Sunday, March 31, 2013

အင်းလေးဟိုတယ်ဇုန်အမှု ကလောမြို့သို့ ပြောင်းစစ်မည်

0 comments

မတ်လ(၃၁)

 

အင်းလေးဟိုတယ်ဇုန် တည်ဆောက်နေသည့် စီမံကိန်း ကို နှောက်ယှက်မှုကြောင့် ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံ ထားရသည့် အင်ကြင်းကုန်းရွာ၊ ကံပဲ့ရွာမှ ရွာသူ ရွာသား (၇)ဦး၏အမှုကို ကြာသပတေးနေ့က တောင်ကြီးမြို့၊ မြို့နယ်တရားရုံးတွင်  ဆက်လက် စစ်ဆေးကြားနာ သည်။

ယခုဖြစ်ပေါ်နေသော အမှုသည် လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် အမှုဖြစ်နေသောကြောင့်  ၇/၃၀ ပြစ်မှု ပုဒ်မ(၃၁၇) ၄၁/၁၃ အရ ကလောမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးရန် တရားသူကြီး ဒေါ်လင်းလင်းက အမိန့်ချမှတ်ခဲ့သည်။  

ရုံးချိန်းရှိသည့် တောင်ကြီးမြို့သည် ယင်းတို့၏ရွာနှင့် မိုင် ၃၀ကျော်ကွာဝေး သည့်အတွက်  သွားလာရ များစွာ ခက်ခဲနေကြောင်း၊ ကလောမြို့တွင် အမှုစစ်ဆေးမည် ဆိုလျှင် ပိုဆိုးသွားမည်ဖြစ်ကြောင်း၊ ညောင်ရွှေမြို့ တရားရုံးတွင် အမှုစစ်ဆေးရန်  ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရွာသားများ၏ ရှေ့နေ  ဒေါ်နန်းသူဇာက  လျှောက်လဲချက်ပေးခဲ့သည်။

တရားသူကြီးက လျှောက်လဲပိုင်ခွင့် ရှိကြောင်း ပြောကြားကာ ရုံးချိန်းရပ်နားလိုက်သည်။           

တရားစွဲဆိုခံနေရသည့် ရွာသားများက  ယခုလို တဝေးတလံ သွားခိုင်းနေခြင်းသည် မိမိတို့အား အခက်အခဲ ဖြစ်အောင် ပြုမှုနေခြင်းသာဖြစ်ကြောင်း၊  တရားဥပဒေ အား တရားနည်းဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးမရလျှင် ဆန္ဒပြရန် စီစဉ်ထားကြောင်း ပြောဆိုသွားသည်။

ဧရာဝတီBlog 
Read more...

ချင်းမိုင်က ရှင် ၁၀၀ ကျော် ရှမ်းအလှူပွဲ

0 comments

မတ်လ(၃၁)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ဟာ တချိန်က ရှမ်းတိုင်းရင်းသားတွေ စုဝေး နေထိုင်ခဲ့ကြတဲ့ ဇင်းမယ်မြို့ လို့လည်း ခေါ်ကြပါတယ်။ ဒါကြောင့်ဘဲ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသား အများဆုံး စုဝေး တဲ့ နေရာလို့ ပြောရမလားပါဘဲ။


ရှင် ၁၀၀ ကျော် ရှမ်းရိုးရာ ရှင်ပြု အလှူပွဲ၊ ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ) ~

ရှမ်းတိုင်းရင်းသားတွေရဲ့ အဆိုတွေအမျိုးမျိုး ရှိကြတဲ့အထဲက တခုဖြစ်တာကတော့ သံစဉ်လေးနဲ့မို့ အမှတ်ရ
နေကြမယ် ထင်ပါတယ်။

"တမူးရလို့ တပဲလှူ တို့ ရှမ်းတောင်သူ လှူနိုင်ရိုးလား" ဆိုတဲ့ စကားအတိုင်း ရှမ်းတိုင်းရင်းသားတွေရဲ့ အလှူပွဲဆိုတာ တကယ်ပဲ အံ့သြဖွယ်ပါ။

