Tuesday, September 11, 2012

လူသားတွေကို အမြဲခြိမ်းခြောက်နေတဲ့ ကိုလက်စထရော

0 comments


ကိုလက်စထရော(Cholesterol) အလွန်မြင့်မားမှု၊ ကိုလက်စထရော များပြား မှုသည် ခန္ဓာကိုယ်တွင်း အစာချေ ဖျက်မှု သို့မဟုတ် ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်မူ မမှန်ခြင်း ဖြစ်ပါ တယ်။ ၎င်းသည် လူကြီးပိုင်း ၃ဝရာခိုင်နှုန်း လောက်ကို ဒုက္ခပေးပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ မှ သွေးများ ကို နှလုံးအိမ်ဆီသို့ သယ်ဆောင်ပေးတဲ့ သွေးကြော ကို ရောဂါဖြစ်စေတဲ့ အဓိက အန္တရာယ်ပြုတဲ့ အကြောင်းရင်းခံ တစ်ရပ်ဖြစ်ပါတယ်။ အဓိကအုပ်စုကြီး နှစ်ခုရှိပါတယ်။ ပထမအုပ်စု ပထမ အမျိုးအစားက မျိုးရိုးစဉ်ဆက် ဆင်းသက် လာ တဲ့ အသည်းက အစာချေ ဖျက်မှု ဖြစ်စဉ်အား နည်းမှု တစ် ခုဖြစ်ပါတယ်။ ယင်းဖြစ်ရပ်သည် ကလေးအရွယ်မှာ ကိုလက်စ ထရော အလွန် မြင့်မားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး မျက်ခြည်မပြတ် ကုသမှု ပြုလုပ်ရန်လို အပ်ပါ တယ်။

ဒုတိယအုပ်စု ဒုတိယ အမျိုးအစားက လူကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့်ဖြစ်ပါတယ်။ အထူး သဖြင့် အစားအစာကို အလွန်အကျွံစားသောက်ခြင်း သို့မဟုတ် မတည့်တဲ့ အစားအစာမျိုးများကို စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ ကိုလက်စထရောသည် အဆီဓာတ်ပါသော ဓာတ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဆီ မော်လီကျူးများ ဖြစ်ပါတယ်။ ၎င်းဓာတ်သည် ကျွန်ုပ်တို့ Cellsတွေထဲမှာ မပါမဖြစ်ပါတဲ့ ဓာတ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဓာတ်သည် Cellsများဖြင့် ဖွဲ့စည်း ထားတဲ့ခန္ဓာကိုယ် အမှေးပါးများထဲမှာ ရှိပြီးသားဖြစ်ပြီး အစာချေဖျက်မှု လမ်းကြောင်းထဲမှာ အများကြီးပါ ဝင်ပါတယ်။ ကိုလက်စထရော လေးပုံမှာ သုံးပုံက အသည်းမှ လာပြီး ကျန်တာ ကိုအစာ မှလာပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ကိုလက်စထရောသည် ခန္ဓာကိုယ်ထဲက Cells များ အားလုံး ဆီကို ရောက်ဖို့ အဆီပါတဲ့ ပရိုတိန်း (Lipoproteins)အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အဓိက ပရိုတိန်းအမျိုးအစားတစ်ခု ဖြစ်တဲ့ (LDL) အဆီပါဝင်မှု ရာနှုန်းနည်းတဲ့ ကိုလက်စထရောသည် အသည်းမှလာသည့် အဆီဓာတ်များကို ပို့ဆောင်ပါတယ်။ သို့သော် သွေးကြောနံရံမှာလည်း တစ်နည်းနည်းနဲ့ အဆီဓာတ် များပြားမှု ဖြစ်နိုင် ဖွယ်ရှိပါ တယ်။ ယင်းဖြစ်စဉ်သည် ဗက်တီးရီးယားများ ပေါက်ပွားနိုင်တဲ့ ကိုလက်စထရော အညှိအနယ် အနှစ်များကိုဖြစ် ပေါ်စေနိုင်ပါတယ်။ (Atheroma အညှိအနယ်အနှစ် လို့လည်းခေါ်ပါတယ်)

