Friday, January 17, 2014

နမ့်ဆမ် လက်ဖက်ကုန်သည်များ ဂျာမနီနည်းပညာအကူအညီယူမည်

0 comments
17.1.2014

ပြည်ပမှဝင်ရောက်လာသည့် လက်ဖက်ခြောက်ဈေးကွက် နေရာယူမှုကို ယှဉ်ပြိုင်နိုင်ရန်နှင့် ပြည်တွင်း လက် ဖက်ခြောက် ထုတ်ကုန်အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ဂျာမနီမှ နည်းပညာအကူအညီယူ ကာ လာမည့်လက်ဖက်စိုက်ရာသီတွင် စတင်စိုက်ပျိုးမည်ဟု ပလောင်မြို့ လက်ဖက်စိုက်ပျိုးသူများအ သင်းမှ ဒု-ဥက္ကဋ္ဌဦးစိုင်းညွန့်မောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါနည်းပညာအတွက် ဂျာမနီမှ လက်ဖက်ပညာရှင်များက နမ့်ဆမ်မြို့ လက်ဖက်စိုက်ကုန်သည်များ ကို ဇန်န၀ါရီ ၁၉ ရက်မှ ၂၇ ရက်အထိ လာရောက် သင်တန်းပေးမည်ဖြစ်သည်။

ထိုသို့ ဂျာမနီပညာရှင်များထံမှ နည်းပညာယူရခြင်းမှာ ပြည်တွင်းထွက် လက်ဖက်ခြောက်များသည် ဈေး ကွက်တွင် ရောင်းချရမှု လျော့နည်းလာပြီး တရုတ်ပြည်ဘက်မှ ၀င်ရောက်လာသော လက်ဖက်ခြောက် များ ပိုမိုရောင်းအားကောင်းလာသဖြင့် ပြည်တွင်းလက်ဖက်ဈေးကွက် ရောင်းအား ပြန်တက်ရန် အဓိက ရည်ရွယ် သည်ဟု ဆိုသည်။

“ဒီမှာ လွန်ခဲ့တဲ့နှစ်တွေက အချိုခြောက်ဈေးကွက်ကို အားထားကြတယ်၊ အချိုခြောက်က အခု မသွင်း ရ တော့ဘူး၊ ၀ယ်တဲ့သူတွေက တရုတ်ဘက်ကလာတဲ့ လက်ဖက်ခြောက်တွေကိုပဲ ၀ယ်ကြတယ်” ဦးစိုင်း ညွန့်မောင်က ပြောသည်။

နမ့်ဆမ်မြို့နယ်အတွင်း လက်ဖက်ခြောက်စက်ရုံ ၁၂၆ ရုံရှိခဲ့ပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ဈေးကွက် ကျဆင်းလာမှုကြောင့် စက်ရုံများပိတ်ခဲ့ရကာ ၂၀၁၃ ခုနှစ်တွင် ၁၆ ရုံသာ လည်ပတ်နိုင်တော့သည်ဟု ပလောင်မြို့ လက်ဖက်ထုတ်လုပ်သူများ အသင်း၏စာရင်းများတွင် ဖော်ပြထားသည်။

လက်ဖက်စိုက်ရာသီစတင်နိုင်မည့် ဇူလိုင်လတွင် ဂျာမနီမှပေးသည့် လက်ဖက်စိုက်နည်းပညာဖြင့် စိုက် ပျိုးနိုင်ရန် မတ်လလောက်ကတည်းက ကြိုတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here