Thursday, December 26, 2013

ထိုင်းသွားမည့် အလုပ်သမား ၆ဝဝဝ မြဝတီတွင် သောင်တင်နေ

0 comments
26.12.2013

နယ်စပ်ထွက်ပေါက်တစ်ခု ဖြစ် သော မြဝတီမြို့တွင် ထိုင်းသို့သွား မည့် မြန်မာအလုပ်သမား ၆ဝဝဝ သောင် တင် နေကြောင်း မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှား မှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောသည်။

အဆိုပါ အလုပ်သမားများသည် တရားဝင် အေဂျင်စီများနှင့် ဆက်သွယ် သွားရောက်ခြင်းဖြစ်ပြီး ထိုင်းဘက်မှ အေဂျင်စီများ၏ အလုပ်ခေါ် ယူမှုကို စောင့် ဆိုင်းနေခြ င်းဖြစ်ကြောင်း ၄င်းက ဒီဇင်ဘာ တတိယ အပတ်တွင် ပြော သည်။

”ထိုင်းနိုင်ငံဘက်မှာရှိတဲ့ အေဂျင် စီတွေက တရားဝင်ခေါ်ပြီး စက်ရုံ၊ သားငါး၊ ဆောက်လုပ်ရေး၊ အိမ်ဖော်အ လုပ်တွေ ခေါ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ခြောက်လကနေ တစ်နှစ်အထိ စောင့်ရတယ်”ဟု ဦးမိုးကြိုး က ပြော သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင် ရောက်သည့် ဂိတ် ၃၂ ဂိတ်ရှိပြီး လူဖြတ် သန်းသည့် ဂိတ် ၁၉ ဂိတ်ရှိကြောင်း၊ အဆိုပါဂိတ်များတွင် မြဝတီ-မဲဆောက် ဂိတ်သည် အလုပ်သမားအင်နှင့်အားနှင့် အဝင် ဆုံးဖြစ်ပြီး တရားမဝင် လူကုန်ကူး မှု၊ ကလေးကူးသန်းရောင်းဝယ်မှု အများ ဆုံးဖြစ်ကြောင်း သိရသည်။

”မဲဆောက်ကနေမှ ထိုင်းတစ်နိုင်ငံ လုံးကို ပြန်ခွဲတာကိုး၊ မဲဆောက်က ဆုံ ချက်ဖြစ်နေတယ်”ဟု ၄င်းက ပြောကြား သည်။

ရွှေ့ပြောင်းလုပ်သားအရေး ဆောင် ရွက်နေသောအဖွဲ့အစည်းတစ်ခုဖြစ် သည့် ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန် ရက် (MWRN) သည် လည်း မြန်မာ အလုပ် သမားများ အများဆုံး သွား ရောက် သည့် မြဝတီ-မဲဆောက်နယ်စပ် သို့ ခုနစ်ရက်ကြာ သွားရောက်ကာ အချက်အလက် စုဆောင်းခြင်း ၊ လေ့လာ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”အလုပ်သမားတွေသွားတဲ့ စနစ် က ဘယ်လိုဖြစ်နေလဲ။ မြန်မာ အလုပ် သမားတွေ ရဲ့ ရွှေ့ပြောင်းသွားလာမှုက ဘယ်လို ဖြစ်နေလဲဆိုတာ လေ့လာခဲ့ တာ။ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာ NGO တွေ စုပေါင်းပြီး ဆွေးနွေး ညှိနှိုင်းပါမယ်”ဟုMWRN မှ ဒါရိုက် တာ ဦးစိန်ဌေး က ပြောသည်။

ယခင်နှစ်ကလည်း မြဝတီတွင် ယခုကဲ့သို့ ရွှေ့ပြောင်းလုပ်သားများ စွာ စောင့်ဆိုင်းနေရမှု များ ဖြစ်ပွား ခဲ့ပြီး အေ ဂျင်စီများအနေနှင့် တစ်ဖက်မှ အလုပ် ခေါ်စာ မရသေးဘဲ အလုပ်သမား စု ဆောင်းခြင်း မပြုလုပ်ရန် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက သတိပေးခဲ့ သည်။

မဲဆောက်တွင် မြန်မာလူမျိုး နှစ် သိန်းခန့်ရှိပြီး ထိုင်းနိုင်ငံသား တစ်သိန်း ပင် မရှိကြောင်း မြန်မာ အလုပ်သမား အများစုသည် စက်ရုံများတွင် လုပ်ကိုင် ကြပြီး မြန်မာစက်ရုံ လုပ်သား အရေ အတွက် ၈ဝဝဝဝ ရှိကြောင်း JACBA မှ သိရသည်။

မေဇင်ဝင်း
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here