Wednesday, March 20, 2013

အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

0 comments
မတ်(၂၀)


အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်
ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့်ထည့်ရပါတယ်။
ဒါကြောင့်ပဲတီစိမ်းအဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည်လာစေ
ပြီး အရက်ပိုမူးစေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်
တဲ့အပြင် အစာအိမ်နဲ့အူကင်ဆာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

 အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတစ်မျိုး ပေါ်ထွက်
တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ
ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာစေနိုင်ပါတယ်။

Copy from http://myanmar.cri.cn/666/2013/03/20/1s24611.htm
Read more...

အစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ဟုဆို

0 comments
မတ်(၂၀)

 
 လားရှိုးမြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ / နန်းဆိုင်နွမ်)

မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှု မတည်ဆောက်နိုင်လျှင် အချိန်မရွေး ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင် ဦးခွန်ထွန်းဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားအများစု လိုချင်နေကြသည့် ငြိမ်းချမ်းရေး ရရှိသော်လည်း၊ တဦးကိုတဦး ယုံကြည်မှု မတည်ဆောက်နိုင်ကြ သေးကြောင်း၊ အစိုးရကို မယုံကြည်နိုင်သေးသည့်အတွက် စစ်များတိုက်နေ ကြသေးကြောင်း၊ တိုင်းရင်းသားများနှင့် မြန်မာအစိုးရအကြား ယုံကြည်မှုရရှိလာစေရန် ထပ်မံကြိုးစားပြီး ကျန်ရှိနေသေးသည့် တိုင်းရင်းသား များကိုလည်း ပါဝင်လာနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။
“အခုဆိုရင် သမ္မတကြီးက ပြောတာတမျိုး၊ စစ်တပ်ဘက်က ပြောတာတမျိုးဖြစ်တဲ့အတွက် စစ်ကတော့တိုက်တုန်းပဲ။ ဒီပွဲကြောင့် ဘယ်လောက်အကျိုး ရရှိလာမယ်ဆိုတာကိုတော့ မမျှော်လင့်နိုင်သေးဘူး။ ယုံကြည်မှု တည်ဆောက်ရင်တော့ ကြာမှာပဲ” ဟု ဦးခွန်ထွန်းဦးက ဆက်ပြောသည်။
ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနားတွင် နိုင်ငံရေးအရ ရပ်တည်ချက် အမျိုးမျိုး ရှိကြကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးသည် မိမိ သဘောထားအမြင်များကို ဖလှယ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် တက်ရောက်လာကြသည်ကို ကြည့်ပါက လူ့အဖွဲ့အစည်းတွင်း ပဋိပက္ခများနှင့် သဘောထား မတူညီမှုများကို ငြိမ်းချမ်းစွာ အဖြေရှာကြနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ယင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
“မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ခံစားလာခဲ့ရသည့် ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အတွက် ကြိုးပမ်နေတဲ့ လုပ်ငန်းစဉ်မှာ ဒီနေ့ ဆွေးနွေးပွဲကနေ အတိုင်းအတာ တခုအထိ အကျိုးပြု၊ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံရေး ပါတီများကိုယ်စား စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့မှ အဖွဲ့ဝင် ကိုယ်စားပြု ဦးအေးသာအောင်က ဆိုသည်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သာမက တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီအားလုံး ပါဝင်လာပြီး ယခုထက် ကျယ်ပြန့်သည့် ဆွေးနွေးပွဲမျိုး ဖြစ်ပေါ်လာရန်လိုအပ်ကြောင်း၊ ထို့အပြင် လွှတ်တော် အစိုးရပါဝင်သည့် ဆွေးနွေးပွဲကိုလည်း အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးအေးသာအောင်က ဆွေးနွေးပွဲတွင် ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် ဥပဒေများစွာရှိနေကြောင်း၊ စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း
ဦးခွန်းထွန်းဦးက ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲမလား ဆိုတာ ပြည်သူလူထု တရပ်လုံးရဲ့ သဘောတူ ထောက်ခံမှုနဲ့ ဆောင်ရွက်ရမှာပါ။ ပြင်ဆင်မလား၊ အသစ်ပြန်ဆွဲမလား ပြင်ဆင်စရာတွေက များလွန်းတော့ စာအုပ်အဖုံးက စပြီး ပြင်ရမှာပါ” ဟု ၎င်းက ပြောသည်။
ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ယခု ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆွေးနွေးပွဲကို လေ့လာသူ အနေဖြင့်  ၁၈ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်း၊ ပျက်ကွက်အနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဗဟို အဖွဲ့ချုပ်နှင့် “၀”
ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုအတွင်းရှိ တခြားတိုင်းရင်းသား နိုင်ငံရေး အင်အားစုများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ များက ဆိုကြသည်။
သမ္မတ ဦးသိန်းစိန်က ဦးခွန်ထွန်းဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းခေါ်ယူ တွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး
ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦး အနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီ




Read more...

ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

0 comments
မတ်(၂၀)

Photo: ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ 

ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။ 
--
Ref: japantoday
ရိုးရာလေး 
ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။ 


ရိုးရာလေး
Read more...

ဒေသခံကားသမားအား တံတားစောင့် စစ်ဗိုလ်ရိုက်နှက်တာ အဖြစ်မှန်က ဒီလိုပါ

0 comments


မတ်လ(၂၀)

ကျွန်တော်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်ထဲမှာရှိတဲ့ မတ်လမ်းရွာမှာနေထိုင်တဲ့ ရွာသားတစ်ဦး ဖြစ် ပြီး တောင်ယာလုပ်ပါတယ်။ ဒီနေ့ မနက်က လဲချားမြို့ထဲ ဈေးဝယ်သွားအခိုက် တံတားမှာကားသမား တစ်ဦး ကို တပ်က ဗိုလ်ကြီးက ရိုက်တဲ့အကြောင်းရေးတဲ့သတင်း အင်တာနက် မှာပါလို့ တစ်မြို့လုံး နေရာအနှံ့ ပြောဆိုသံတွေကြားခဲ့ရတယ်။ ကျွန်တော်က အဖြစ်အပျက်အမှန်ကို သိထားတာမို့ အင်တာနက်သတင်းဟာ မဟုတ်မမှန် ရေးထားတဲ့အကြောင်း ပြောလိုက်ချင်တာဗျာ။ ဒါပေမဲ့ အရိုက်ခံရတာကလည်း ကိုယ့်ရှမ်းလူမျိုး၊ မြို့ထဲမှာလည်း ဆေးရုံရောက်နေတဲ့ ကားသမားကို ၀ိုင်းသနားပြီး တံတားစောင့် ဗိုလ်ကြီးကိုပဲ အပြစ်ပြောနေ ကြတော့ ကျွန်တော်လည်း ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ပြန်လာခဲ့ပါတယ်။
Read more...

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ပထမနေ့

0 comments
မတ်(၂၀)

Trust Building For Peace Shan State and Kayah State (ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်) ကို လားရှိုးမြို့ လားရှိုး
မိုတယ်မှာ ၃ရက်ကျင်းပမှာဖြစ်ပြီး ပထမရက်အနေနဲ့ ဒီနေ့ (မတ် ၂၀)မနက် ၉နာရီကစတင
ပါတယ်။

DNDP , INDP , KDUP , KNG , KNLP , KNPD , KNPLF , KNSO , LNDP , NDAA , RCSS/SSA , SNDP , SSKDP , SSNPLO , SSPP/SSA , TNP , UWSP/UWSA , WNUP , PNO အဖွဲ့တို့မှ တက်ရောက်ကြပါတယ်။

DVB TV News
Read more...

အရှေ့ရိုးမဂျာနယ် အယ်ဒီတာနှင့် သတင်းထောက်များ အပြောင်းအလဲဖြစ်

0 comments


မတ်(၂၀)
 
တောင်ကြီးမြို့ အခြေစိုက် အရှေ့ရိုးမဂျာနယ်သည် ယခုအခါ တောင်ကြီးမြို့သတင်းများ ပါဝင်နေ မှုကြောင့် တောင်ကြီးမြို့အပါအ၀င် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နာမည်ရလာပြီး ပြည်သူကြား ရေ ပန်းစားနေသော ဂျာနယ်တစ်စောင်အဖြစ်ရပ်တည် နေလျှက်ရှိပါတယ်။

ယခုအပတ်ထုတ် အရှေ့ရိုးမဂျာနယ် ၂၀၁၃ ခုနှစ် ၊ မတ်လ ၂၀ ရက်နေ့ထုတ် အတွဲ(၁) အမှတ် (၁၉) နောက်ဆုံးစာမျက်နှာတွင် အရှေ့ရိုးမဂျာနယ်နှင့် လုံးဝမသက်ဆိုင်ပါ ဟူသော ခေါင်း စဉ်ဖြင့် “အရှေ့ရိုးမဂျာနယ်၏ အယ်ဒီတာအဖွဲ့ဝင်များ ၊ ရုံးအဖွဲ့ဝင်များစာရင်းတွင် လုံးဝမပါဝင်သော သူများမှ အရှေ့ရိုးမဂျာနယ်အမည် အလွဲသုံးစား မပြုလုပ်ကြရန် ပြုလုပ်နေသူများရှိပါက အရှေ့ရိုးမဂျာနယ်နှင့် မည်သို့မျှ မသက်ဆိုင်ပါကြောင်း” ဆိုပြီး တာဝန်ခံအယ်ဒီတာ က ထည့်သွင်းထားပြီးတော့ ဂျာနယ်ရဲ့ အယ်ဒီတာနေရာမှာ ယခင်က အမှုဆောင်အယ်ဒီတာ မိုးသိမ်း ၊ အယ်ဒီတာ ဆက်နိုင် ဆိုပြီး ပါရှိရာကနေ ယခုအခါ အယ်ဒီတာ အေးသီရိဟန် ၊ ရှင်မင်း ၊ ဘာသာပြန်အယ်ဒီတာ ဇာဏီထွဏ်း ဆိုပြီး အပြောင်းအလဲတွေ တွေ့မြင်ရသလို သတင်းထောက်များအဖြစ် မာယာထွေးလှိုင် ၊ စိုင်းညီ ၊ မမ (လားရှိုး) ၊ TLM ၊ ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ၊ ခွန်ရာဇာ တို့သာ ပါဝင်လာတာကို တွေ့မြင် ရပြီး ကျန်သတင်းထောက်များကို တွေ့မြင်ရခြင်း မရှိတော့ပေ ။

၎င်းကဲ့သို့ အရှေ့ရိုးမဂျာနယ်၏ အယ်ဒီတာနှင့် သတင်းထောက်များ အပြောင်းအလဲအသေးစိတ်ကို သိရှိရခြင်း မရှိသော်လည်း အဆိုပါအပြောင်းအလဲကို တောင်ကြီးမြို့ခံ လူထုမှ အထူးစိတ်စားလျှက် ရှိနေကြောင်း သိရှိရပါတယ် ။ 

ဖိုးဇေ(တောင်ကြီး)
Read more...

