Friday, January 10, 2014

RCSS/SSA နှစ်ပတ်လည် အစည်းအဝေး ဒီကနေ့ စတင်

0 comments
                                                           RCSS flag


10.1.2014

သျှမ်းပြည် တပ်မတော် RCSS/SSA နှစ်ပတ်လည် အစည်းအဝေးအား ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ယနေ့ စတင် ကျင်းပကြောင်း တက်ရောက်သူ အရာရှိ များက ပြောပါသည်။ ၂၀၁၄ ဂျန္နဝါရီ ၉ မှ ၁၁ ရက် အထိ သုံးရက်ကြာ အစည်းအဝေးကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ကျင်း ပရာ - ၂၀၁၃ ခုအတွင်း လုပ်ဆောင် ခဲ့သည့်လုပ်ငန်းများတင်ပြခြင်း၊ ပြန်လည် သုံးသပ်ခြင်း၊ ၂၀၁၄ အတွက် လုပ်ငန်းစဉ်ချမှတ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းများ ရှိသည်ဟုသိရသည်။
“ဒီတခေါက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တာ အဓိက ပါဝင်ဆွေးနွေးတယ်၊ နောက်တခုက အရေးပေါ် ဆွေးနွေးရတာ က သန်းခေါင်စာရင်းကိစ္စပါမယ်” - ဟု RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ခွန်းဆိုင်က ပြောသည်။သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက် မှ ၃၁ ရက်နေ့ အထိ နှစ်ပတ်လည် အစည်းဝေးကျင်းပခဲ့ပြီးဖြစ်သည်။သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့သည် သျှမ်းလူထု တောင်းဆိုချက်အရ ပူးပေါင်းရန်အတွက် လက်တွေ့အကောင် အထည်ဖေါ်နိုင်မည့် လမ်းကြောင်းများ ရှာဖွေနေကြသည်ဟုသိရပါသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here