Wednesday, February 13, 2013

ပြည်ထောင်စုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော မျိုးချစ်လူငယ်များအကြောင်း ဦးသိန်းစိန်ပြန်ပြော

0 comments



(၆၆)နှစ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနားသို့ ပေး ပို့ခဲ့သော သ၀ဏ်လွှာတွင် ဗိုလ် ချုပ်အောင်ဆန်းဦးဆောင်သည့် မျိုးချစ်လူငယ်များအကြောင်းအား ထည့်သွင်းခဲ့ကြောင်း သိရသည်။
ယင်းသ၀ဏ်လွှာတွင် ““ကို လိုနီစနစ် ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ကျွန်ပညာရေးစနစ်  အကောင်အထည်ဖော်မှု၊ တိုင်း ရင်းသား ညီအစ်ကိုတို့အပေါ် မတရားကုပ်သွေးစုပ်ပြီး စိုးမိုးခြယ် လှယ်မှု မြန်မာသယံဇာတတို့ကို မတရားရယူသိမ်းပိုက်မှု စတဲ့ ခါးသီးသော အတွေ့အကြုံတို့ကို မြန်မာတိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ခါးသီးစွာ ခံစားရ ပါတယ်။ မျိုးချစ်စိတ်ပြင်းထန်လှ တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများဟာ အတူတကွ လက်တွဲပြီး နယ်ချဲ့ကို တွန်းလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ နယ်ချဲ့တို့ ကလည်း မြေပြန့်ဒေသနဲ့ တောင် ပေါ်ဒေသတို့ကို ခွဲခြားကာ တိုင်း ရင်းသား အမြင်စိတ်ဝမ်းကွဲပြား အောင် နည်းအမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ ပညာတတ်မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာတပ်မ တော်ကို ဖွဲ့စည်းခဲ့ပြီး ဖက်ဆစ် အကူအညီရယူ၍ မြန်မာမြေပေါ် မှ ကိုလိုနီနယ်ချဲ့ကို မောင်းထုတ် နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဖက် ဆစ်တို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် မြန်မာတိုင်းရင်းသား ညီအစ်များအားလုံးက ဖက်ဆစ် တို့ကို မြန်မာမြေပေါ်မှ တိုက် ထုတ်ခဲ့ရပါတယ်။ နယ်ချဲ့တို့ ပြန် လည်ဝင်ရောက်လာပြီး တောင် ပေါ်ဒေသကို ချန်လှပ်၍ ပြည်မ ကိုသာ လွတ်လပ်ရေးပေးလိုတဲ့ အတွက် အမိမြန်မာနိုင်ငံတော် ကြီးကို ချစ်မြတ်နိုးတဲ့ ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် ပြည် ထောင်စုမှာ တိုင်းရင်းသားညီအစ် ကို ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ပင်လုံညီလာခံကိုကျင်းပကာ တိုင်းရင်းသားအားလုံး တစ်ညီ တစ်ညွတ်တည်း လွတ်လပ်ရေး တောင်းဆိုကြမည်ဟု ကတိပြု လက်မှတ်ထိုးခဲ့ကြပါတယ်””ဟု ယင်းသ၀ဏ်လွှာတွင်ပါရှိကြောင်း သိရသည်။
အမိမြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အထူးအလေးထားပြီး တိုင်းရင်းသားတို့အသည်းနှလုံး ထဲတွင် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ အစဉ်အမြဲ ကိန်းအောင်းရန် လိုအပ်ကြောင်း ယင်းသ၀ဏ်လွှာမှ သိရသည်။
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here