မတ်လ ၂၈၊ ၂၉၊ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်တ၀ိုက် မြန်မာနိုင်ငံက ရောက်ရှိလာကြတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ရှင် ၁၀၀ ကျော် ရှင်သာမဏေ ပြု အလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနေကြပါ
တယ်။

မကြာခင် ရှင်သာမဏေ ဖြစ်တော့မယ့် မောင်ရှင်လောင်း လေးတွေကို ရှမ်းအမျိုးသားတွေက ပုခုံးပေါ် ထမ်းပြီး အလှူလှည့်ကြပါတယ်။ ရှမ်းအိုးစည်၊ မောင်သံတွေနဲ့  ရှမ်းရနံ့တို့ သင်းပျံ့နေတဲ့ အချိန်ကာလ ပါဘဲ။ 



 ဒီလို က ခုန် ပျော်မြူးရင်း ရှင်လောင်းလှည့်ကြတယ်
ပုခုံးပေါ်က မောင်ရှင်လောင်း
အထမ်းနဲ့ ပင့်လာရတဲ့ မောင်ရှင်လောင်း
 နေကာမျက်မှန်နဲ့ မောင်ရှင်လောင်း
အိုးစည်နဲ့ မောင်သံတွေကြားမှာ စည်းချက်ညီ သိုင်းကွက်နင်းနေကြစဉ်
 ဒီလို ပြင်ဆင်ထားတဲ့ အထမ်းနဲ့ မောင်ရှင်လောင်းလည်းပါတယ်

 ပူလွန်းအိုက်လွန်းလို့ ရှင်လောင်းလည်း ယပ်တောင်ခပ်နေရတယ်

 မင်းတရားကြီးအလား မောင်ရှင်လောင်း ၀၀ ဖိုင့်ဖိုင်က လည်း အထမ်းနဲ့
 တပတ်ပြီး တပတ် ရှင်လောင်းလှည့်ရင်း မောပန်းလာတော့ ဒီရှင်လောင်းကတော့ ဘယ်လိုမှ မနိုင်တော့လို့ အိပ်ပျော်သွားတယ်။
 ကိုယ့် မောင်ရှင်လောင်းတွေအတွက် သူ့ မဏ္ဍပ်နဲ့သူ၊ ဧည့်သည်ကိုလည်း မဏ္ဍပ်တွေက ဧည့်ခံသေးတယ်။ မနက်ထမင်း၊ ဟင်း၊ ည ထမင်း၊ ဟင်း ကျွေးတယ်


  မြိုင်မြိုင်ဆိုင်ဆိုင် ရှမ်းအိုစည်သံတွေနဲ့ ရှမ်းတို့ ရိုးရာ ရှင်လောင်လှည့်ပွဲ 

 ရှင်လောင်းလှည့်အပြီး မောပန်းလို့၊  ရေချိုးပြီး အပြန်
 မောင်ရှင်လောင်းအား အဆင့်ဆင့် ပြင်ဆင် ၀တ်စားဆင်ယင်ပေးနေပုံ
ဧရာဝတီBlog
Read more...

BPHWT နှင့် PEDU တို့ ကျေးရွာအကျိုးပြု အရန်သားဖွားသင်တန်း ပူးတွဲလုပ်ဆောင်

0 comments

      
မတ်လ(၃၁)


နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားများအဖွဲ့-BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်-PEDU တို့ အမှတ်စဉ် (၁) ကျေးရွာအကျိုးပြု အရန်သားဖွားသင်တန်းကို မတ်လ ၃၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စတင်၍ ပူးတွဲလုပ် ဆောင်လိုက်သည်။            

အဆိုပါသင်တန်းကို ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် ယနေ့ ဖွင့်လှစ်လိုက်ရာ BPHWT ဒါရိုက်တာစောဝင်းကျော်၊ ကရင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သူနာပြု ဆရာမများ၊ သင်တန်းသူများ အပါအ၀င် စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြသည်။        

