3.12.2013
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ၌ ကျင်းပ သော တတိယအကြိမ်မြောက် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်တွင် ရှမ်းနီတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဟိုတုန်းကဆိုရင် ရှမ်းဘောင်းဘီတောင် မ၀တ်ရဲဘူး။ ၀တ်ရင် အဖမ်းခံရတော့မလို ဖြစ်နေတဲ့အချိန် တစ်ခါဖြစ်ဖူးတယ်။ အခုတော့ ရိုးရာယဉ်ကျေးမှု ကိစ္စတွေကို လွတ်လပ်စွာလုပ်ဆောင်လို့ ရလာပါပြီ။ ရိုးရာယဉ်ကျေးမှုပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ် ကျော်လောက်က လုပ်ဖူးတယ်။ အခုတော့ ဥရုမြစ် ၀ှမ်းမှာရှိတဲ့ ကျေးရွာတွေမှာ ရှမ်းနီတိုင်းရင်းသားတို့ကို ရှမ်းနီ ဘာသာ စကားတွေ သင်ပေးကြတယ်။ အကတွေ သင်ပေးကြတာတွေ ရှိလာပါပြီ” ဟု နောင် ပိုအောင်ကျေးရွာမှ ဦးတင့်လွင် က ပြောသည်။
ရှမ်းနီတိုင်းရင်းသားတို့၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်နှစ်သစ်ကူးပွဲကို ပြီးခဲ့သည့်နှစ်များတွင် ဟုမ္မလင်းမြို့၌ ကျင်းပခဲ့ပြီး၊ ယခုနှစ် နောင်ပိုအောင်တွင် ကျင်းပသည့်နှစ်ကူးပွဲတော်တွင် ဒီဇင်ဘာ ၂ ရက်မှ ၃ရက်အထိ ကျင်းပမည်ဖြစ်သည်။ “ရှမ်းတိုင်းရင်းသား တို့ရဲ့ ရိုးရာနှစ်သစ်ကူးနေ့ကို နတ်တော်လဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ကြပါ တယ်။ ဒီနေ့ဟာ ရှမ်းတိုင်းရင်းသားတွေ ရဲ့ ရှမ်း စာဆိုတော်နေ့၊ ကောက်သစ်ဆွမ်းဦးပွဲ (သို့ မဟုတ်) ကောက်သစ်စားပွဲတော်နေ့ ၊ နှစ်သစ်ကူးပွဲတော် အချိန်အခါဖြစ်တယ်လို့ သိရပါတယ်။
ဗုဒ္ဒသာသနာတော်မြတ် ပိဋကတ်သုံးပုံကို ရှမ်းတိုင်းရင်းသားတို့ရဲ့ဒေသကု
Mizzima - News in Burmese