25.4.2014
ရှမ်းပြည်နယ်ရှိ ယူနီဆက်ဖ် (UNICEF) ရုံးတွင် ဆေးဝါးဖြန့် ဖြူးသည့် အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ သို့ ရောင်းစားခံရသူ အမျိုးသမီးကို ယခုလ ၂၁ ရက်က မိဘအုပ်ထိန်းသူထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းစားခံရသောအမျိုးသမီး အား ရွှေပြည်သာ မြို့နယ် (၈) ရပ်ကွက် ရာဇဓိရာဇ်လမ်းနေ မစိုးစိုး(ဘ) ဦးသန်းမြင့်က ၂ဝ၁၂ ခုနှစ် နိုဝင် ဘာလအတွင်း ၄င်းအား ရှမ်းပြည် နယ်ရှိ ယူနီဆက်ဖ် (UNICEF) ရုံးတွင် ဆေးဝါးဖြန့်ဖြူးသည့် အလုပ်ရမည်ဖြစ်ပြီး တစ်လလျှင် လစာကျပ်တစ်သိန်းခွဲ သို့မဟုတ် နှစ်သိန်းရမည်ဟု စည်းရုံးပြောဆို ကာ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လားရှိုးမြို့သို့ရောက်သည့်အချိန်
တွင် တရုတ်နိုင်ငံသို့ အလည်သွား မည်ဟုဆိုကာ တရုတ်နိုင်ငံ မိန်း
တိန်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမှ တစ်ဆင့် အမ်းဟွေးမြို့သို့ရောက် ရှိကာ
တရုတ်အမျိုးသား ချွမ်ချမ်း (Mr.Quing Quan)ထံ တရုတ်ယွမ် ငွေ ၅၆ဝဝဝဖြင့်
ရောင်းစားခဲ့ ကြောင်း၊ ယင်းမြို့တွင် သုံးလခန့် နေထိုင်ခဲ့ပြီး
တရုတ်အမျိုးသား အလုပ်လုပ်ကိုင်သော ရှန်ဟိုင်းမြို့ သို့လိုက်ပါနေထိုင်ခဲ့ရာ
သမီးတစ် ဦးမွေးဖွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ သို့ရောက်ရှိပြီး
တစ်နှစ်ကျော် ကြာ သည်အထိ ဘာသာစကားအခက် အခဲကြောင့် မြန်မာနိုင်ငံမှမိဘများ
ထံ အဆက်အသွယ်မပြုလုပ်နိုင်ခဲ့ ကြောင်း၊ ယခုနှစ် မတ်လရောက် မှသာ
တရုတ်စကားအနည်းငယ် ပြောတတ်လာပြီး မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုသည့်
နည်းလမ်းအား သိရှိကာ မိခင်ဖြစ်သူထံဆက်သွယ် လာခဲ့ကြောင်းသိရသည်။ထိုသို့
မိခင်ဖြစ်သူထံဖုန်းဆက် သွယ်ပြီး မိမိအားတရုတ်ယောက်ျားထံရောင်းစားခဲ့သူ
မစိုးစိုးကို အမှုဖွင့်တိုင်တန်းပေးပါရန်နှင့် တရုတ် နိုင်ငံမှပြန်
လည်ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်ယောက်ျား ထံခွင့်တောင်းကာ ယခုလ ၁၈ရက် နံနက်တွင် လူကုန်ကူးခံရမှုနှင့် ပတ်သက်ပြီး မိန်းတိန်ရဲစခန်းသို့ သွားရောက် အကူအညီတောင်းခံ ခဲ့ပြီး မိခင်ဖြစ်သူထံသို့လည်း အကြောင်းကြားခဲ့ကြောင်း သိရ သည်။
ထိုသို့အကြောင်းကြားမှုကြောင့် မိခင်ဖြစ်သူကလူကုန်ကူးမှု တားဆီး နှိမ် နင်းရေး ရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စု (ရန်ကုန်)သို့ အကြောင်းကြားခဲ့ရာ တပ်ဖွဲ့စု (ရန်ကုန်)မှ တပ်ဖွဲ့စိတ် (ချင်းရွှေဟော်)သို့ ဆက်လက် အကြောင်းကြား ခဲ့ကြောင်း၊ ယင်း တပ်ဖွဲ့စိတ်(ချင်းရွှေဟော်)မှ တပ်ဖွဲ့ ဝင်များသည် ယခုလ ၁၉ ရက် နံနက်တွင် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးမှူး မစ္စတာလီကျင့်မြင် မှတစ်ဆင့် မိန်းတိန်ရဲစခန်းသို့ ဆက်သွယ်အကူ အညီတောင်းခံခဲ့ရာ အဆိုပါ မိန်းတိန်ရဲစခန်းမှ လူကုန် ကူးခံရသူ အမျိုးသမီးအား တရုတ်- မြန်မာ နယ်စပ်ဂိတ်သို့လာရောက် လွှဲပြောင်းပေးသဖြင့် တပ်ဖွဲ့စိတ် (ချင်းရွှေဟော်)မှလက်ခံခဲ့ပြီး ယခု လ ၂၁ရက်တွင် တပ်ဖွဲ့စု(ရန်ကုန်) မှတစ်ဆင့် မိဘအုပ်ထိန်းသူ ထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရ သည်။
လူကုန်ကူးခံရသူ အမျိုးသမီး ၏မိခင်ကတရားလိုပြုလုပ်တိုင်တန်း
သဖြင့် ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၂ဝ၁၃ ၊ လူကုန်ကူးမှု
တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မစိုးစိုးအား အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။
#The Union Daily
ရှမ်းပြည်နယ်ရှိ ယူနီဆက်ဖ် (UNICEF) ရုံးတွင် ဆေးဝါးဖြန့် ဖြူးသည့် အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ သို့ ရောင်းစားခံရသူ အမျိုးသမီးကို ယခုလ ၂၁ ရက်က မိဘအုပ်ထိန်းသူထံ ပြန်လည် အပ်နှံ ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွ
တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းစားခံရသောအမျိုးသမီး အား ရွှေပြည်သာ မြို့နယ် (၈) ရပ်ကွက် ရာဇဓိရာဇ်လမ်းနေ မစိုးစိုး(ဘ) ဦးသန်းမြင့်က ၂ဝ၁၂ ခုနှစ် နိုဝင် ဘာလအတွင်း ၄င်းအား ရှမ်းပြည် နယ်ရှိ ယူနီဆက်ဖ် (UNICEF) ရုံးတွင် ဆေးဝါးဖြန့်ဖြူးသည့် အလုပ်ရမည်ဖြစ်ပြီး တစ်လလျှင် လစာကျပ်တစ်သိန်းခွဲ သို့မဟုတ် နှစ်သိန်းရမည်ဟု စည်းရုံးပြောဆို ကာ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လားရှိုးမြို့သို့ရောက်သည့်အချိန