Tuesday, September 25, 2012

တရုတ်ပြည်မှ သင်္ဘော တစ်ကာတို့ ရဲ့ ထိပ်ခေါင် သင်္ဘောကြီး

0 comments
စက်တင်ဘာလ(၂၅)

အဆိုပါ ဘလူးမာလင်း သင်္ဘော ကြီးဟာ ပေ ၇၁၂ ပေ ရှည်ကာ အနက်၊ စောက် ၁၃၈ ပေရှိကာ သူ့ ရဲ့ ကုန်းပတ် အကျယ်က ဘောလုံးကွင်း ၂ ကွင်းစာလောက် ရှိပါတယ်။ ရေမိုင် ၁၃ မိုင်အထိ မောင်းနှင်နိုင်ပြီး မြင်းကောင်ရေ ၁၇၀၀၀ အား ရှိတဲ့ ဒီဇယ် အင်ဂျင်တပ်ဆင် ထားကာ သင်္ဘော ၀န်ထမ်းပေါင်း ၂၄ ဦး ရှိပါတယ်။

ဒီသင်္ဘောကြီးကို ထိမ်းကျောင်း မောင်းနှင်ရတာဟာ ရေပေါ်မျှောနေသည့် အဆော
က် အဦးကြီး တစ်ခုလုံးအား ထိမ်းရသလို ဖြစ်နေမှာလို့ ဆိုနိုင်ပါတယ်.... အထက်ပါ ပုံတွင် ပါရှိသည့် တန်ချိန် ၆ သောင်းကျော် ရှိမည့် သင်္ဘော ကိုယ်ထည်များနှင့် ဆိပ်ခံ ဘောများဟာ ကိုရီးယားတွင် အကြမ်းထည်ပြုလုပ်ကာ ရိုတာဒမ် သို့ ပို့ ဆောင်ပြီး အချောသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။

တစ်ချို့ သော သင်္ဘောများ ကိုတော့ မြစ်တွင်းသွား သင်္ဘောများ အဖြစ် တည်ဆောက်မှာ ဖြစ်ပြီး တစ်ချို့ ကိုတော့ ပင်လယ်ပြင် ရေနံတူးခြင်းကဲ့ သို့ သော ဆောက်လုပ်ရေး ဆိုင်ရာ သင်္ဘောများ အဖြစ် ဖန်တီး တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီသင်္ဘောကြီး ပေါ်တွင် တင်ဆောင် ထားသည့် ကုန်ပစ္စည်း ( သင်္ဘော၊ ရေနံတူးစင် ) များအား မ, ချီနိုင်မည့် ကရိန်း ၊၀န်ချီစက် မရှိတာမို့  ၎င်းသင်္ဘောအား နည်းပညာ အသစ်ဖြစ် ၀မ်းဗိုက်ရေ သိုလှောင်ကန်များ အတွင်း ရေဖြည့် လိုက်ရုံဖြင့် ကုန်းပါတ်အား
ရေအောက် ၁၃ မီတာ အထိ နှစ်မြုပ်ထား စေရန် ဖန်တီး တည်ဆောက်ထားပါတယ်...

သင်္ဘောများ၊ ရေနံတူး စင်များအား ထိုကုန်းပါတ် ပေါ်တွင် ရပ်တန့် ကာ သိုလှောင်ကန်အတွင်းမှ ရေများ ဖယ်ထုတ် လိုက်ရုံ ဖြင့်ကုန်တင်သင်္ဘောကြီးပေါ် တင်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်...

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here