Friday, February 8, 2013

ပြည်မြို့တွင် လိုင်စင်မဲ့ TOYOTA COROLLA SOLLON ကားတစ်စီး ဖမ်းဆီးရမိ

0 comments





ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊  ကျောင်းကြီးအိုးတန်းရပ်ကွက်၊ဆွေး နွေးဘုရားလမ်း၊ဦးဘစိန် နေအိမ်  အနီး၌ ဇန်န၀ါရီ ၂၄ရက် ညနေ (၄)နာရီတွင် လိုင်စင်မဲ့ဆလွန်းကား  (၁)စီး ဖမ်းဆီးရမိကြောင်း သတင်း  ရရှိသည်။ ပြည်မြို့၊ကျောင်းကြီး  အိုးတန်းရပ်ကွက်၊ဆွေးနွေးဘုရား   လမ်း၊ဦးဘစိန်နေအိမ်အနီးတွင် လိုင်စင်မဲ့ဆလွန်းကား(၁)စီးရပ်ထား ကြောင်း သတင်းရရှိသဖြင့် ယာဉ်  ထိန်းရဲတပ်ဖွဲ့ကျောင်းကြီးအိုးတန်း ရပ်ကွက်အုပ်ချုပ်ရေးနှင့်ပြည်(၁) စခန်းမှူးတို့ သွားရောက်စစ်ဆေး   ဆောင်ရွက်ခဲ့ရာ ဦးဘစိန်(၄၉)နှစ်  ထံမှ ၅ဂ/နံပါတ်တပ်ဆင်  ထားသောTOYOTA COROLLA  SOLLON (နီညိုရောင်)       ဓာတ်ဆီကား(၁)စီးကို တွေ့ရှိရပြီး    ၎င်းက ယာဉ်နှင့်ပတ်သက်သော  ယာဉ်မှတ်ပုံတင်နှင့်ခိုင်လုံသည့်   အထောက်အထားစာရွက်စာတမ်း  များကို ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်  မဲ့ယာဉ်လက်ဝယ်ထားရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟုသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်  ၍ လိုင်စင်မဲ့မော်တော်ယာဉ်အား   လက်ဝယ်ထားရှိသူ ဦးဘစိန်အား  ဥပဒေအရ အရေးယူဆောင်ရွက်   နိုင်ရေးအတွက် ပြည်(၁)ရဲစခန်း  က(ပ)၃၀/၂၀၁၃၊ပို့ကုန်/သွင်းကုန်    ဥပဒေပုဒ်မ ၈/၁၀ဖြင့် အမှုဖွင့်  အရေးယူဆောင်ရွက်ခဲ့ပြီး မော် တော်ယာဉ်လက်ဝယ်ထားရှိသူ ဦးဘစိန်အား ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေကြောင်းသတင်းရရှိ  သည်။
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here