ငြိမ်းချမ်းရေးလက်မှတ်ထိုးမယ့် ပအို့အဖွဲ့ကို နယ်စပ်မှာကြို

0 comments



အစိုးရနှင့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးမည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO မှ ဥက္ကဋ္ဌ  ခွန်ဥက္ကာ ဦးဆောင်သည့် ၁၀ ဦးပါအဖွဲ့ကို မြန်မာအာဏာပိုင်တို့က  ယနေ့နံနက် ၇ နာရီခွဲက မဲဆောက်-မြ၀တီမှတဆင့် ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားသည်။

ရန်ကုန်တွင် ရှိစဉ် ၎င်းအဖွဲ့သည် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့်  မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် လာမည့် သောကြာ၊ စနေနေ့တို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

“အရင်နှစ်သြဂုတ်လက ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူ လက်မှတ်ထိုးခဲ့တယ်။ အခုခရီးစဉ်က ပြည်ထောင်စုအဆင့်ဖြစ်တယ်။ ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးဖို့ ရှိတယ်” ဟု PNLO  ဥက္ကဋ္ဌ ခွန်က္ကာက ပြောသည်။

 နိုင်ငံရေးဆိုင်ရာဆွေး နွေးမှုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်မည်ဟုလည်း ခွန်ဥက္ကာက ဖြည့်စွက်ပြောကြားသည်။


ယနေ့နံနက်ကမဲဆောက်မှ ထွက်ခွာသွားသည့် PNLO ဥက္ကဌနှင့်အဖွဲ့ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
PNLO ကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းနယ်စပ်မှ ထွက်ခွာသွားသည့် ဥက္ကဌ ခေါင်းဆောင်သည့် ၁၀ ဦး၊ တောင်ကြီး မြို့သို့ရောက်ရှိနေသည့် အထွေထွေအတွင်းရေးမှူး ခွန်မြင့်ထွန်း ခေါင်းဆောင်သည့် ၅ ဦး စုစုပေါင်း ၁၅ ဦးဖြစ်သည်ဟု သိရသည်။

PNLO က လာမည့် အင်္ဂါနေ့တွင်ကျရောက်သည့် ပအိုဝ့်အမျိုးသားနေ့ကို ပအို့ဝ် တိုင်းရင်းသားတို့ နေထိုင်သည့် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ဒေသခံများနှင့်အတူ ကျင်းပမည်ဖြစ်သည်။

ဧရာဝတီ
Read more...

လိုင်းကားပေါ် မီးဖွားတဲ့ ထိုင်းနိုင်ငံရောက်မြန်မာမိန်းကလေး

0 comments
မတ်(၂၀)

ထိုင်းနိုင်ငံရောက် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦး မနေ့က ခရီးသွားရင်း လိုင်းကားပေါ်မှာ ကလေးမွေးဖွားခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

မနေ့က ညနေပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်း စတူးမြို့နယ်ကနေ ဘန်ကောက်ကို သွားတဲ့လမ်းမှာပါ တဲ့။
ကိုယ်ဝန်ဆောင် ဗိုက်နာတော့ လိုင်းကား လမ်းဘေးရပ်၊ ဖုန်းဆက်ခေါ်ထားတဲ့ အရေးပေါ်ဌာန၀န်ထမ်းတွေ မကြာခင် ရောက်လာပြီး မွေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မွေးလာတဲ့ သမီးကလေးရော၊
အသက် ၂၅ နှစ်အရွယ် မိခင်ပါ ကျန်းမာကြတယ်၊ ဆေးရုံတခုမှာ ရှိနေတယ် လို့ သတင်းတွေက ဆိုပါတယ်။ကလေးဖခင်ဖြစ်သူက အသက် ၂၆ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပါတယ်။

“အမျိုးတွေ ရှိတဲ့ ဖိစနို့လိုမြို့မှာ ပြန်မွေးဖို့ သွားတာ မထင်မှတ်ဘဲ ကြိုမွေးသွားတယ်၊
 သမီးလေးလည်း ဖြစ်တယ်၊ နောက် ... ကျန်းမာတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်” လို့ ပြောပါတယ်။


 
ဧရာဝတီ
Read more...

မူးယစ်ဆေးပြဿနာကို ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ပလောင်လူငယ်များပြော

0 comments
မတ်(၂၀)
ပလောင် (တအာင်း) လူငယ်တွေအကြား မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်လာမယ့် ၁၅ နှစ်လောက်အတွင်း မျိုးတုံးသွားနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတဲ့အတွက် ဒေသတွင်းမှာ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ပလောင်လူငယ်တွေက ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ အောင်မင်္ဂလာဓမ္မာရုံမှာ မတ် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာပလောင်(တအာင်း)လူငယ်မောင်မယ်များနှီးနှောဖလှယ်ပွဲမှာ ပြောကြား
လိုက်တာပါ။
ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲကို ဦးဆောင်သူတဦးက “ကျနော်တို့ ပလောင်လူငယ်တွေ ဘယ်အဆင့်ထိ ဖြစ်နေပြီလဲ။ ပလောင်ဟာ လူမျိုးစုအသေးလေးဖြစ်တဲ့အတွက် ပလောင်လူမျိုးတွေ ဘယ်အဆင့်ထိ ရောက်နေလဲဆိုတာ လူငယ်တွေကို သိစေချင်တယ်။ သိပြီးမှ ရှေ့ဆက်လုပ်ရမယ့်ဟာတွေ သူတို့ မြင်လာမယ်။ နောက် ၁၅ နှစ်လောက်ဆိုရင် ကျနော်တို့ ပလောင်တွေ မျိုးတုံးသွားနိုင်တဲ့ အခြေအနေမျိုး၊ ဒါတွေကို လူငယ်တွေ သိသွားအောင် အခုလို လုပ်ရတာဖြစ်တယ်။”
ဒီပွဲကိုလုပ်ခြင်းအားဖြင့် ပလောင်လူငယ်တွေအချင်းချင်း ရင်းနှီးမှုတိုးတက်လာပြီး နောက်ပိုင်း ဒေသဖွံ့ဖြိုးရေး ပိုမိုလုပ်ဆောင်နိုင်တော့မယ်လို့ အခမ်းအနားတက်ရောက်တဲ့ လူငယ်တဦးက ပြောပါတယ်။
“လူငယ်တွေ တွေ့ဆုံနိုင်ဖို့ဆိုတာ အတော်ခဲယဉ်းတယ်။ တောင်ပိုင်း၊ မြောက်ပိုင်း တနေရာစီ နေကြတယ်။ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးဘက်မှာ နေတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေအချင်းချင်း သိကြမယ်၊ ချစ်ခင်ကြမယ်။ နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးတွေ၊ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေ လုပ်လာတဲ့အခါမှာ ဒီလူငယ်တွေက အချင်းချင်းပူးပေါင်းလက်တွဲပြီး လုပ်ဆောင်လာနိုင်မယ်။”
ဒါ့အပြင် မြန်မာပြည်အနှံ့ ရောက်ရှိနေတဲ့ တအာင်းလူငယ်မောင်မယ်တွေအနေနဲ့ ဘာသာစကား မပျောက်ကွယ်ဖို့နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စတွေကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့ကြ ပါတယ်။
ဆွေးနွေးပွဲကို ကလော၊ တောင်ကြီး၊ နမ့်ဆမ်၊ နမ့်ခမ်း၊ လားရှိုး၊ လွိုင်လင်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ပြင်ဦးလွင်၊ မန္တလေးနဲ့ ရန်ကုန်ဒေသတို့ကတအာင်း(ပလောင်)လူငယ်တွေတက်ရောက်ခဲ့ကြပါတယ်။
လာမယ့်နှစ်တွေမှာလည်းတအာင်း(ပလောင်)လူငယ်နှီးနှောဖလှယ်ပွဲတွေကို ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
DVB

Read more...

