14.3.2014
၂၈.၂.၂၀၁၄ ရက်နေ့တွင် လွိုင်လင်ခရိုင် ၊နမ့်စန်မြို့နယ် ၊ခိုလမ်မြို့နယ်ခွဲမှ ထွေအုပ် အာကာမျိုးထက်နှင့် ရပ်ကွက်လူကြီးဦးဝင်းတင့်တို့က နမ့်ဝမ်ရွာသူ ရွာသားများကို လာရောက်တွေ့ ဆုံကာ “ ဤရွာ သည် ပြည်ထဲရေး စာရင်း ၀င်မဟုတ်သဖြင့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ သိမ်းဆည်းမည် ဖြစ်၍ အမြန်ဆုံးရွှေ့ဆိုင်းပေးရန် ” မိန့်ကြားပြောဆိုခဲ့သည်။ ထိုနေ့မှစ၍ ရွာသူရွာသားများလည်းကြောက်ရွံ့ကာ
အိမ်ခြေ (၁၀) အိမ်လောက် ပြောင်းရွှေ့ထားပြီးဟုသိရသည်။ ကျန်နေအိမ်များ
ပြောင်းရွှေ့ရာနေရာ ရှာမရသေးတာကြောင့် ခိုလမ်မြို့နယ် ကျားဖြူဥက္ကဌ
စိုင်းထွန်းလွင်ထံ သို့အကြောင်းကြားခဲ့ရာစိုင်းထွန်းလွင်မှ ရှမ်းပြည်နယ်အစိုးရထံသို့ ဤကိစ္စကိုဖြေရှင်း ပေးရန် (၁၄.၃.၂၀၁၄)မှာ တိုင်တန်းစာ တက်မည်ဟုသိရသည်။
ထို့အပြင် (၁၂.၃.၂၀၁၄) ခိုလမ်မြို့၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မြေမှူး(၆၆)မှအမည်မသိဗိုလ်မှူးတယောက်က
ဝမ်ဖွီးရပ်ကွက်ရှိ ပြည်သူပြည်သားများကိုလည်း ခိုလမ်ထွေအုပ်ရုံးသို့
အစည်းအဝေးခေါ်ကာ ယခု ၀မ်ဖွီးရွာသားများလုပ်ကိုင်နေသော လယ်ယာမြေများသည် ကောက်ကွင်း တည်ဆောက်ရန်နယ်မြေ ထဲတွင်ပါရှိနေသဖြင့်မြေယာများဖြတ်သိမ်းမည်ဖြစ်၍ဆက်လက်မလုပ်ကိုင်ရန်
ဝန်ခံဂတိပြု လက်မှတ် ရေးထိုးခိုင်းသည်။ မြေယာပိုင်ရှင်များလည်း
လက်မှတ်မရေး ထိုးနိုင်ကြောင်း ပြောဆိုပြီး ရုံးခန်းမှ
ထွက်ရန်ပြင်ဆင်ချိန်တွင်ရုံးခန်း
တံခါးများပိတ်စေပြီးအတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းကြောင်း၊ ယနေ့
(၁၃.၃.၂၀၁၄) တွင်လည်း အချို့သော လယ်သမားများက လယ်ဆင်းရန်သွားကြသော်လည်း
စစ်သားများ သေနပ်ဖြင့် ခြိမ်းခြောက်ကာ ယာမြေများကို ၀ိုင်းရံစောင့်ကြပ်
ထားကြောင်း စိုင်းထွန်းလွင်မှသတင်းပေးပို့ထားသည်။ ဤအကြောင်းအရာ အားလုံး ကိုဖြေရှင်းပေးရန် ရွာသူရွာသားများက ရှမ်းပြည်နယ် အစိုးရထံသို့ တက်ရောက်တိုင်တန်းမည်ဟု သိရသည်။
Look Hark Tai
၂၈.၂.၂၀၁၄ ရက်နေ့တွင် လွိုင်လင်ခရိုင် ၊နမ့်စန်မြို့နယ် ၊ခိုလမ်မြို့နယ်ခွဲမှ ထွေအုပ် အာကာမျိုးထက်နှင့် ရပ်ကွက်လူကြီးဦးဝင်းတင့်တို့က နမ့်ဝမ်ရွာသူ ရွာသားများကို လာရောက်တွေ့ ဆုံကာ “ ဤရွာ သည် ပြည်ထဲရေး စာရင်း ၀င်မဟုတ်သဖြင့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ သိမ်းဆည်းမည် ဖြစ်၍ အမြန်ဆုံးရွှေ့ဆိုင်းပေးရန် ” မိန့်ကြားပြောဆိုခဲ့သည်။ ထိုနေ့မှစ၍ ရွာသူရွာသားများလည်းကြောက်ရွံ့က
ထို့အပြင် (၁၂.၃.၂၀၁၄) ခိုလမ်မြို့၊အရှေ့အလယ်ပိုင်းတို
Look Hark Tai