Wednesday, January 22, 2014

နမ့်ခမ်း ပြည်သူများရွေးချယ်တင်မြောက်သော နမ့်ခမ်းမြို့ စည်ပင် ကော်မတီဥက္ကဌ ဦးစိုင်းချစ်ဆွေ က ပြည်သူပိုင်လယ်မြေ များကို တရုတ် ကုမ္မဏီထံရောင်းရန် စီစဉ်ကြံဆောင်နေ

0 comments
22.1.2014

အပတ်စဉ် လစဉ် မြို့နယ်ထွေအုပ်ရုံးတွင် ပြုလုပ်သော အစည်းအဝေး တိုင်းတွင် စည်ပင် ကော်မတီ ဥက္ကဌ ဦးစိုင်းချစ်ဆွေက နမ့်ခမ်းမြို့ ပရိယတ္တိစာသင်တိုက် အနောက်ဘက်ရှိ ကွန်လုံ ရွာနှင့်အောင်မေတ္တာ ရပ်ကွက်ကြား ရှိ လယ်မြေ ၄၀ ဧက ကို တရုတ် နိုင်ငံကုမ္မဏီတခုခု ထံရောင်းပေး ရန် တိုက်တွန်းနေပါသည်။ ၄င်းမြေများကို တရုတ်ထံ ရောင်း ချပေးပါက တစ် ဧက လျှင် ငွေကျပ်သိန်း ၃၀၀ ပေးမည်ဟု မက်လုံးပြော စည်းရုံး နေပါသည်။

တရုတ်ကုမ္မဏီများက တစ်ဧကလျှင် သိန်းတစ်ထောင်ကျပ် ပေးမည် ဟူသောသတင်းများလည်း ထွက်ပေါ် နေပါသည်။ ထို မြေများကို တရုတ်ထံရောင်းချပေးပါက တရုတ်နိုင်ငံကုမ္မဏီတွေက ၃ ထပ်တိုက်နဲ့ စက်ရုံလာတည်ဆောက်မည်ဖြစ်ကြောင်း မြို့တိုးတက် ခေတ်မှီ လာစေ ရန် ဖြစ်ကြောင်းပြောနေပါသည်။ ထိုလယ်မြေ ၄၀ ဧက ပေါ်တွင် ရွှေ သဘာဝဓါတ်ငွေ့ပိုက်လိုင်း လည်းဖြတ်သန်းနေပါသည်။ ထိုမြေ အပေါ် စက်ရုံလာတည်ဆောက်ပါက တကယ်လို့ ပိုက်လိုင်း မတော်တဆ ပေါက် ကွဲမှုဖြစ် လျှင် ဒေသခံအတွက် ပိုပြီး အန္တရာယ်ဖြစ်နိုင်သာမက ထိုမြေပေါ် စက်ရုံလာလုပ်ကိုင်နေထိုင် သည့် တရုတ်နိုင်ငံခြားသား အတွက်လည်း ရင်လေးစရာပါ။

ထိုအန္တရာယ် ဖြစ်လာနိုင်သည့်အကြောင်းကို အစည်းအဝေးတွင် စည် ပင်ကော်မတီ ဥက္ကဌ ဦးစိုင်း ချစ်ဆွေက သေလျှင် တရုတ်တွေက အရင်သေ ရမှာလေ သူ့ကိုယ်ကျိုးကြည့်ပြီးပြောဆိုနေ သေး တယ်။ ၄င်းလယ် မြေ များသည် စပါးစိုက်ပျိုးရန် အလွန် ကောင်း သော လယ်မြေများ လည်းဖြစ် သည်။ နမ့်ခမ်းမြို့ စည်ပင် ကော်မ တီ ဥက္ကဌ ဦးစိုင်းချစ်ဆွေ သည် သျှမ်း လူ မျိုးစစ်စစ်ဖြစ်ပြီး ဘာကြောင့် သျှမ်းဘိုးဘွားပိုင် လယ်မြေများ ကို တရုတ် ကုမ္မဏီထံရောင်းရန် ကြိုးစားနေရ သ နည်း ဟု ကျနော် တွေးမရတော့ပါ။ စည်ပင်ဥပဒေတွင်လည်း နယ်စပ်နှင့် ထိစပ်နေသည့် ၁၀ မိုင် ပတ်ပတ်လည် တွင် မည်သည့် နိုင်ငံခြားကုမ္မဏီ မှ ရင်းနှီးမြုပ်နှံခြင်းမပြုရဟု ရေး သားထား ကြောင်းတွေ့ရှိရပါသည်။

နမ့်ခမ်းမြို့ စည်ပင်ကော်မတီဥက္ကဌ ဦးစိုင်းချစ်ဆွေသည် ပေါက်တင်မ ရပ် ကွက် အုပ်ချုပ်ရေးမှုးတစ် ဦးလည်း ဖြစ် ငွေကြေးချမ်းသာ လူတစ်ယော က်ဖြစ်ပြီး ဒေသခံ အာဏာပိုင်ကို လည်း ၀င်ဆန့်နိုင် သူတစ် ဦးဖြစ်သည်။

အထက်ပါအကြောင်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၊သျှမ်းပြည်ဝန်ကြီးစဝ်အောင်မြတ်နှင့် သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်း တို့ သိရှိနိုင်ရန် သျှမ်းသံတော်ဆင့်သတင်းဌာန မှ တဆင့်တင်ပြ အပ်ပါသည်ခင်ဗျား။

မောင်ကောင်း
သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here