ဘဏ် ချေးငွေ အတိုးနှုန်း လျှော့ချနိုင်မလား

0 comments
မတ်(၂၀)
ပုဂ္ဂလိက ဘဏ်တခု၏ လုပ်ငန်းခွင် (ဓာတ်ပုံ – Reuters )
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF(International Monetary Fund) ၏ အကြံပေးချက်အရ ဘဏ်ချေးငွေ အတိုးနှုန်းများကို လျှော့ချသွားရန် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ညိနှိုင်း ဆွေးနွေးလျက်ရှိသော်လည်း ယခုထိ မဆုံးဖြတ်နိုင်ဖြစ်နေရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဖွဲ့စည်းပေးထားသော အတိုးနှုန်းညှိနှိုင်းရေး ကော်မတီ၏ နောက်ဆုံး အစည်းအဝေးကို မတ်လ ၁၅ ရက်နေ့တွင် စီစဉ်ထားခဲ့သော်လည်း ဗဟိုဘဏ်မှ ရှေ့ဆက် ဆောင်ရွက်ရန် အဆင်သင့် မဖြစ်သေး၍ အစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း ဘဏ်လုပ်ငန်းရှင် များထံမှ သိရသည်။
အဆိုပါ အစည်းအဝေးမှာ ဘဏ်လုပ်ငန်း ကဏ္ဍတွင် လုပ်ငန်းသစ်များ၊ ပေါ်လစီသစ်များ မချမှတ်မီ အကြိုဆွေးနွေးညိနှိုင်းသည့် ကော်မတီ၏ အစည်းအဝေး ဖြစ်ပြီး လက်တွေ့ကျင့်သုံးမည့် မူဝါဒကို အပြန်ပြန် အလှန်လှန် ဆွေးနွေးလေ့ရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၉၈-၉၉ ခု ဘဏ္ဍာနှစ်တွင် ချေးငွေမှ ကောက်သည့် အတိုးမှာ တနှစ်လျှင်၂၁ ရာခိုင်နှုန်း၊ ၁၉၉၉-၂၀၀၀ တွင် ၁၇ ရာခိုင်နှုန်း၊၂၀၀၀-၀၁ တွင် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ၂၉ ရက် မတ်လ ၂၀၀၀ ခု ရက်စွဲပါ ညွှန်ကြားလွှာ အမှတ် ၅/၂၀၀၀ အရ စက်မှုံဇုံချေးငွေနှင့် စီမံကိန်းဝင် စိုက်ပျိုးရေး ချေးငွေများကို ၁ ရက် ဧပြီလ ၂၀၀၀ ခု မှစ၍ တနှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ကောက်ခံနေကြောင်း သိရသည်။
ယခုအခါ လက်ရှိ ကောက်ခံနေသည့် ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအောက် ကောက်ခံရန် တိုင်ပင်နေခြင်းဖြစ်ကြောင်း သိရသည်။ ဘဏ်များတွင် ယခုအခါ အပ်ငွေအပေါ် အတိုး ၈ ရာခိုင်နှုန်း၊  ချေးငွေ အတိုး ၁၃ ရာခိုင်နှုန်း ကောက်ခံသောကြောင့် အာဆီယံဒေသတွင်းတွင် အတိုးနှုန်း အများဆုံး ဖြစ်လျက်ရှိသည်။ ထို့ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရန် အတိုးနှုန်းကို လျှော့ရမည်ဟု IMF(International Monetary Fund) က ထောက်ပြထားသည်။
ဘဏ် ချေးငွေ တိုးနှုန်း လျော့ချပါက ချေးယူသူများပြားလာပြီး ဘဏ်၏ ငွေကြေးလည်ပတ်မှု ထိခိုက်နိုင်ပြီး ဘဏ်အများစုမှာလည်း ဘဏ်ကြီးထွားလာရေးအတွက် ရရှိသောအကျိုးအမြတ်ကို ဘဏ်ထဲသို့သာ ပြန်လည်ထည့်ဝင်နေရဆဲ ဖြစ်သောကြောင့် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေရနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
လက်ရှိ ငွေကြေးလဲလှယ်မှု ဒေါ်လာဈေးမှာ ၈၀၀ ကျော်ရှိပြီး ယခင်ဖေဖော်ဝါရီလထက် အနည်းငယ် မြင့်တက်လျက်ရှိရာ အကယ်၍ ဘဏ်ချေးငွေ အတိုးလျော့ချပါက ဘဏ်တွင် ငွေအပ်သူရှားပါးလာနိုင်ပြီး ချေးယူသူသာ များပြားလာကာ အခက်အခဲ ဖြစ်လာနိုင်သော်လည်း ငွေကြေး ဖောင်းပွမှု ၆ ရာခိုင်နှုန်းသာ ရှိသောကြောင့် စိုးရိမ်စရာ ကြီးကြီးမားမား မရှိနိုင်ကြောင်း၊ လက်ရှိတွင် အပ်ငွေပမာဏများသည့်အတွက် ပုဂ္ဂလိကဘဏ်များမှာ အစိုးရငွေတိုက် စာချုပ်များ ၀ယ်ယူနေရလျက်ရှိရာ အစိုးရမှပေးသော အတိုးနှုန်းမှာ နည်းသောကြောင့် အခက်အခဲဖြစ်နေရကြောင်းလည်း စီးပွားရေးလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ လေ့လာသူ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။
ဗဟိုဘဏ် တရားဝင် ထုတ်ပြန်သည့်စာရင်းဇယားအရ လက်ရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံငွေ ကျပ် ၆ ထရီလီယံ ရှိပြီး ၊အစိုးရဘဏ်များတွင် အပ်ငွေ ၃ ထရီလီယံ ရှိသည်။ ချေးငွေ အတိုင်းအတာအရ ပုဂ္ဂလိက ဘဏ်များတွင် ၃.၁ ထရီလီယံရှိပြီး နိုင်ငံပိုင် ဘဏ်များတွင် ၁.၃ ထရီလီ ယံရှိကြောင်း သိရသည်။
အမေရိကန်နှင့် ဗြိတိသျှတို့၏ ဂဏန်းသချာင်္အရေအတွက်အရ ၁ ထရီလီယံသည် ဘီလီယံ တစ်ထောင်နှင့် ညီမျှပြီး ဂဏန်းအနောက်တွင် သုည ၁၂ လုံးရှိသည်။
ဧရာဝတီ
Read more...

နိုင်ငံရေး၊ စီးပွားရေးကဏ္ဍအတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာရေး ဆွဲမှုကို မြန်မာက ကုလသမဂ္ဂ လက်အောက်ခံ ITC အဖွဲ့နှင့် စတင်လုပ်ဆောင်

0 comments
မတ် ၂၀
Photo: ရန်ကုန်၊ မတ် ၂၀

နိုင်ငံရေး၊ စီးပွားရေးကဏ္ဍအတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာရေး ဆွဲမှုကို မြန်မာက ကုလသမဂ္ဂလက်အောက်ခံ ITC အဖွဲ့နှင့် စတင်လုပ်ဆေင်နေပြီဟု သိရှိရသည်။ နိုင်ငံတော်သမ္မတနှင့် ယူအန်အကြီးအကဲတို့ တွေ့ဆုံပြီးနောက်ပိုင်း ယူအန်အနေဖြင့် နိုင်ငံ၏ စီးပွားရေး ပေါ်လစီကို ပြုပြင်ပြောင်းလဲရန် အကူအညီပေးမည်ဟု ကတိရှိခဲ့ရာ ယခုရေးဆွဲမှုမှာ ယူအန်၏ပံ့ပိုးမှု ဖြစ်သည်ဟု စီးပွားကူးသန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွယ်က ပြောသည်။

“တစ်ခါမှတော့ အလေ့အကျင့်မရှိခဲ့ဘူး။ တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာသာ ဒီလိုမျိုး မဟာဗျူဟာကျကျ ရေးဆွဲမှုတွေတော့ ရှိတယ်။ ဒီတော့ ကျွန်တော်တို့လည်း ဆောင်ရွက်ဖို့လိုပြီ”ဟု ၄င်းက ပြောသည်။ အဆိုပါမဟာဗျူဟာကို ရေးဆွဲရန်အတွက် ပြီးခဲ့သည့်လက နှစ်ကြိမ်ေ ဆွးနွေးပြီးဖြစ်ကြောင်း ၄င်းကဆိုကာ ဧပြီလတွင် ထပ်မံ၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟုလည်း မီဒီယာများကို ၄င်းက ပြောကြားသည်။ ၂၀၁၃ ခုနှစ် အတွင်းမဟာဗျူဟာရေးဆွဲရန် အချက်အလက်များ စုစည်းမည်ဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် စတင်ရေးဆွဲမည်ဟု သိရသည်။

PN-051
နိုင်ငံရေး၊ စီးပွားရေးကဏ္ဍအတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာရေး ဆွဲမှုကို မြန်မာက ကုလသမဂ္ဂလက်အောက်ခံ ITC အဖွဲ့နှင့် စတင်လုပ်ဆောင်နေပြီဟု သိရှိရသည်။ နိုင်ငံတော်သမ္မတနှင့် ယူအန်အကြီးအကဲတို့ တွေ့ဆုံပြီးနောက်ပိုင်း ယူအန်အနေဖြင့် နိုင်ငံ၏ စီးပွားရေး ပေါ်လစီကို ပြုပြင်ပြောင်းလဲရန် အကူအညီပေးမည်ဟု ကတိရှိခဲ့ရာ ယခုရေးဆွဲမှုမှာ ယူအန်၏ပံ့ပိုးမှု ဖြစ်သည်ဟု စီးပွားကူးသန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွယ်က ပြောသည်။

“တစ်ခါမှတော့ အလေ့အကျင့်မရှိခဲ့ဘူး။ တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာသာ ဒီလိုမျိုး မဟာဗျူဟာကျကျ ရေးဆွဲမှုတွေတော့ ရှိတယ်။ ဒီတော့ ကျွန်တော်တို့လည်း ဆောင်ရွက်ဖို့လိုပြီ”ဟု ၄င်းက ပြောသည်။ အဆိုပါမဟာဗျူဟာကို ရေးဆွဲရန်အတွက် ပြီးခဲ့သည့်လက နှစ်ကြိမ်ေ ဆွးနွေးပြီးဖြစ်ကြောင်း ၄င်းကဆိုကာ ဧပြီလတွင် ထပ်မံ၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟုလည်း မီဒီယာများကို ၄င်းက ပြောကြားသည်။ ၂၀၁၃ ခုနှစ် အတွင်းမဟာဗျူဟာရေးဆွဲရန် အချက်အလက်များ စုစည်းမည်ဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် စတင်ရေးဆွဲမည်ဟု သိရသည်။
Popular Myanmar News Journal
Read more...

ရှမ်းပြည်တပ်မတော်(RCSS/SSA)ရဲ့ ၀န်ခံသင့်တဲ့ လုပ်ရပ်များ

0 comments
မတ်(၂၀)



ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံးမှာ SSA အဖွဲ့က လွန်ခဲ့တဲ့(၂)နှစ်ကျော်လောက်က ဖမ်းဆီးသွားခဲ့တဲ့ ကုမ္ပဏီ ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီး မိသားစု ၀င်တွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read more...

တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ်အထက်များကို “အ” သုံးလုံးသင်ပေးမည်

0 comments


မတ်(၂၀)
Photo: တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ်
အထက်များကို “အ” သုံးလုံးသင်ပေးမည်

ကလေး၊ မတ်၂၀။

ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက 
ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည်
နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် “အ”သုံးလုံး 
သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ်
မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။

ဗမာစာသည် ရုံးသုံးစာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်း
သားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန် 
ရည်ရွယ်ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ 
သင်ကြားပေးခြင်း ဖြစ်သည်ဟုကလေးတက္ကသိုလ်မှ
ဆရာသိန်း(ရုက္ခဗေဒ)က ပြောပြခဲ့ပါသည်။

" ကျွန်မကတော့ တီးတိန်ကိုလိုက်ဖို့ ဆန္ဒပြုထားပါတယ်။ အဲဒီလို တောင်တန်း ဒေသတွေမှာ တိုင်းရင်းသားတွေကို
အသုံးလုံးသင်ပေးဖို့ စိတ်ဝင်စားတယ်။ အတွေ့အကြုံလည်း 
ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေကို သင်ပေးရမယ်လို့
သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့် ဆရာတွေ 
အတွက် စားစရိတ်တွေကို ပညာရေးက တာဝန်ယူပေးတယ်
လို့ ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေက ဗမာစကားကို 
နားမလည်တော့ သင်ပေးဖို့အခက်အခဲတွေတော့ ရှိနိုင်ပါတယ်။ 
ဒါပေမယ့် ဆရာတွေကလည်း ကျွန်မတို့ကို သင်ကြားနည်း 
ပုံစံတွေ သင်ပြထားတယ်။ ကိုယ်ကလည်း စေတနာထားပြီး
ကြိုးစား သင်ပေးသွားမှာပါ။ ဥပမာ- သူတို့ထဲမှာ ၀ တဲ့သူ
ပါရင် သူ့ကို ထခိုင်းပြပြီး အဲဒါကို " ၀ "လို့ခေါ်တယ် ဆိုတာ
မျိုးသရုပ်ပြသင်ပေးရမှာပေါ့ " ဟု တီးတိန်မြို့သို့အသုံးလုံး သင်တန်းလိုက်သင် ပေးမည့် ရူပဗေဒကျောင်းသူ မစောသန္တာက
ပြောသည်။

ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အရောက်
(၄၈၀) သွားရောက် သင်ကြားပေးကြမည် ဖြစ်ပြီးသင်ပေးမည့်
တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေး
အဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်း
ပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်
ကြောင်း သိရသည်။

အဆိုပါ “အ” သုံးလုံး သင်ကြားပေးခြင်းသည် ၄၅ရက် ကြာမြင့်
မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့
တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
ဓာတ်ပုံ - villagethar2011blogspot.com
ကလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပညာရေး ၀န်ကြီးဌာန၏ အထူးစီမံချက်ဖြင့် ချင်းပြည်နယ်ရှိတီးတိန်မြို့နှင့် တမူးမြို့များတွင် “အ”သုံးလုံး သွားရောက် သင်ကြားပေးကြမည်ဟု ကလေးတက္ကသိုလ်မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရသည်။

ဗမာစာသည် ရုံးသုံးစာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်းသားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန်
ရည်ရွယ်ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ သင်ကြားပေးခြင်း ဖြစ်သည်ဟုကလေးတက္ကသိုလ်မှဆရာသိန်း(ရုက္ခဗေဒ)က ပြောပြခဲ့ပါသည်။

" ကျွန်မကတော့တီးတိန်ကိုလိုက်ဖို့ဆန္ဒပြုထားပါတယ်။အဲဒီလို တောင်တန်း ဒေသတွေမှာတိုင်းရင်းသားတွေ
ကိုအသုံးလုံးသင်ပေးဖို့ စိတ်ဝင်စားတယ်။ အတွေ့အကြုံလည်း ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေကို သင်ပေးရမယ်လို့သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့်ဆရာတွေအတွက်စားစရိတ်တွေကိုပညာရေးက တာဝန်ယူပေးတယ်လို့ ပြောပါတယ်။ချင်းတိုင်းရင်းသားတွေကဗမာစကားကိုနားမလည်တော့သင်ပေးဖို့အခက်
အခဲတွေတော့ရှိနိုင်ပါတယ်။ဒါပေမယ့်ဆရာတွေကလည်းကျွန်မတို့ကိုသင်ကြားနည်းပုံစံတွေသင်ပြထားတယ်။ 
ကိုယ်ကလည်း စေတနာထားပြီးကြိုးစား သင်ပေးသွားမှာပါ။ 
ဥပမာ- သူတို့ထဲမှာဝတဲ့သူပါရင်သူ့ကိုထခိုင်းပြပြီး  အဲဒါကို " ၀ "လို့ခေါ်တယ် ဆိုတာမျိုးသရုပ်ပြသင်ပေး
ရမှာပေါ့ "ဟုတီးတိန်မြို့သို့အသုံးလုံးသင်တန်းလိုက်သင် ပေးမည့်ရူပဗေဒကျောင်းသူမစောသန္တာကပြော
သည်။

ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူအရောက်(၄၈၀)သွားရောက်သင်ကြားပေးကြမည် ဖြစ်ပြီး
သင်ပေးမည့်တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေးအဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်းပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ “အ” သုံးလုံး သင်ကြားပေးခြင်းသည် ၄၅ရက် ကြာမြင့်မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
The Myanma Age
Read more...

စစ်မှန်တဲ့ အမျိုးသား တည်ဆောက်ဖို့အတွက် တန်းတူညီညွတ်မှုသည် အရေးကြီးကြောင်း ဦးခွန်ထွန်းဦးဆို

0 comments
မတ် ၂၀

Photo: စစ်မှန်တဲ့ အမျိုးသား တည်ဆောက်ဖို့အတွက် 
တန်းတူညီညွတ်မှုသည် အရေးကြီးကြောင်း 
ဦးခွန်ထွန်းဦးဆို

လားရှိုး၊ မတ် ၂၀။

ယနေ့ ပြုလုပ်သော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် 
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း 
ဆွေးနွေးပွဲတွင် စစ်မှန်သည့် အမျိုးသားရေး တည်ဆောက်
နိုင်ရန်အတွက် တန်းတူညီညွတ်မှုသည် အရေးကြီး 
ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဦးခွန်ထွန်းဦးက
ပြောကြားသည်။

“ပြည်ထောင်စု အချင်းချင်း တန်းတူ တည်ဆောက်မှသာ
လျှင် ဖက်ဒရယ်မူဟာ အရေးကြီးပါတယ်။ ယနေ့ တိုင်းရင်း သားတွေရဲ့ ပြသနာကို ဖြေရှင်းတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကို
ပြင်မယ်။ အသစ် လဲမယ်ဆိုရင် ပြည်သူ လူထုအပေါ်မှာပဲ 
အခြေခံပါတယ်” ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ ငြိမ်းချမ်းရေး ဖော်ဆောင်မှု 
ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက “ ယနေ့အချိန် ထိ 
ဆွေးနွေးပွဲတွေက မျှော်လင့်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ လိုတယ်”
ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့ ကိစ္စကလည်း ယုံကြည်မှုကို ပျတ်ပြားစေတယ်။ စစ်ထပ်ဖြစ်မှာကိုလည်း စိုးရိမ် မိပါတယ်။ စစ်သာဖြစ်နေမယ်ဆိုရင် ယုံကြည်မှုတွေ ပျတ်ပြားစေပြီး ငြိမ်း
ချမ်းရေးကို အထောက်အကူ မဖြစ်စေ ပါဘူး” ဟု နိုင်ငံရေး
ပါတီများကိုယ်စား UNA အဖွဲ့၏ ကိုယ်စားလှယ် ဦးအေးသာအောင်
က ပြောသည်။

ထွန်းထွန်း
ယနေ့ ပြုလုပ်သောရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း
 ဆွေးနွေးပွဲတွင်စစ်မှန်သည့်အမျိုးသားရေးတည်ဆောက်နိုင်ရန်အတွက်တန်းတူညီညွတ်မှုသည်အရေးကြီး
 ကြောင်းရှမ်းအမျိုးသားဒီမိုကရေစီဥက္ကဌဦးခွန်ထွန်းဦးကပြောကြားသည်။

“ပြည်ထောင်စု အချင်းချင်း တန်းတူ တည်ဆောက်မှသာလျှင် ဖက်ဒရယ်မူဟာ အရေးကြီးပါတယ်။ ယနေ့ တိုင်းရင်းသားတွေရဲ့ ပြသနာကို ဖြေရှင်းတဲ့အခါ၂၀၀၈ဖွဲ့စည်းပုံကိုပြင်မယ်။အသစ်လဲမယ်ဆိုရင် ပြည်သူလူ
ထုအပေါ်မှာပဲအခြေခံပါတယ်”ဟုဦးခွန်ထွန်းဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဒုဥက္ကဌဦးအောင်မင်းက“ယနေ့အချိန်ထိ
 ဆွေးနွေးပွဲတွေက မျှော်လင့်စရာတော့ ကောင်းပါတယ်။
 ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ လိုတယ်”ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့ ကိစ္စကလည်း ယုံကြည်မှုကို ပျတ်ပြားစေတယ်။ စစ်ထပ်ဖြစ်မှာကိုလည်းစိုးရိမ် မိပါတယ်။ စစ်သာဖြစ်နေမယ်ဆိုရင် ယုံကြည်မှုတွေ ပျတ်ပြားစေပြီးငြိမ်းချမ်းရေးကိုအထောက်အကူမဖြစ်စေ
 ပါဘူး” ဟု နိုင်ငံရေးပါတီများကိုယ်စား UNA အဖွဲ့၏ ကိုယ်စားလှယ် ဦးအေးသာအောင်က ပြောသည်။ 
The Myanma Age
 


Read more...

တော်ရုံအဆင့်နဲ့ Miss Myanmar ပြိုင်ပွဲ ၀င်မပြိုင်သင့်ကြောင်း နန်းခင်ဇေယျာပြော

0 comments
မတ်(၂၀)


Read more...