ဖွင့်ပွဲတွင် ဒေါက်တာဝင်းနိုင်က “ကျေးရွာတိုင်းမှာ အရံသားဖွားတွေ ရှိရမယ်ဆိုပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်ထား ပါတယ်။ ကျနော်တို့ ကျန်းမာရေးမှာက ရန်သူ၊ မိတ်ဆွေမရှိပါဘူး။ ကျနော်တို့နိုင်ငံမှာက ဆရာဝန်၊ ဆရာမတွေအပြင် အရံသားဖွားတွေ လည်း အများကြီးလိုအပ်ပါတယ်။ လက်ရှိမှာ အပြောင်းအလဲကာလမို့ ငြိမ်းချမ်းရေးအတွက်ကို ကျန်းမာရေးက တံတားတစင်း သဖွယ်ဖြစ်အောင် လုပ်သွားချင်ပါတယ်”ဟု ပြောသည်။           

သင်တန်းကို တောင်ကလေးကျေးရွာ၊ ဦးတေနလမ်းတွင် ပြုလုပ်ကာ ၀ါရင့်သင်တန်းနည်းပြ အငြိမ်းစားဆရာမ နော်ဟယ်လင်ရင် အပါအ၀င် သူနာပြုဆရာ၊ ဆရာမများက ၇လကြာပို့ချသွားမည်ဖြစ်ပြီး ဘားအံနှင့် ကော့ကရိတ်မြို့နယ်မှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူသွားမည် ဖြစ်သည်။           

ကော့ကရိတ်မြို့နယ် လောင်းကိုင်ကျေးရွာမှ သင်တန်းလာတက်သူ နန်းအဲမွီက “ဒီသင်တန်းကို တက်ရတာက ကိုယ့်မိသားစု၊ ကိုယ့်ကျေးရွာနဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ မြို့နဲအလှမ်းဝေးပြီး ကလေးလူကြီးအားလုံး ဆေးသွားကုသရတာ အရမ်း ခက်ခဲတယ်။ ဒါကြောင့် ကျမအနေနဲ့ ပြန်လုပ်ပေးသွားဖို့ ရည်ရွယ်ချက်ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။      

ယခုသင်တန်းကို ပို့ချမှု(သီအိုရီ)ပိုင်းအဖြစ် လေးလသင်ကြားသွားပြီးနောက် ကျန်သုံးလကို လက်တွေ့ပိုင်းအဖြစ် ကွင်းဆင်း လေ့လာပေးသွားမည်ဖြစ်ပြီး အလားတူ သင်တန်းမျိုးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း BPHWT ဒါရိုက် တာ ဆရာစောဝင်းကျော်က ပြောသည်။

ကေအိုင်စီ 
Read more...

ILO ရန်ကုန် ရုံးခွဲ နေရာသစ်ကို ပြောင်း

0 comments

မတ်လ(၃၁)


အလုပ်သမားနစ်နာချက်တွေ တိုင်တန်းလိုသူတွေ သိထားဖို့ အတွက် သတင်းတခုပါဘဲ။ ရန်ကုန်မှာဖွင့်လှစ် ထားရှိတဲ့ ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ရုံးခန်း နေရာပြောင်းရွှေ့ သွား ပါပြီ။ 
ယခင်က ၁၂ ထပ်၊ ကုန်သည်ကြီးများ ဟိုတယ်၊ အမှတ် ၂၂၃၊ ဆူးလေဘုရားလမ်း ကနေ ဧပြီလ ၁ ရက်နေ့ က စတင်ပြီး  နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ကို ပြောင်းရွှေ့ဖွင့် လှစ် လိုက်ပြီ ဆိုတဲ့ အကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ အသိပေး ထားပါတယ်။      

ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကတော့ ဖုန်း ၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆ တို့ဖြစ်ပြီး ဖက်စ် ကတော့ ၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ကြောင်း သိရပါတယ်။ 
မြန်မာနိုင်ငံမှာ အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊ အလုပ်သမားရေးဆိုင်ရာ စတဲ့ ပြဿနာ
တွေ ဖြေရှင်း ဖို့အတွက် ILO နဲ့ မြန်မာအစိုးရတို့ နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရန်ကုန်မှာ ကိုယ်စားလှယ်ထားကာ ရုံးစိုက်ဖို့ လုပ်ဆောင်လာခဲ့တာပါ။     

အခုတော့ အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်လိုသူတွေအတွက် ILO ရုံး သစ်ကိုဘဲ သွားနိုင်ကြပါပြီ။ 

ဧရာဝတီBlog 
Read more...

စစ်တွေ တက္ကသိုလ်ဝင်းထဲ မီးလောင်မှု ဖြစ်ပွား

0 comments

မတ်လ(၃၁)

 

စစ်တွေ(မဇ္ဈိမ)။   ။  စနေနေ့ မနက် ၁၀း၄၅ နာရီခန့်က စစ်တွေ တက္ကသိုလ်ခြံဝင်းအတွင်း၌ မီးလောင်မှုတခု ဖြစ်ပွား ခဲ့သည်။ 
မီးလောင်မှုမှာ တက္ကသိုလ် အဆောက်အဦများကို လောင်ကျွမ်းခြင်းမဟုတ်ဘဲ တက္ကသိုလ်ကျောင်း၏ နောက်ဘက် မြက်ခင်းပြင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်စဉ် တက္ကသိုလ်ဝင်းထဲသို့ ရောက်နေသော တာဝန်ကျ လုံခြုံရေး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။ 
“ဖြစ်စဉ်အစအဆုံး အဲဒီမှာ ကျနော် ရှိနေခဲ့ပါတယ်။ ၁၂ နာရီဝန်းကျင် လောက်မှာ အကုန်လုံး ငြိမ်းသွားပါတယ်။ ဘယ်သူ့ပယောဂမှ မပါပါဘူး။ မြက်ခြောက်က စလို့ မီးလောင်ခြင်းသာ ဖြစ်ပါတယ်။ မီးသတ်ကား နှစ်စီးနဲ့ ငြိမ်းသတ် ခဲ့တယ်။ တက္ကသိုလ်ခြံဝင်းက အရမ်းကျယ်တော့ မြက်ခြောက်တွေကို မီးငြိမ်းတဲ့အခါ နဲနဲပိုကြာသွားတယ်။ အဆောက်အဦ တွေ ထိခိုက်မှုတော့ မရှိပါဘူး။ ကျောင်းဆောင်နဲ့ ကိုက် ထောင်ချီဝေးတဲ့ နေရာက စဖြစ်တယ် ဆိုတော့ တက္ကသိုလ် ဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားတွေတော့ မဖြစ်နိုင်ဘူး” ဟု၎င်းက ဆိုသညိ။ 
မီး စလောင်သည့် နေရာမှာ တက္ကသိုလ် အဆောက်အဦများနှင့် အလွန်ဝေးကွာသည့် နောက်ဘက်ခြံစည်းရိုး အနီးတွင် ရှိနေပြီး ခြံစည်းရိုး အပြင်ဖက်တွင် ဝါးရုံတောနှင့် “ဘုမေ”အမည်ရှိသော မူဆလင်ရွာ ရှိသည်။ 
နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ စစ်တွေအမှတ်(၁)ရဲစခန်းမှ ရဲဝန်ထမ်းတဦးက “သာမန် ဆေးလိပ်မီးကနေ တဆင့်လောင်တဲ့မီးလား။ ဒါမှမဟုတ် တစုံတယောက်ကနေ တမင် ရည်ရွယ်ပြီး လုပ်တာလားဆိုတာကို စစ်ဆေးနေတုန်းပဲ ရှိပါတယ်။ လုံခြုံရေးကတော့ အဲဒီမှာ အမြဲရှိနေပါတယ်” ဟု ပြောသည်။ 
အခင်းဖြစ်ပွားချိန်၌ စစ်တပ်၊ ရဲ၊ မီးသတ်နှင့် ဌာနဆိုင်ရာများစု ရောက်ရှိလာပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ချထားခဲ့ရာမှ ယခုအခါ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီဟု သိရသည်။


မဇ္စျိမ 
Read more...

