Wednesday, January 22, 2014

ရိုးရာပွဲနှင့် လောင်းကစားပွဲ ခွဲခြားသိစေလို

0 comments
22.1.2014

သို့ -အယ်ဒီတာ ခင်ဗျာ

အယ်ဒီတာမှတဆင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်နှင့် နိုင်ငံတော်အစိုးရအဖွဲ့တို့ သိရှိစေရန် တင်ပြလိုပါတယ်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်ခွဲ ပင်လုံမြို့မှာ သျှမ်းရိုးရာ ပွဲတော်(နှစ် သစ်ကူး ပွဲတော်၊ ကောက်သစ်စားပွဲတော်) ကျင်းပတဲ့အခါတိုင်း လွိုင်လင်မြို့ နယ်အုပ်ချုပ်ရေးမှူးက လာရောက်မေး မြန်းနှောင့်ယှက်ပါတယ်။

ရိုးရာပွဲတော်ကျင်းပတာဟာ ဘယ်ဥပဒေနဲ့ ညှိစွန်းခြင်း မရှိပါဘူး။ နိုင်ငံ တော် အစိုးရကလည်း ရိုးရာပွဲတော်တွေကို ကျင်းပခွင့်ပေးထားတယ်လို့ သိရပါ တယ်။ ပွဲတော်ကျင်းပ မဲ့အခါတိုင်းလည်း ပွဲမိန့်တင် အသိပေးပါတယ်။

ဒါပေမဲ့ တာဝန်ရှိလူကြီးတွေက လွိုင်လင်မြို့ကို သွားပြီး မြို့နယ်အုပ်ချုပ်ရေး မှူးကို အကြိမ်ကြိမ် ရှင်းလင်းပြရပါတယ်။ ဒါပေမဲ့ ပင်လုံမြို့မြောက်ပိုင်း မှာရှိ တဲ့ ဥပဒေနဲ့ ညှိစွန်းနေ တဲ့ လောင်းကစားဝိုင်းတွေကျတော့ မြို့နယ်အုပ် ချုပ်ရေး မှူးတွေ ရဲတွေကို လာဘ်ထိုးထားတဲ့အတွက် သွားရောက်အရေး ယူတာ နှောင့်ယှက်တာ မရှိပါဘူး။ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲနေတဲ့အချိန် ဒီမိုကရေစီနိုင်ငံကို လျှောက်လှမ်းနေတဲ့အချိန်မှာ ဒီလိုကိစ္စရပ်မျိုးတွေ မရှိ သင့်တော့ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်နှင့် နိုင်ငံတော် အစိုးရအဖွဲ့တို့သိရှိပြီး ရိုးရာ ပွဲတော်ကျင်းပတဲ့ အခါတိုင်း အာဏာပိုင်တွေက လာရောက် နှောင့်ယှက် မှု မပြုလုပ်အောင် ညွှန်ကြားပေးဖို့ အလေးအနက် တင်ပြအပ်ပါတယ်။

ပင်လုံမြို့မိမြို့ဖတစ်ဦး

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here