မြန်မာ့ ရေနက်ဆိပ်ကမ်း တရုတ်ကို ထိုင်း မယှဉ်နိုင်

0 comments


မြန်မာနိုင်ငံကို အိန္ဒိယ သမုဒ္ဒရာသို့ ထွက်မည့် ကုန်သွယ်ရေး တံခါးပေါက်အဖြစ် အသုံးပြုလိုသော ထိုင်းနိုင်ငံ၏ စိတ်ကူးမှာ ပျက်ပြယ်မည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။ ဂျပန်လူမျိုး ရင်းနှီး မြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်း၊ မြန်မာနှင့် တရုတ်နိုင်ငံများက ရင်းနှီး မြှုပ်နှံမှုများသာ ပိုမိုပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ အရှေ့တောင်ဘက် တနင်္သာရီ ကမ်းရိုးတန်းတွင် တည်ဆောက်မည့် ဤစီမံကိန်းသို့ ဂျပန်တို့ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု  နှောင့်နှေးနေခြင်းနှင် ပတ်သက်ပြီး ထိုင်းအစိုးရက အပြစ်တင်လျှက် ရှိသည်။ အမေရိကန်ဒေါ်လာ ဘီလျံ များစွာ ကုန်ကျမည့် ဤစီမံကိန်း ကြီးကို အီတာလျံ-ထိုင်း ဖွံ့ဖြိုးမှု ကုမ္ပဏီ (ITD) က ၂၀၀၈ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့သည်။ ဤသို့ ဆောင်ရွက်ခဲ့ သော်လည်း လုပ်ငန်းများမှာ ရှေ့မတိုး နောက်မဆုတ် အခြေအနေ၌သာ ရှိနေသဖြင့် စီမံကိန်းကို ဆက်လက် ဆောင်ရွက်နိုင်ရန် ထိုင်းအစိုးရက နိုင်ငံတကာ ကုမ္ပဏီများကို ပြီးခဲ့သည့် စက်တင်ဘာလတွင် အကူအညီတောင်းခံခဲ့သည်။
ရန်ကုန်မြို့ထက် ဘန်ကောက်မြို့ နှင့် ကီလိုမီတာ ၃၀၀ ပိုနီးသည့် ထားဝယ်စီမံကိန်းကို မြန်မာအစိုးရ အနေဖြင့် စိတ်ဝင်စားမှု နည်းပါး သွေးအေးသွားပြီဟု ဆိုရပါမည်။ ထို့ပြင် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီတွင် ထားဝယ် စီမံကိန်း၌ ITD က တည်ဆောက်မည့် ကျောက်မီးသွေးသုံး ၄၀၀၀ မီဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု ကိုလည်း မြန်မာအစိုးရက အတည်ပြုခွင့်ပြုချက် မပေးဘဲ ငြင်းဆိုခဲ့သည်။
တရုတ်အစိုးရကလည်း ဘင်္ဂလားပင်လယ်အော် ရွှေသဘာဝလုပ်ကွက်မှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို တင်ပို့နိုင်ရန် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ပင်လယ်ဆိပ်ကမ်း ကျောက်ဖြူမြို့တွင် ရေနံတင်ပို့မည့် ဆိပ်ကမ်းကြီးတခု တည်ဆောက်ခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်ရန် ဖောက်လုပ်နေသည့် ကျောက်ဖြူ-ယူနန် ပိုက်လိုင်းစီမံကိန်းမှာ ပြီးစီးနေပြီ ဖြစ်သည်။ ထို့ပြင် တရုတ်အစိုးရသည် ကျောက်ဖြူ-ယူနန် အမြန်ရထားလမ်းတခုကိုလည်း ဖောက်လုပ်နေသည်။ တရုတ်တို့ သည် ၎င်းတို့၏ ပို့ကုန်များကို ယူနန်ပြည်နယ်မှ တဆင့် ကမ္ဘာ အရပ်ရပ်သို့ ဤရထားလမ်းကို အသုံးပြု၍ တင်ပို့ရန်စီစဉ်ထား၏။ မြန်မာ အစိုးရကလည်း ဤရထားလမ်းကို အမှီသဟဲပြု၍ နိုင်ငံဖွံ့ဖြိုးရန် ရည်ရွယ်ထားသည်။
ထို့ပြင် စီးပွားရေးဇုန်တခု တည်ထောင်ပြီး နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဆွဲဆောင်မည်၊ ကျောက်ဖြူဆိပ်ကမ်းကို အဓိကပို့ကုန် သွင်းကုန်ဆိပ်ကမ်းအဖြစ် တည်ထောင်၍ မြန်မာ လူမျိုးများ အလုပ်အကိုင် အခွင့်အလမ်း ထောင်ပေါင်းများစွာ ရရှိစေရန် မြန်မာအစိုးရက ရည်ရွယ် ထားသည်ဟု သိရပါသည်။
ကျောက်ဖြူမြို့သည် ရန်ကုန်မြို့နှင့် မနီးသော်လည်း နေပြည်တော်နှင့် ၂၅၀ ကီလိုမီတာသာ ကွာဝေးသည်။ ဧရာဝတီမြစ် အလယ်ပိုင်းရှိ မန္တလေးမြို့ အပါအ၀င် မြန်မာပြည်အလယ်ပိုင်း မြို့များနှင့်လည်း မဝေးပါ။
“ထားဝယ်စီမံကိန်းရဲ့ အဓိက ပြဿနာက စီမံကိန်းရဲ့ အကျိုးအမြတ် အဆီအနှစ်တွေကို ဘန်ကောက်ကပဲ ရဖို့ လုပ်တာမို့ပါ” ဟု ဒေသဆိုင်ရာ စွမ်းအင်လုပ်ငန်းများ၏ အကြံပေးပညာရှင်၊ အကဲဖြတ်သုံးသပ်သူ ကောလင်းရေးနိုး (Collin Reynolds) က ဧရာဝတီ သတင်းဌာနသို့ ယခုလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။
တရုတ် နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ရေနံတင်ပို့သည့် ဆိပ်ကမ်းအဖြစ် အောင်မြင်စွာ တည်ဆောက်နိုင် သကဲ့သို့ ထိုင်းနိုင်ငံသည်လည်း ထားဝယ်ဆိပ်ကမ်းကို ရေနံစိမ်း တင်ပို့နိုင်သည့် ဆိပ်ကမ်းအဖြစ် အသုံးပြုလို၏။
ထို့ပြင် ထိုင်းနိုင်ငံသည် ဘန်ကောက်မြို့တော်အား သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်စေရန် ၎င်းတို့၏ ရေနံဓာတု လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သည့် ဒေသအဖြစ် ထားဝယ်ဒေသကို သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မတ်တာဖွတ် (Map Ta Phut) ရေနံဓာတုစက်မှု နယ်မြေတွင် ဂျပန်တို့၏ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ခွင့် မပြုရန် ကန့်သတ်ထား၏။ ထို့ကြောင့် ဂျပန်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို ထားဝယ်စီမံကိန်းတွင် သွားရောက်မြှုပ်နှံရန် ထောက်ခံ အားပေးကြသည်။ ဂျပန်တို့ကမူ ရန်ကုန်မြို့နှင့် အနီးတ၀ိုက်၊ ရန်ကုန်ဆိပ်ကမ်းနှင့် အနီးတ၀ိုက်တွင် စီးပွားရေး ဇုန်သစ်များ တည်ထောင်၍ စက်မှုလုပ်ငန်းကြီးများ လုပ်ကိုင်ပါက ပိုမိုအကျိုး ဖြစ်ထွန်းမည် ဟု ထင်မြင်ကြသည်။
နေပြည်တော်တွင် ရုံးထိုင်သည့် မြန်မာအစိုးရသည် ထားဝယ်စီမံကိန်းတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ၀န်ကြီးချုပ် မစ္စယင်လတ် ရှင်နာဝပ် ဦးဆောင်သည့် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်မူ သိမ်သိမ် မွေ့မွေ့ ဆွေးနွေးသည်။ တရုတ်တို့၏ ကျောက်ဖြူ တိုးတက်ဖွံ့ဖြိုးရေး အေဂျင်စီနှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန်လည်း ဦးမြင့်သိန်းကို ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသည်။
မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့ကို ဆက်သွယ်သည့် ရထားလမ်းနှင့် အဝေးပြေး လမ်းမကြီး ဖောက်လုပ်နိုင်ရန် ခွင့်ပြုသည့် သဘောတူ စာချုပ်ကို မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ လက်မှတ် ရေးထိုး စာချုပ်ချုပ်ဆို နိုင်ခဲ့သည်။
အရှည် ကီလိုမီတာ ၁၂၀၀ ရှိသည့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို မည်သည့်အချိန်၌ ဖောက်လုပ်မည်၊ မည်သို့ဖောက်လုပ်မည် စသည့် အချိန်ဇယား မထုတ်ပြန်သော်လည်း တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းက ဦးစီးဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း တည်ဆောက်ခြင်း လုပ်ငန်းကို ဧပြီလတွင် လုပ်ငန်းစတင်မည်ဖြစ်ပြီး တချိန်တည်းမှာပင်  ဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင် တည်ဆောက်နေ သည့် ရေနံပိုက်လိုင်း တည်ဆောက်ခြင်းကိုလည်း ယခုနှစ်တွင် အဆုံးသတ်နိုင်မည် ဟု သိရသည်။
ကျောက်ဖြူမြို့သည် မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကြောင့် ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသတခု အဖြစ် မျှော်လင့်ထားသည်။ ကျောက်ဖြူမြို့၏ တဖက်တချက် ကမ်းရိုးတန်းတွင် ထုတ်လုပ်ခြင်း မပြုရသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၀ ရှိနေပြီး ၎င်းတို့ကို ယခုနှစ်အတွင်း၌ လေလံတင်ရောင်းချမည်ဟု သိရသည်။
ကျောက်ဖြူ စီးပွားရေးဇုန်သည် နိုင်ငံခြား ကုမ္ပဏီများ အတွက် အထူးရည်ရွယ် တည်ဆောက် ထားသည့် စီးပွားရေးဇုန် ဖြစ်သည်။ ဤဇုန် တွင် နိုင်ငံခြား ကုမ္ပဏီများက ရေနံဓာတု စက်ရုံများ တည်ဆောက်နိုင်သည်၊ လုပ်ငန်း လုပ်ကိုင်နိုင်သည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏ ပြည်ပ ပို့ကုန်များကို ဤ စက်မှုဇုန်ထဲတွင် ကြီးကြပ်စစ်ဆေးနိုင်သည်ဟု ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့ ဟု အမည်ပေး ထားသည့် NGO အဖွဲ့က ပြောဆိုသည်။ ထိုအဖွဲ့သည် သဘာဝပတ်ဝန်းကျင် ရေးရာ၊ လူ့အခွင့်အရေး၊ မြေယာသိမ်းဆည်းခံရခြင်း စသည့် ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တခု ဖြစ်သည်။
အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ဥပဒေတရပ်ကို စစ်အစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုဥပဒေမှာ ယခုတိုင် အာဏာတည်လျက်ရှိကြောင်း၊ ထိုဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများ ခံစားရမည့် အခွင့်အရေးများ၊ မြေယာအသုံးပြုခြင်း၊ ငွေကြေး ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် အလုပ်သမားရေးရာ ကိစ္စများ ပါဝင်ကြောင်း ယင်း NGO က ပြောသည်။
အစိုးရအနေနဲ့ ကျောက်ဖြူ စီးပွားရေးဇုန် တည်ဆောက်မှု အပြီးမသတ်မီ ဖွံ့ဖြိုးမှု၏ အခြားတဖက်က ဖြစ်လာမည့် လူမှုစီးပွား အခြေအနေများကို ဒေသခံများနှင့် ဆွေးနွေး အကြံဉာဏ် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ထိုင်းနှင့် မြန်မာ ပူးတွဲကျင်းပသည့် ထားဝယ် အထူးစီးပွားရေးဇုန် ညှိနှိုင်း ဆွေးနွေးပွဲတွင်လည်း သဘာပတိ ထိုင်းပို့ဆောင်ရေး ၀န်ကြီး မစ္စတာ ချက်ချတ်ဆစ်တီပွတ် (Mr. Chadchat Sittipunt) က ထားဝယ်စီးပွားရေးဇုန် စီမံကိန်း ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ ကြိုတင် စဉ်းစား ကာကွယ်ရမည့် အရေးကြီး ပြဿနာရပ်များ ရှိနေသည်ဟု ထုတ်ဖေါ်ပြောဆိုသည်။
ဂျပန်နိုင်ငံက ထားဝယ်စီးပွားရေးဇုန်နှင့် ပတ်သက်၍ ခိုင်မာသည့် ဆုံးဖြတ်ချက်တခု မချမချင်း ပြဿနာရပ်များကို ထိုင်းတို့ ဖြေရှင်းရန် တနှစ်ခန့် ကြာနိုင်သည်။
“ထိုင်း ပို့ဆောင်ရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး မူဝါဒရေးရာများနှင့် အစီအစဉ် ရုံးက ဘက်စုံပါဝင်တဲ့ ရှေ့ပြေးလေ့လာမှုများကို လုပ်မယ်လို့ ထုတ်ပြန်ထားနေချိန်မှာပဲ ITD က တင်ပြတဲ့ ဆိပ်ကမ်းရဲ့ တည်နေရာနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး အသေးစိတ်တွေကို ဂျပန်တွေက သဘောမတူနိုင် ဖြစ်နေတယ်” ဟု ဟောင်ကောင် Inside Investor အဖွဲ့က သုံးသပ်သည်။ ယင်း အဖွဲသည် အာရှတ၀ှမ်းရှိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြံပေး အဖွဲ့တခုဖြစ်သည်။
ထားဝယ်ဒေသကို အထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက်နိုင်ခြင်း မရှိသဖြင့် ထားဝယ်ဒေသသည် နဂိုရှိရင်းစွဲ ဆိတ်ငြိမ်သည့် ပင်လယ် ကမ်းခြေ အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်တိုင် ထိုင်းတို့သည် တရုတ်နိုင်ငံ ကြိုးစားအားထုတ် သကဲ့သို့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲ အိန္ဒိယသမုဒ္ဒရာသို့ ထွက်နိုင်သည့် တံခါးပေါက်အဖြစ် လုံခြုံ စိတ်ချရသော လမ်းကြောင်းကို ရှာဖွေမည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွက် ထားဝယ်လို လက်မဝင်ရဘဲ အဆင်ပြေလွယ်ကူသော မလေးရှားနိုင်ငံအနီး အန်ဒမန်ပင်လယ်ထဲမှ လန်ကာဝီကျွန်း အနီးရှိ ထိုင်းနိုင်ငံ တောင်ဘက်စွန်း ပက်ဘာရာ (Pak bara) ဆိပ်ကမ်းမှ  ထိုင်း ပင်လယ်ကွေ့အတွင်းရှိ ဆောင်ခလ ဆိပ်ကမ်းသို့ ဖြတ်သန်းဖောက်လုပ်ပါက ကီလိုမီတာ ၁၀၀ သာ ရှည်သဖြင့် ရေနံပိုက်လိုင်း တည်ဆောက်ရန် သင့်တော်သည့် နေရာဟု ဆိုရပါမည်။
ဧရာဝတီ
Read more...

