Thursday, December 26, 2013

လူကုန်ကူးခံရသူ အမျိုးသမီးများ ပြန်လည်ထူထောင်ရေးစခန်းဖွင့်

0 comments
26.12.2013

လူကုန်ကူးခံရသူ အမျိုးသမီးများအတွက် ပြန်လည်ထူထောင်ရေးစခန်း “သဲလို မေတ္တာရိပ်မြုံ” ကို လူမှုဝန် ထမ်းဦးစီးဌာနှင့် ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်တို့ ပူးပေါင်းကာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ၀ါးနက် ချောင်း စံပြကျေးရွာ၌ ဒီဇင်ဘာလ ၂၄ ရက်တွင် ဖွင့်လှစ်သည်။

ပြန်လည်ထူထောင်ရေးစခန်းကို လူကုန်ကူးခံရသူအမျိုးသမီးများ လူမှုအသိုင်းအ၀ိုင်းတွင် ဂုဏ်သိက္ခာ ရှိစွာ ပြန်လည် ၀င်ဆံ့ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ထားပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ အသက် ၁၃ နှစ်မှ ၄၀ နှစ်အတွင်းရှိ လူကုန်ကူးခံရသူ အမျိုးသမီးများကို အဓိကထားကာ သုံးလမှ ခြောက်လအထိ လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင် ရာထောက်ပံ့မှုပေးခြင်း၊ မိသားစုအသိုင်းအ၀ိုင်းနှင့် ပြန်လည်ပေါင်းစည်းပေးခြင်း (သို့မဟုတ်) သီးသန့် ရပ် တည်နိုင်ရန်အတွက် ထောက်ပံ့ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒု-ရဲမှူး ဦးမင်းနိုင်က ပြောသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here