၎င်းအနယ်အနှစ်များသည် ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ စီးဆင်းတဲ့ သွေးများကို နှေးကွေးစွာ စီးဆင်းစေလျက် သွေးကြော တဖြည်းဖြည်း ကျဉ်းမြောင်းသွားနိုင်ပါတယ်။ အနယ်အနှစ် များသည် သွေးကြော ကို အနာလည်း ဖြစ်စေနိုင် ပြီး သွေး ပျစ်ခဲမှု ဖြစ်စဉ်ရဲ့ အစလည်းဖြစ်ပါတယ်။ သွေးပျစ်ခဲ လာပြီဆိုရင် သွေးစီး ဆင်းမှု ရုတ်တရက်ရပ်တန့် သွားစေ နိုင်ပါတယ်။ ဤနည်း အတိုင်းဘဲ Cellsတွေ ဆီပို့ပေးရတဲ့အောက်ဆီဂျင်နဲ့ သြဇာဓာတ်တွေလည်း ပို့မပေးနိုင်တော့ပါ ဘူး။ နှလုံးသို့ သွေး ပို့ပေးရတဲ့ သွေးကြောထဲမှာ သွေးပျစ်ခဲမှုဖြစ်ရင် နှလုံးရောဂါ ဖြစ်နိုင်ပါ တယ်။ ဦးနှောက်သွေးကြော သွေးပျစ်ခဲမှုဖြစ်ရင်နဲ့ သိပ်အရေး မကြီးသော သွေးကြောသွေး ပျစ်ခဲမှုရောဂါ၊ ခြေထောက်မှာ ဖြစ်ရင် လေသင်တုန်း ဖြတ်နိုင်ပါတယ်။ အဆီဓာတ် ပါဝင်မှုရာနှုန်း နည်းသော ကိုလက်စထရော အစုအပုံ (VLDL)က အဆီဓာတ် ထုတ်လွှတ်နေစဉ်ကို (Triglycerides) သကြားဓာတ်များများ ပါဝင်တဲ့ အဆီတစ်မျိုး ဖြစ်တည်မှု လို့လည်း ခေါ်ပါတယ်။ ယင်းသကြားဓာတ် များများ ပါဝင်တဲ့ အဆီဓာတ်မျိုး ဖြစ်တည်မှုများခြင်းသည် သွေးကြောကျဉ်းမှု ကိုလည်းဖြစ်စေပါတယ်။

ကိုလက်စထရော အတက်အကျ မမှန်ခြင်းနှင့် သွေးထဲမှာ အဆီဓာတ် ရာနှုန်းပိုခြင်းသည် ရောဂါလက္ခဏာကို မပြပါဘူး။ သင့်မှာအန္တရာယ် ရှိနေပြီဆိုတာ အချက်ပြ လိုက်တာဖြစ်ပါ တယ်။''သွေးထဲမှာ အဆီဓာတ် ပါဝင်မှု အခြေအနေကို စစ်ဆေး''ကြည့်ဖို့လို အပ်ပါတယ်။ ကိုလက်စထရော ပါဝင်မှုရာနှုန်းကို 200mg dl လျော့နည်းလျှင် အကောင်းဆုံးလို့ မှတ်ယူပါတယ်။ ၂ဝဝနဲ့ ၂၃၅ကြားမှာ ရှိပြီး ၂၄ဝထက်ကျော်လျှင် ကိုလက်စထရော အလွန် မြင့်မားတယ် လို့မှတ်ယူပါတယ်။

အကောင်းဆုံး LDLဟာ 130 mg dl အောက်မှာရှိသင့်ပါတယ်။ သို့သော် နှလုံးသွေးကြောရောဂါဆိုးရွားသည့် အခြေအနေမှာရှိတဲ့ ပုဂ္ဂိုလ်တွေသည် ထိုထက်ပိုနည်းတဲ့ အခြေအနေရှိအောင် လုပ် သင့်ပါတယ်။ လက်တွေ့ စမ်းသပ်မှုအရHDLအဆီဓာတ် ပါဝင်မှုမြင့်မားသည့် ကိုလက်စထရော နည်းလေကောင်းလေပါပဲ။ ထိန်းထားရမည့် အဆင့်ကတော့၆ဝmg/dl ကျော်ကျော်လောက် မှာ ထားရှိရပါတယ်။ အထူးသဖြင့် အခြားသော ကြီးမားသည့် နှလုံးရောဂါကို ဖြစ်စေတဲ့ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါရှိခြင်း သို့မဟုတ် မျိုးရိုးစဉ်ဆက် နှလုံးရောဂါပြဿနာ တို့ကဲ့ သို့သော အကြောင်းရင်း တစ်ခုခုဖြစ်ခဲ့ရင် အဆီဓာတ် ပါဝင်မှု အနည်းအများ မမှန်ကန်မှုကို ပြင်းပြင်းထန်ထန် ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြန်လည်ရယူရန် မလုပ်မဖြစ် လုပ်ပါ။ ရှိသင့်တဲ့ ရာနှုန်းထက် အဆီဓာတ်ကြိမ်ဖန်များစွာ များပြားနေမယ် ဆိုရင် ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။ အရက် သောက်ခြင်းကို ဖြတ်လိုက်ပါ။ ကိုလက်စထရောနည်းတဲ့ အစားအစာတွေကို ရွေးချယ်ပြီး ချင့်ချိန်စားသုံးပါ။ ထို့ပြင် လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ရန်လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။
From : ကိုရင်သာဂိ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here