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

0 comments

မတ်လ(၃၁)  


 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။
ပဲခူးတိုင်းအနာက်ခြမ်းက မြို့တချို့မှာ အပျက်အစီးတွေကို ဒေသခံတွေကပါ ၀ိုင်းဝန်းကူညီပေးနေတယ်လို့ သိရ ပါတယ်။     

နတ်တလင်းမြို့နယ်မှာ ပျက်စီးသွားတဲ့ ဗလီတွေနဲ့ အိမ်တွေကို ဒေသခံတွေက မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းကစပြီး သန့်ရှင်းရေးတွေ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေကြကြောင်း ကိုယ်တိုင်ကူညီနေသူတစ်ဦးဖြစ်တဲ့ နတ်တလင်းဒေသခံ ကိုမိုးဇော်က ပြောပါတယ်။    

ဒါ့အပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ်တွေ အဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် လာရောက်လှူဒါန်းထားတဲ့ အစားအစာတွေကို ဝေခြမ်းရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပါတယ်။

စစ်ကွင်းမြို့မှာလည်း အကြမ်းဖက်သူလူတစ်စုကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခြေအနေဟာ ပြည်လည်တည်ငြိမ်နေပြီလို့ စစ်ကွင်းဒေသခံ ဒေါ်ကြည်က ပြောပါတယ်။

RFA 







Read more...

Eiffel မျှော်စင် ဗုံးလန့်မှုဖြစ်

0 comments

မတ်လ(၃၁)


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Eiffel မျှော်စင်ကြီးကို စနေနေ့က ၂ နာရီလောက်ကြာအောင် ရဲက ရုတ်တရက် ပိတ်ပစ်ခဲ့ရပြီးတော့ လူပေါင်း ၁,၄၀၀ လောက်ကို ဘေးလွတ်ရာကို သွားခိုင်းခဲ့ရပါတယ်။

ဘယ်သူဘယ်ဝါမှန်း မသိရသူတဦးက ဖုန်းခေါ်ပြီး ဗုံးရှိတယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

အနှံ့ခံခွေးတွေနဲ့ ဗုံးကို လိုက်ရှာပြီးမတွေ့တော့ မျှော်စင်ကို အများပြည်သူအတွက် ပြန်ပြီး ဖွင့်ပေးခဲ့ပါတယ်။

VOA

Read more...

တိဘက်မြေပြို ရွှေတွင်းလုပ်သား ၈၀ ကျော် ရှာမတွေ့သေး

0 comments

မတ်(၃၁)

တိဘက်တောင်တန်းဒေသ ရွှေတူးထုတ်လုပ်တဲ့ မိုင်းတွင်းတခုမှာမြေပြိုကျတဲ့အတွက် အလုပ်သမား ၈၃ ယောက် ပိတ်မိနေခဲ့ပြီး နောက်တနေ့မှာ ရုပ်အလောင်း ၁ လောင်းတွေ့ရှိခဲ့ပြီး အသက်ရှင်လျက် တယောက်မှ ရှာဖွေမတွေ့သေး ဘူးလို့ တရုတ်နေ့စဉ်သတင်းမီဒီယာက ဖော်ပြပါတယ်။      

သောကြာနေ့မနက်ခင်းက တိဘက်မြို့တော် အရှေ့ဘက် ၄၃ မိုင်လောက်အကွာ Lhasa မြို့မိုင်းတူးလုပ်ငန်းမှာ                      ၃ကီလိုမီတာ ပတ်လည်ကျယ်ဝန်းတဲ့ မြေပြိုကျမှုဖြစ်ခဲ့တာကြောင့် အလုပ်စခန်း တခုလုံး မြေအောက်မြှုပ်သွားခဲ့တာ ဖြစ်တယ်လို့ တရုတ်အစိုးရ Xinhua သတင်းဌာနကဖော်ပြပါတယ်။          

