Thursday, December 26, 2013

ထိုင်းနိုင်ငံတွင် မြန်မာပန်းချီဆရာနှစ်ဦး ပန်းချီကားများစုဆောင်းခွင့်ရရှိ

0 comments
26.12.2013

အမေရိကန်နိုင်ငံရှိ ထိုင်းအနုပညာ ကောင်စီနှင့် Krabi မြို့တော်ဝန်တို့ ပူးပေါင်းတင်ဆက်ထားသည့် Krabi International Art Workshop For Andaman Museum အမည်ရှိ ပန်းချီပြပွဲကို ၂၀၁၄ ဖေဖော် ၀ါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း Krabi ပင်လယ်ကမ်းခြေအနီးရှိ Andaman Museum ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပန်းချီမွန်သက် ကမဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ အဲဒီမှာပဲ ပန်းချီကား ကိုဆွဲမယ်။ ပန်းချီကား ဘယ်နှကားဆွဲရ မယ်ဆိုတာ ကျွန်တော်တို့ မသိသေးဘူး။သူတို့က မနှစ်ကတော့ တခြားနိုင်ငံကပန်းချီ ဆရာတွေကို ဖိတ်ခေါ်ပြီး ပြပွဲလုပ်တယ်။ ပွဲပြီးတာနဲ့ သူတို့ရဲ့ပန်းချီကားတွေကို အဲဒီ ပြတိုက်မှာပဲ စုဆောင်းထားလိုက်တာပါ။ ဒီနှစ်မှ ကျွန်တော် တို့ မြန်မာနိုင်ငံပါတာပါ။ ကျွန်တော်တို့ရဲ့ပန်းချီကားတွေကို အဲဒီမှာ ပြသမယ်” ဟု ပန်းချီမွန်သက်ကပြော သည်။

ယင်းပြပွဲတွင် မြန်မာနိုင်ငံက ပန်းချီ ဆရာမွန်သက်နှင့် ဗိသာနိုးဦးတင်ဝင်းတို့ ဖိတ်ကြားခံရပြီး ယင်းပန်းချီ ဆရာများ၏ ပန်းချီကားများကို Andaman Museum က စုဆောင်းသိမ်းဆည်းကာ ပန်းချီ၊ ပန်းပုနှင့် Installation အနုပညာအပြင် တခြားသော အနုပညာများကိုလည်း ပြသမည်ဖြစ်သည်။

အဆိုပါပန်းချီပြပွဲကျင်းပရခြင်းသည် ထိုင်းအနုပညာကောင်စီတွင် ပန်းချီနှင့်ပတ်သက်ပြီး ဖွံ့ဖြိုး တိုးတက် စေသည့် ရည်ရွယ်ချက်ဖြင့် ပန်းချီပြပွဲပြုလုပ်ရခြင်းဖြစ်သည်။

Andaman Museum တွင် အမေရိကန်အနုပညာရှင် ၁၉ ဦး၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မြန်မာနိုင်ငံအပြင် တခြားသော နိုင်ငံများကလည်း လာရောက်ပြသကြမည် ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here