Tuesday, May 6, 2014

TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး KIA ကြိုးဆွဲရာ ကနေရသော ရုပ်သေး ရုပ်သာဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေး မလိုလားသော အဖွဲ့မှာ KIA သာဖြစ်ေ ကြာင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆို

0 comments
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၄) ဖွဲ့ လက်မှတ်ရေး ထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော (၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံ သာဖြစ်၍ KIA တစ်ဖွဲ့ တည်းသာ ကျန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦး က ပြောဆိုလိုက်သည်။

TNLA အဖွဲ့အား KIA မှမြှောက်ပင့်ပေးပြီး လူ၊ လက်နက် သာမက နောက် ကွယ်တွင်လည်း KIA ကြိုးဆွဲသမျှ ကနေရသော ရုပ်သေးရုပ်သာဖြစ်ကြောင်း ၎င်းကဆိုသည်။

“ TNLA နဲ့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ တကယ်တော့ TNLA တပ်ဖွဲ့ဝင်က နည်းနည်းလေးပါ၊ KIA တပ်ဖွဲ့ဝင်တွေက အများကြီးပါဝင်ပြီး အစိုးရတ ပ်တွေကို တိုက်တာပါ၊ မိုးကုတ် - မိုးမိတ် လမ်းကြောင်းပေါ် က အင်အားနည်းမှ န်း သိတဲ့တပ်စခန်းကို ၀င်တိုက်တာ TNLA မဟုတ်ပါဘူး၊ TNLA အမည်ခံထား တဲ့ KIA အဖွဲ့သာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် အမှန်တ ကယ် ငြင်းပယ်နေသော အဖွဲ့မှာ KIA အဖွဲ့သာဖြစ်ပြီး TNLA အဖွဲ့မှာ အမည် ခံဖြစ်သလို အင်အားလည်းမရှိ ၊ နိုင်ငံရေးရည်မှန်းချက်လည်း ဘာမှ မရှိသောေ ကြာင့် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်၍ မ ရကြောင်း၊ သင်းကွဲအ ဖွဲ့တစ်ခုမျှသာ ဖြစ်ကြောင်း သိရှိရသည်။

“ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တိုင်း အကွဲကြီးကွဲ အရှုံးကြီးရှုံးပြီး ခွေးပြေး ၀က်ပြေး ပြေးနေရတာ KIA အဖွဲ့ပါ၊ အဲဒီလိုဖြစ်တိုင်း KIA က အစိုးရတပ် ဘက်က ဘယ်လောက်ကျတယ်၊ ဘယ်လောက်သေတယ် ဆိုပြီး လေကြီးမိုး ကြီး ပုံကြီးချဲ့ဝါဒဖြန့်နေကြတာ၊ သူတို့ KIA ဆရာကြီးတွေ လေသံအတိုင်းပဲ၊ အသံကောင်းဟစ်နေ တာပါ၊ အမှန်တကယ် ငြိမ်းချမ်းရေး မလိုလားတဲ့အဖွဲ့ ဟာ KIA တစ်ဖွဲ့တည်းသာ ဖြစ်ပါတယ်၊ TNLA မပါပါဘူး ” ဟု ယင်းတပ်ဖွဲ့ဝင် က ဆက်လက်ပြောကြားသွားခဲ့သည်။

#မိုင်းအိုက်ပီး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here