၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံမှာ ဖြစ်ပွား ခဲ့သော ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်း ဖိုများ ပေါက်ကွဲသွားမှု အကျိုးဆက်ကြောင့် ဂျပန်နိုင်ငံရှိ တိရစ္ဆာန်များမှာ ပုံပျက်ပန်းပျက် ဖြစ်လာသည်။ ဂျပန်နိုင်ငံရှိ သိပ္ပံ သတင်းဂျာနယ်မှ သုတေသတနပြုမှုအရ အလွန်လှပသည့် လိပ်ပြာမျိုးဆက်များမှာ နျူကလီးယား အဆိပ်သင့်မှုကြောင့် ယခုအခါ အလွန်ရုပ်ဆိုး သော လိပ်ပြာများအဖြစ် ပြောင်းလဲသွားကြသည်။
ဂျပန်မှာ ဖြစ်ပွားလျက်ရှိသော အဏုမြူ အဆိပ်သင့်မှုများက အစားအစာ များ၌ ပင် တွေ့ရှိလာရသောကြောင့် ဂျပန်မှ တင်ပို့သော အစားအစာများကို ပြည်ပနိုင်ငံများက စားသုံးရန်မဝံ့မရဲဖြစ်နေကြသည်။ အဏုမြူအဆိပ် သင့်မှုများကို မထိန်းချုပ်နိုင်လျှင် ယင်းဆိုးကျိုးမှာ ဂျပန်နိုင်ငံ၏ နောင်လာမည့် မျိုးဆက်များအထိ ခံစားရနိုင်ဖွယ်ရှိကြောင်း သုတေသီများက သတိပေးထားကြသည်။
ref: ပြည်မြန်မာ