Saturday, December 7, 2013

မြန်နှုန်း မြင့် အင်တာ နက်လိုင်း တည်ဆောက် မှု ပြီးစီး ဟုဆို

0 comments


ဂျပန် အကူ အညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက် နေသော မြန်နှုန်း မြင့် အင်တာ နက်လိုင်း တည်ဆောက်မှု ပြီးစီး ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ များက ထုတ်ပြန် ကြေညာ သည်။ အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနထံ သို့ နေပြည် တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လ လယ်အထိ နည်း ပညာပိုင်း ဆိုင်ရာ များကို ဆက်လက် ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ များထံမှ သိရသည်။

အဆိုပါ စီမံ ကိန်းကို အကောင် အထည် ဖော်ရန် ၂၀၁၃ ခုနှစ် မေလက သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပြီး ဂျပန် အစိုးရ၏ ODA ချေးငွေမှ အကူ အညီဖြင့် JICA (ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က တာဝန်ယူ စီမံ ခန့်ခွဲ၍ တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ယခုစီမံ ကိန်းကို (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူး တို့တွင် အင်တာနက် သုံးစွဲမှု အဆင်ပြေ စေရေး အတွက် ရည်ရွယ်၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။ မြန်မာ နိုင်ငံတွင် ကျင်းပ နေသော အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ နီးချိန် များတွင် အင်တာနက် မြန်လာ မည်ဟု ဆိုသော်လည်း ပိုမို နှေးကွေး လာသဖြင့် ဝေဖန်မှု များ ရှိနေ သည်။

“SEA Games နားနီးရင် အင်တာနက် မြန်မယ်သာ ပြောတာ။ ဒီရက် ပိုင်းမှာ အင်တာနက်က ပိုစုတ်ချာ လာတယ်။ ဒီအ တိုင်းဆို မလွယ်ဘူး” ဟု Web Programmer တစ်ဦး ဖြစ်သူ ဦး စိုးမိုးက ဆိုသည်။ အဆိုပါ စီမံကိန်းတွင် ရန်ကုန်-မန္တလေး-နေပြည်တော် 30 Gb အမြန် နှုန်းမြင့် အင်တာ နက်လိုင်း တည်ဆောက်ခြင်း၊ အဆိုပါ မြို့များတွင် 4G LTE ကွန်ရက်နှင့် 10 Gb မိုဘိုင်းလ် အင်တာနက် စနစ် တည်ဆောက်ခြင်း၊ LTE Station ၅၀ ကို မြို့ကြီး သုံးမြို့တွင် တည်ဆောက် ခြင်းတို့ ပါဝင်ကြောင်း ဂျပန် ကုမ္ပဏီ များက ကြေညာခဲ့ သည်။

အဆိုပါ စီမံ ကိန်းကြောင့် အင်တာနက် အသုံး ပြုသူ တစ်သန်း၊ တယ်လီ ဖုန်းလိုင်း ၁ ဒသမ ၅ သန်းနှင့် LTE စနစ် သုံးစွဲသူ ၄၀,၀၀၀ ထပ်မံတိုး ချဲ့နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနထံမှ သိရသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here