နမ့်စန်မြို့နယ်တွင် ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသား(၂)ဦး သေဆုံး

0 comments


မတ်လ(၂၀)
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးဟောပြောနေပုံ(ဓာတ်ပုံ-တာချီလိတ်)

ရှမ်းပြည်နယ် နမ့်စန်မြို့ အမှတ်(၆)ကျေးရွာအနီးတွင် မတ်လ(၁၉)ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီး တိမ်းမှောက်ပြီး (၂)ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
Read more...

ရခိုင်ပဋိပက္ခ အစီရင်ခံစာ မတ်လကုန်ပိုင်း ထုတ်ပြန်မည်

0 comments
မတ်(၂၀)
ယမန်နှစ် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပသော ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် ပထမဆုံးအကြိမ် အစည်း အဝေး (ဓာတ်ပုံ – လှမောင်ရွှေ ဖေ့စ်ဘုတ် မှ)
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာအား ယခုလကုန်တွင် နိုင်ငံတော် သမ္မတထံတင်ပြပြီး ပြည်သူများသိစေရန် ထုတ်ပြန်သွားမည်ဟု သိရသည်။
“ဒီလကုန်ရင် သမ္မတဆီ အစီရင်ခံစာတင်ပြီးမှပဲ အသေးစိတ်ကို ထုတ်ပြန် ပြောဆိုလို့ရမှာပါ”ဟု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်သည် ၎င်းတို့၏ စုံစမ်းတွေ့ရှိချက် များနှင့်ပတ်သက်၍ အောက်တိုဘာလ နှင့်နိုဝင်ဘာလတို့တွင် ထုတ်ပြန်ချက် ၂ ခု ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ကြားဖြတ်အစီရင်ခံစာ တခုကိုတင်ပြခဲ့သေးသည်။
ကြားဖြတ်အစီရင်ခံစာ၌ ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းအကျဉ်း၊ ရခိုင်ဒေသတွင်း လူ့အဖွဲ့အစည်းနှစ်ခု အကြား ဖြစ်ပွားရသည့် ပဋိပက္ခဖြစ်စဉ်များ၊ ပဋိပက္ခကြောင့် နစ်နာဆုံးရှုံးမှုများ၊ ရခိုင်ပြည်နယ်၏ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများနှင့်၎င်းတို့ အပေါ်အခြေခံ၍ ပဋိပက္ခ ချုပ်ငြိမ်းရေး အကြံပြုချက်၊ နိုင်ငံတော် အစိုးရ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် ၂၆ ချက်နှင့် အတူယဉ်တွဲနေထိုင်ရေး အကြံပြုချက် ၉ ချက်တို့လည်း ပါဝင်သည်။
ထိုအချက်များတွင် တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ကျန်းမာရေး၊ စားနပ် ရိက္ခာ ဖူလုံရေး၊ သတင်းမှန်များကို မြန်ဆန်စွာ ထုတ်ပြန်ပေးနိုင်ရေး၊ ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ်များ ၀င်ရောက် မလာရေးနှင့်တရားမ၀င် ခိုးဝင်လာသူများ မရှိစေ ရေးအတွက် ထိရောက်စွာ ကာကွယ်ပေးရေး၊ လာဘ်ပေး လာဘ်ယူမှု ကင်းရှင်း ရေး၊ လှုံ့ဆော်သူများကို ဖော်ထုတ်၍ ထိရောက်စွာအရေးယူရေးနှင့်နိုင်ငံသား ဖြစ်မှုကိစ္စများ စသည်တို့ကို ကြားဖြတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
“အခု အစီရင်ခံစာမှာလည်းပဲ အရင်က ကွင်းဆင်းလေ့လာတွေ့ရှိချက်၊ စုံစမ်းမေးမြန်းချက်တွေကို အခြေခံ ပြီးတော့ ဆွေးနွေး သုံးသပ်ထားတာတွေပါမယ်၊ ကော်မတီအလိုက် ဆွေးနွေး သုံးသပ်မှုတွေကို စုပေါင်းပြီး နောက်ဆုံးအဆင့်အနေနဲ့ ဒီလကုန်ရင် သမ္မတဆီ တင်မှာပေါ့”ဟု ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ ၀င်တဦးဖြစ်သူ ဒီမိုကရက်တစ် ပါတီ(မြန်မာ) အထွေထွေ အတွင်းရေး မှူး ဒေါ်သန်းသန်းနု ကလည်း ဧရာဝတီ ကို ပြောသည်။
ထိုကော်မရှင်သည် ပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် လေ့လာစစ်ဆေးနိုင်ရန် ဆပ်ကော်မတီ ၈ ခု ထပ်မံဖွဲ့ စည်းပြီး မိမိတို့ တာ ၀န် ယူထားသည့် ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေး၍ စစ်ဆေးချက်များကို စုပေါင်း သုံးသပ်ဆွေးနွေး၍ အစီရင်ခံစာ တင်ပြကြမည်ဖြစ်သည်။
အရပ်ဘက် စုံစမ်းရေးကော်မရှင်၌ သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ၊ ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဒေါက်တာ ကျော်ရင်လှိုင် (Myanmar  Egress)၊ ဗဟုဖွံ့ ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ အစ္စလမ်၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီ ခေါင်း ဆောင်များ၊ ပညာရှင်များ စသည့် ၂၇ ဦးဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ တွင် သမ္မတ က တာဝန်ပေးဖွဲ့စည်း ထားခြင်းဖြစ်သည်။
အလားတူ တောင်ကုတ်မြို့၌ လူ ၁၀ ယောက် အသတ်ခံရမှုနှင့်ပတ်သက်၍လည်း ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အထူးစုံစမ်းရေးအဖွဲ့ အကြီး အကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး ပါဝင်သည်။
ထိုအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကိုမူ ပြည်သူများသိရန် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ရခိုင်ပြည်၌ ဇွန်လနှင့်အောက်တိုဘာလ တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ တသိန်း ၀န်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။
အိုးမဲ့အိမ်မဲ့ ဖြစ်သူများ အနက် လက်ရှိတွင် ဒုက္ခသည် ၆၀၀၀၀ ကျော်၏ မိုးရာသီတွင် လုံခြုံစွာ နေထိုင်နိုင်ရေး တို့ အတွက် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အစိုးရ အာဏာပိုင်တို့ ပူးပေါင်းကာ မိုးရာသီမရောက်မီ နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဧရာဝတီ
Read more...

