိသည့်အစိတ်အပိုင်းတွင် အချက်အလက်များ၊ application ကူးယူခြင်းများ လုပ်ဆောင်နိုင်သည့်နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here