Tuesday, February 11, 2014

ပုဂ္ဂလိကသို့ပေးမည့် ပြည်တွင်းလေဆိပ်လုပ်ငန်းများအတွက် ဧပြီလခန့်တွင် တင်ဒါခေါ်မည်

0 comments
11.2.2014

ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လုပ်ကိုင်ရန် စိတ်ဝင်စားမှုများပြား သည့် ပြည်တွင်းလေဆိပ် များအား လာမည့် ဧပြီလတွင် တင်ဒါခေါ်ယူ ရန်လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှဖုန်းမော်က မဇိ္ဈမသို့ ပြောသည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည့် ပြည်တွင်းလေဆိပ် ၃၀ ခုအား လုပ်ငန်းရှင်များမှ မိမိလုပ်ကိုင် လိုသည့် လေဆိပ်အား Registry of Interest(ROI) ဖောင်ကိုဖြည့်စွက်ကာ လေကြောင်းပို့ဆောင်ရေး
 ညွှန်ကြားမှုဦးစီးဌာနသို့ ဇန်န၀ါရီ ၁ မှ ၃၁ ရက်ထိ တင်ပြလျှောက်ထားခဲ့ပြီးဖြစ်သည်။ လုပ်ငန်းရှင်များ၏ ROI တင် ပြချက်အရ ပုဂံ၊ ညောင်ဦးလေဆိပ်အား လုပ်ကိုင်လို့သည့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ၂၄ ဖွဲ့ဖြင့် အများဆုံး တင်ပြထားပြီး တာချီလိတ်၊ ဟဲဟိုး၊ သံတွဲ၊ ကျောက်ဖြူ၊ မြိတ်၊ ကော့သောင်း၊ ထားဝယ်နှင့် မော်လ မြိုင် လေဆိပ်တို့မှာလည်း လုပ်ငန်းရှင်အများစုလုပ်ကိုင်လိုသည့် လေ ဆိပ်များ စာရင်းတွင် ပါဝင်သည်ဟု ဦးလှ ဖုန်းမော်ကပြောသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူး ဦးလှဖုန်းမော်က“ ပြည် တွင်း လေဆိပ်တွေ ပုဂ္ဂလိကကို လွှဲပြောင်းပေးဖို့အတွက် ဘယ်လေဆိပ်တွေကို စိတ်ဝင်စားမှုအများဆုံး လဲ ဆို တာသိရအောင် Registry of Interest (ROI) ဖောင်ကို လုပ်ငန်းရှင်တွေကို တင်ပြခိုင်းတယ်။ တင်ပြချက် တွေအရ ဘယ်လေဆိပ်တွေကို လုပ်ငန်းရှင်တွေလုပ်ကိုင်ဖို့ စိတ်အ၀င်စားဆုံးလဲ ဆိုတဲ့ ရလဒ်ကထွက်လာ ပြီ။ ပုဂ္ဂလိကဘက်ကလုပ်ကိုင်ဖို့ စိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ လေဆိပ်တွေကို တင်ဒါအရင် ဆုံးခေါ်သွား မှာပါ။စိတ်ဝင်စားမှုနည်းတဲ့လေဆိပ်တွေ ကိုလည်း တကယ်လုပ်ကိုင်လိုတယ် ဆိုရင်တင်ဒါ ခေါ်မှာပါ ”ဟု ပြောသည်။

ပြည်တွင်းကုမ္ပဏီအဖွဲ့ ၄၁ ခုနှင့် ပြည်ပကုမ္ပဏီအဖွဲ့ လေးခုတို့က ၄င်းတို့ လုပ်ကိုင်လိုသည့် ပြည်တွင်းလေ ဆိပ်များကို တင်ပြထားပြီး ပြည်တွင်းလေကြောင်းလိုင်း ကုမ္ပဏီများဖြစ်သည့် Air KBZ ၊ Air Bagan၊ ပြည်ပ မှ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများမှာလည်း ပါဝင်တင်ပြထားသည်ဟု ယင်းကဆိုသည်။

ဦးလှဖုန်းမော်က “ပြည်တွင်းလေဆိပ်တွေကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဦးစားပေးလုပ်ကိုင် ခွင့်ပေးမယ်လို့ ပြောပြီးသားပါ။ ဒီ Registry of Interest (ROI) မှာတော့ ပြည်တွင်းကပဲဖြစ်ဖြစ် ပြည်ပ က ပဲဖြစ်ဖြစ် တင်လို့ရတယ်”ဟု ပြောသည်။ ပြည်တွင်းလေဆိပ်များ အား ပုဂ္ဂလိကသို့လုပ်ကိုင် ခွင့်ပေးရာ တွင် လေကြောင်းဆက်သွယ်၊ လမ်းညွှန်၊ ထိန်းသိမ်းသည့် ၀န်ဆောင်မှုလုပ်ငန်း တစ်မျိုးအား အစိုးရမှ ဆက်လက် လုပ်ကိုင်မည်ဖြစ်ကာ ကျန်သည့်လုပ်ငန်းအမျိုးအစား အားလုံးကို ပုဂ္ဂလိကသို့လုပ်ကိုင် ခွင့်ပေးမည် ဖြစ် သည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည့် လေဆိပ်များမှာ ညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ် ၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး ၊ မော်လမြိုင်၊ ခန်္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုးကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ကျိုင်းတုံနှင့် ကျောက်ဖြူ တို့ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here