မန်မိုရီစတစ်ကလေးတွေ ဘယ်ကလာ

0 comments
မတ်(၂၀)
ရန်ကုန်မြို့လယ်တွင် တရုတ်မန်မိုရီစတစ်များ ရောက်ချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နေရာက လူသူမနီးတဲ့ တောင်ကြားလွင်ပြင် တခုမှာပါ။ တခါ တခါ လေသင့်ရင် တောင်တွေရဲ့တဘက် အဝေးပြေး လမ်းမကြီး ဆီက ကားသံတွေကို ကြားရပေမယ့် အချိန်ပြည့် ကြားနေရတာကတော့ ၀ိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ ဆိုတေး၊ မျိုးကြီး၊ လေးဖြူ စသည်ဖြင့် မရပ်မနား ဖွင့်နေတဲ့ သီချင်းသံဖြစ်ပါတယ်။ လွင်ပြင်ထဲမှာတော့ ထွန်ယက်ထားတဲ့ မြေနီနီမှာ ကြံမျိုး လိုက်ချနေတဲ့ အမျိုးသမီးငယ်တွေက သီချင်းသံကို သံပြိုင် လိုက်ဆို နေကြပါတယ်။ ယာစောင့်တဲငယ် ထဲမှာ ဖွင့်ထားတဲ့ သီချင်းသံဟာ တော်တော် အသံကျယ်ပြီး အရည်အသွေးမြင့်ပါတယ်။ ယာစောင့်တဲငယ်ရဲ့ တန်းပေါ်မှာတော့ လက်တ၀ါးခန့်သာ ရှိမယ့်၊ အနက်ရောင် ပြောင်လတ်နေတဲ့ အမ်ပီသရီး ပလေယာ ဆောင်းဘောက်စ်လေး တလုံး ရှိနေပါတယ်။ ဆောင်းဘောက်စ်လေးမှာ အပြာရောင် မန်မိုရီကတ် တကတ် စိုက်ထားပြီးတော့ သီချင်းသံတွေက အဲဒီက ထွက်နေတာဖြစ်ပါတယ်။
ညနေ ၃ နာရီနောက်ပိုင်းမှ လမ်းဘေး ဈေးသည်တွေ ထွက်ရမယ်ဆိုတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ မူဝါဒကြောင့် ညနေပိုင်းမှ ထွက်ရတဲ့ ဈေးသည်တွေဟာ ဈေးအပြိုင်ချ၊ အပြိုင်ရောင်းနေကြပါတယ်။ အ၀တ်အစား၊ ဖိနပ်တွေ အပြင် မန်မိုရီစတစ်လို၊ ဓာတ်မီးလို၊ ရီမုတ် ကွန်ထရိုးလို တရုတ်နိုင်ငံလုပ် တိုလီမိုလီ ပစ္စည်းလေးတွေကို မြန်မာငွေ ကျပ် ၁ ထောင်၊ ၂ ထောင်လောက်နဲ့ အလွယ်တကူ ၀ယ်လို့ ရနေပါတယ်။
အဲဒီတရုတ်မန်မိုရီ စတစ်ကလေးတွေ ဘယ်ကဘယ်လိုလာတာလဲ၊ မူရင်းဇာစ်မြစ်က ဘာလဲ ဆိုတာကိုတော့ လွယ်လွယ်ကူကူ ဝယ်ယူရရှိနေသူတွေ သိဖို့ မလွယ်ကူလှပါဘူး။
ခပ်မှောင်မှောင် အခန်းတခုထဲကို ခြေတဘက် မသန်တဲ့ လူတယောက် ၀င်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ညာဘက်ကို စောင်းနေပြီးတော့ မျက်လုံးတဘက်မှာလည်း ဖူးယောင်နေပါတယ်။ လပေါင်းများစွာ အာဟာရ ချို့တဲ့ခဲ့ရသလိုမျိုး အသားအရေက ဖြူဖတ်ဖြူရော် ဖြစ်နေပါသေးတယ်။
သူ့ဟာ အသက် ၂၄ နှစ်အရွယ် လူငယ်တယောက် ဖြစ်ပါတယ်။ အသက် ၂၄ နှစ် ဆိုပေမယ့် သူ့မျက်လုံးမှာ လူငယ် တယောက်ရဲ့ တက်ကြွမှု၊ သန်စွမ်းမှုတွေ လုံးဝမတွေ့ရတော့ဘဲ ကြောက်ရွံ့မှုနဲ့ ခါးသီးတဲ့ အတွေ့အကြုံဟောင်းတွေကို အထင်းသား မြင်နေရပါတယ်။
“ကျနော် အသက် ၂၁ နှစ်မှာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုပြီး အိမ်က ထွက်ခဲ့တယ်။ ရွှေလီ ဟိုဘက် ယင်ဂျန်းဆိုတဲ့ မြို့မှာ ကြံခင်း အလုပ်သမား ၀င်လုပ်ခဲ့တယ်။ ကြံရာသီ ကုန်တော့ သူငယ်ချင်းတယောက်က ရွှေလီမှာ ပန်းရံလုပ်တာ တရက်ကို တရုတ်ငွေ ၁၅၀ လောက်ရတယ်လို့ ပြောတယ်။ ၁၅၀ ဆိုရင် မဆိုးဘူး ကိုက်တယ်ဆိုပြီး ကျနော်တို့ သူငယ်ချင်း ၁၂ ယောက် ရွှေလီကို ထွက်လာကြတာပါ”
ယင်ဂျန်းကနေ ရွှေလီကို အသွားလမ်းမှာ သူနဲ့ သူငယ်ချင်း ၁၂ ယောက်ဟာ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပါတယ်။ ကားရပ်ခိုင်းပြီး နိုင်ငံကူးလက်မှတ် စစ်ချိန်မှာ သူတို့အားလုံးမှာ ပြစရာ နိုင်ငံကူးလက်မှတ် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“အဲဒီနေ့ ညမှာပဲ ကျနော်တို့ကို ထောင်ကိုပို့တယ်။ ၀မ်ကိုင် ထောင်ကို ပို့တာပါ။ ထောင်က ထောင်ကြီးတော့မဟုတ်ဘူး။ လူ ထောင့်ခြောက်ရာလောက် ရှိတဲ့ ထောင်ပါ။ အဲဒီအချိန်တုန်းကတော့ ကျနော့် စိတ်ထဲမှာ ပတ်စ်ပို့ မပါလို့ ဖမ်းတာပဲ ပြီးရင် မြန်မာပြည် ပြန်ပို့ပေးကြလိမ့်မယ်လို့ပဲ ထင်ထားတာ” လို့ သူက ပြောတယ်။
ဒါပေမယ့် သူ့အထင်ဟာ အလွဲကြီး လွဲခဲ့ပြီးတော့ သူထောင်ထဲ ရောက်ပြီး တနှစ်နဲ့ ရှစ်လ ကြာတော့မှ အာဟာရပြတ်လပ်ပြီး အရိုက်ခံထားရလို့ မသေရုံတမယ် ဖြစ်နေတဲ့သူ့ကို တရုတ်မြန်မာ နယ်စပ်တနေရာမှာ တရုတ်ရဲတွေက ပစ်ထားခဲ့ကြပါတယ်။
“ထောင်ထဲမှာ အလုပ်လုပ်ရတယ်။ မန်မိုရီစတစ်တွေကို ခဲတို့တာ၊ ကွိုင်ပတ်တာတွေ လုပ်ရတယ်။ ခဲတို့တယ် ဆိုရင်လည်း ခဲတို့တာ တခုတည်း တရက်ကို မန်မိုရီစတစ်ပေါင်း သုံးရာလောက် ပြီးအောင် လုပ်ရတယ်။ မပြီးရင် ထောင်သားထဲက ပြန်ခန့်ထားတဲ့ အလုပ်ကြပ်က နံပါတ်တုတ်နဲ့ ရိုက်တယ်။ လုပ်နေရင်း အိပ်ငိုက်တာ၊ ခဏနားတာ ဆိုရင်လည်း ရိုက်တယ်” လို့ သူ့အတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်
ထောင်ထဲမှာ အလုပ်လုပ်ရတယ် ဆိုတာကို သူတို့အားလုံး ထောင်ထဲရောက်မှသာ သိခဲ့ရပြီး ထောင်နဲ့ အပြင်ကပုဂ္ဂလိက လုပ်ငန်းရှင်တွေ ချိတ်ဆက်ပြီး ထောင်သားတွေကို အလုပ်ခိုင်းတယ်လို့ သူက ဆိုပါတယ်။
မန်မိုရီစတစ် လုပ်ရတဲ့ ထောင်တွေ ရှိသလို၊ တချို့ထောင်တွေမှာ ဇာထိုးပန်းထိုး၊ ဓာတ်မီး၊ အမ်ပီသရီး ပလေယာအတွက် လိုအပ်တဲ့ တိုလီမိုလီပစ္စည်းတွေ စသည်ဖြင့် လုပ်ကြရတယ်လို့လည်း သိရပါတယ်တယ်။
ထောင်တွင်းမှာရှိတဲ့ ထောင်သား သုံးပုံနှစ်ပုံဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီးတော့ များသောအားဖြင့် ပတ်စ်ပို့မရှိလို့ ဖမ်းဆီး ထောင်ချခံထားရသူတွေလို့ သူကဆိုပါတယ်။
“ကျနော်တို့ကို ဖမ်းမိတဲ့အချိန်တုန်းက လူအရမ်း ဖမ်းနေတယ်၊ ပြီးတော့ လူပြန်ရောင်းစားတာတွေလည်း ရှိတယ်လို့လည်း သတင်းထွက်နေတယ်။ ယင်ဂျန်းမှာရှိတဲ့ တရုတ်မြန်မာ ချစ်ကြည်ရေး သံရုံးမှာ တိုင်လို့ရတယ်လို့ ပြောပေမယ့် ကျနော်တို့ကို တိုင်ပေးမယ့် သူက မရှိဘူး။ ဘယ်နေ့ဘယ်ရက် လွတ်မယ်ဆိုတာကိုလည်း လုံးဝမသိရဘူး။ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်ကိုသွားတာ” လို့ အဲဒီ ၂၄ နှစ်အရွယ် လူမမာပုံစံ လူငယ်က ဆက်ပြောတယ်။