အမြင့် ၄,၆၀၀ မီတာမှာရှိပြီး ရေခဲအောင်အေးနေတဲ့ ရာသီအောက်မှာ နောက်ထပ် ဆက်ဖြစ်နေတဲ့ အသေးစား မြေပြိုမှုတွေကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။       

ပြင်းထန်တဲ့ရာသီကြောင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ပေးထားတဲ့ ခွေးတွေ ကောင်းကောင်းအလုပ် မလုပ်နိုင်ဘူး လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေးလုပ်သား ၁,၀၀၀ လည်း အဲဒီဒေသကို ရောက်လာပြီး ဖြန့်ကျက်ရှာဖွေမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။

VOA 

Read more...

လိမ်ပြောတာတွေ့ရင် ပါးထရိုက်တဲ့ စက်ရုပ်

0 comments
မတ်(၃၁)

တစ်ခါတုန်းကပေါ့ လူတစ်ယောက်က စက်ရုပ်တစ်ရုပ်ဝယ်လာတယ်။ အဲဒီစက်ရုပ်က ထူးခြားတယ်။ ဘယ်လိုထူးခြားလဲဆိုရင် သူရှေ့မှာ လိမ်ပြောတာတွေ့ရင် ပါးထရိုက်ရော။

အဲလိုနဲ့ တစ်နေ့မှာ အဲဒီလူရယ် သူ့မိန်းမရယ် ထမင်းစားနေတုန်း သူ့သားကကျောင်းကပြန်လာတယ်။ စက်ရုပ်ကလဲ အနားမှာ ထားထားတာပေါ့။

အဲဒီမှာ သူ့သားကိုမေးလိုက်တယ်။ ''သားဘယ်ကပြန်လာတာလဲ'' ''ကျောင်းကပြန်လာတာပါ အဖေ'' ''ဖြန်း'' စက်ရုပ်က ပါးထရိုက်ရော အဲဒီကောင်လေးကို။ ''သား မှန်မှန်ပြောစမ်း ဒီစက်ရုပ်က လိမ်လို့မရဘူး '' ''သား ရုပ်ရှင်ကြည်ပြီး ပြန်လာတာပါ ဖေဖေ '' ''ရုပ်ရှင်ကဘာကားလဲ'' '' Tom & Jerry ပါဖေဖေ'' ''ဖြန်း'' စက်ရုပ်က ပါးထပ်ရိုက်ပြန်ရော။

''ကဲသား စက်ရုပ်ကိုလိမ်လို့မရဘူး မှန်မှန်ဖြေ ဘာကားကြည့်တာလဲ'' ''ဟိုဟို…ဟိုကား ကြည့်ပြီးပြန်လာတာပါ ဖေဖေ'' '' အေး အဲလို ဝန်ခံမှပေါ့ ငါမင်းတို့အရွယ်ကဆို အဲလိုကားတွေကြည့်ဖို့
နေနေသာသာ ဘာမှန်းတောင်မသိဘူး'' ''ဖြန်း'' ဒီတစ်ခါ စက်ရုပ်ပါးရိုက်လိုက်တဲ့သူက အဖေဖြစ်သူကို ရိုက်လိုက်ခြင်းဖြစ်သည်။

ထိုအခြင်းအရာကို အမေဖြစ်သူကကြည့်ပြီး ''ဟားဟား ရှင့်သားပဲ ရှင်နဲ့တူတာပေါ့ '' ဟုပြောလိုက်သည့်အခါတွင် ''ဖြန်း'' စက်ရုပ်မှ အမေဖြစ်သူကို ပါးရိုက်လိုက်လေတော့သည်။
Myanmar International News
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here