ငွေကြေးတတ်နိုင်သူ တချို့က တရုတ်ရဲကို လာဘ်ထိုးပြီး မိဘတွေက ပြန်လာရွေးတယ်လို့လည်း သူက ဆိုပါတယ်။ ရွေးတဲ့အခါ လူတယောက်ကို မြန်မာငွေ သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်အထိ ပေးပြီး ရွေးယူရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံအစိုးရက တရုတ်-မြန်မာ နယ်စပ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးထောင်ချတာ ကြားခဲ့ဖူးပေမယ့် သူတို့ သူငယ်ချင်းတစုဟာ မူးယစ်ဆေးဝါး သုံးစွဲထားခြင်းလည်း မရှိဘဲနဲ့ ပတ်စ်ပို့မပါတဲ့ အမှုနဲ့တင် ထောင်ထဲနေခဲ့ရတာ ဖြစ်ပါတယ်။
“အလုပ်ရုံတွေက ထောင်ထဲမှာပဲ။ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ရတယ်။ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြား ထမင်းစားရတယ်။ နေမကောင်းရင် နားခွင့်မရှိ။ အလုပ်ကြပ်တွေ ရိုက်တာကတော့ အချိန်မရွေးဘူး။ နှေးတယ်လို့ ထင်ရင်လည်းရိုက်၊ အလုပ်မပြီးရင်လည်း ရိုက်၊ ကျနော့်သူငယ်ချင်း အရိုက်ခံရလို့ ကျနော်ဝင်ဆွဲမိရင် ကျနော့်ကိုပါ ရိုက်တယ်” လို့ သူက ဆိုတယ်။
ထောင်သားတယောက်ကို တရက်မှာ မန်မိုရီကဒ် သုံးရာကနေ လေးရာအထိ ပြီးအောင်လုပ်ရပြီး မပြီးတဲ့ သူတွေကို အလုပ်ဆင်းချိန်မှာ ရိုက်တယ်လို့ သူက ထပ်ပြောတယ်။
“မပြီးတဲ့သူက များတယ်။ နေ့တိုင်း အရိုက်ခံကြရတာပဲ။ ကျနော်ဆိုရင် ညာဘက် နံရိုး ၂ ချောင်း ကျွံသွားတယ်။ နောက်ပိုင်းတော့ အရိုက်မခံရအောင် အတတ်နိုင်ဆုံး ကြိုးစားရတာပဲ” လို့ သူက ဆိုပါတယ်။
အစားအသောက် ကျွေးတဲ့အခါ မနက်ပိုင်းမှာ ပေါက်စီတလုံးနဲ့ တနေကုန်အတွက် ထမင်း ၂ နပ် ကျွေးတယ်၊ မုန်လာဥ၊ မုန်လာ၊ မုန်ညင်းတွေကို ရေလုံပြုတ်တာက နေ့စဉ်လို ဖြစ်ပြီး အသားက တပတ်ကို ၂ ရက် ဆိုပေမယ့် ထောင်သားအချင်းချင်း အနိုင်ကျင့်မှုတွေကြောင့် ၂ နှစ်နီးပါး အသား မမြင်ခဲ့ဖူးဘူးလို့ သူက ပြောပြပါတယ်။
“နေမကောင်းဖြစ်ရင်လည်း ပေးမနားဘူး။ ကျနော်ဆိုရင် ငှက်ဖျားဖြစ်ခဲ့တဲ့ ၁ လနီးပါးနဲ့ လုံးဝလမ်းမလျှောက်နိုင်တော့တဲ့ ၁ လလောက်ကို အလုပ်လုပ်နေရတုန်းပဲ။ လမ်းမလျှောက်နိုင်တော့ရင် ထောင်အခန်းကနေ အလုပ်ရှိတဲ့နေရာထိ ထမ်းပို့ ပေးတယ်။ အလုပ်လုပ်ရတယ်” လို့ သူက ရှင်းပြပါတယ်။
ထောင်တွင်းမှာ တရုတ်နိုင်ငံရဲ့ဆောင်းရာသီ ကာလအတွင်း အအေးလွန် လေဖြတ်ကြတဲ့ သူတွေ များပြီး အားလုံးက အလုပ်ကို အဆက်မပြတ် လုပ်နေရဆဲပဲလို့ သူက ဆိုတယ်။ ၁၀ ပေ ၁၂ ပေ အခန်း တစ်ခုမှာ လူ ၆ ယောက်ကနေ ၁၂ ယောက်အထိ နေရပြီး သမံတလင်းမှာပဲ ဖြစ်သလို အိပ်ကြရတဲ့အတွက် ဆောင်းရာသီမှာ တော်တော်ဒုက္ခရောက်ခဲ့ကြတယ် လို့လည်း သိရပါတယ်။
“ကျနော် နေမကောင်းဖြစ်တော့ ကျနော်တို့ မြန်မာနိုင်ငံသား အချင်းချင်းက စည်းလုံးတယ်၊ ကူညီတယ်။ ကျနော်က ငှက်ဖျားလို့ ပြောတာကို ထောင်အာဏာပိုင်တွေက အစာအိမ်ဆိုပြီး ပုလင်းကြီးတွေ သွင်းတယ်။ ဆေးသွင်းပြီး ၁ လကျော် ကြာတော့ ခြေထောက်တွေ ဆိုင်းလာတယ်၊ တဖြည်းဖြည်းနဲ့ လမ်းလျှောက်လို့ မရတော့ဘူး” လို့ သူ နေမကောင်း ဖြစ်လာရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်။
လမ်းလျှောက်မရပေမယ့် မန်မိုရီစတစ်တွေကို ခဲတို့ရတဲ့ အလုပ်ကို ဆက်လုပ်နေရဆဲ ဖြစ်ပြီး တရက် ငှက်ဖျား အရမ်းတက်ချိန်မှာ ဘာဆေးမှန်း မသိရတဲ့ ဆေးတွေ သောက်ခိုင်းခဲ့တယ် အဲဒီနောက်မှာတော့ အခြေအနေက ပိုဆိုးလာတာလို့ သိရပါတယ်။
“အဲဒီမှာ မင်းကို နယ်စပ်မှာ ချပေးရင် လမ်းလျှောက်နိုင်လားလို့ မေးတယ်။ ကိုယ်လွတ်မယ့် အရေးဆိုတော့ လျှောက်နိုင်သည် ဖြစ်စေ၊ မလျှောက်နိုင်သည် ဖြစ်စေ လျှောက်နိုင်တယ်လို့ ပြောလိုက်တယ်။ လွယ်ဂျယ် မှောင်ခို တံခါးပေါက်နားမှာ ချပေး ခဲ့တယ်။ ပိုက်ဆံ ၂၀ ပေးတယ်၊ ဓာတ်ပုံလည်း ရိုက်သွားတယ်။ ကျနော့် အဒေါ် လွယ်ဂျယ်မှာရှိတော့ အနားက ဖြတ်သွားတဲ့ ဗမာပြည်သား တယောက်ကို ကျနော့်အဒေါ် နာမည်ပြော၊ ကျနော့်နာမည် ပြောပြီး လာကြိုခိုင်းလိုက်တယ်။ အဒေါ်တွေက လာကြိုကြတယ်။ သူတို့က ကျနော့်ကို သေစာရင်းတောင် သွင်းထားပြီးပြီတဲ့” လို့ သူ ပြန်လာရတဲ့အ ဖြစ်အပျက်ကို ရှင်းပြပါတယ်။
ဒီလိုနဲ့ သူ့မိဘတွေ ရှိတဲ့ ဗန်းမော်မြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဗန်းမော်ဆေးရုံကြီးမှာ သူ့ကို ဆေးစစ်တော့ ညာဘက် နံရိုး ၂ ချောင်းကျွံနေပါတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ပြီး အာရုံကြောတွေ ဆိုင်းသွားတဲ့အတွက် ခြေထောက်တဘက် မသန်တော့ပါဘူး။ အဆုတ်တခြမ်းမှာ ဆေးရည်တွေဝင်ပြီး ပျက်စီးနေတယ်လို့ ဆိုပါတယ်။
မိဘ ညီအကို မောင်နှမတွေရဲ့ အကူအညီနဲ့ လမ်းအနည်းငယ် လျှောက်နိုင်လာပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အသက် ၂၄ နှစ်အရွယ်နဲ့ မလိုက်ဖက်အောင် ပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာ အရင်ကတော့ တရုတ်နိုင်ငံဟာ ငွေရှာလို့ ကောင်းတဲ့ နေရာ၊ လူငယ်တယောက်အတွက် စိန်ခေါ်မှုတွေနဲ့ စွန့်စားခန်းတွေ ရှိတဲ့နေရာလို့ ထင်ခဲ့တယ်တဲ့။
“အထဲမှာ ကျနော့် သူငယ်ချင်း ၁၂ ယောက် ကျန်ခဲ့တယ်။ သူတို့က မြစ်ကြီးနားကပါ။ အဲဒီမှာ အတူရှိခဲ့ကြတုန်းက ငါတို့ ဒီထောင်ကို မကျပါဘူး၊ အိပ်မက်မက်နေတာ၊ ထောင်မကျနိုင်ဘူးလို့ အတူတူ စိတ်သက်သာရာရအောင် တွေးခဲ့ကြတယ်။ အခုလည်း အဲဒီလိုပဲ ကျနော် အိမ်မှာ ရောက်နေပေမယ့် ညဘက်မှာ သူတို့အကြောင်း စဉ်းစားရင်း ကျနော် ထောင်ထဲ ပြန်ရောက်ရောက် သွားတယ်” လို့ သူက ပြောပါတယ်။
ဧရာဝတီ
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here