Wednesday, January 8, 2014

တောင်ကြီး ရေရှားပါးရပ်ကွက်များ ရေပေးဝေရေး ကျပ်သိန်း ၇၅၀၀ သုံးရန်လျာထား

0 comments
8.1.2014
တောင်ကြီးမြို့ ရေရှားပါးရပ်ကွက်များ ရေပေးဝေရန် တိုးချဲ့ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်နေရာ ယင်းလုပ်ငန်းများအတွက် ကျပ်သိန်း ၇,၅၀၀ ကုန်ကျကြောင်း တောင်ကြီးမြို့နယ် စည်ပင် သာယာရေး ကော်မတီအ တွင်းရေး မှူး၊ မြို့နယ်စည်ပင်သာယာရေးဌာန၏ အလုပ်အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေး မှူး ဦးစိုးနိုင်ဦးက ဇန်န၀ါရီ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

တိုးချဲ့ရေပေးဝေရန်အတွက် နားယောင်းရေထွက်မှ ရတနာသီရိ ရပ်ကွက်ရှိ ရေဝေကန်အထိ ငါးမိုင်ကျော် သွယ်တန်းတပ်ဆင်ပြီးဖြစ်ကာ ရပ်ကွက်များသို့ရောက်ရှိရန်မူ ဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်သည်။

“နားယောင်း ရေပေးဝေရေးအတွက် ကျွန်တော်တို့ ယခင် စည်ပင်ဦးစီးက ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၂,၅၀၀ ကျော်ရယ်၊ မြို့နယ်စည်ပင်ရန်ပုံငွေ ကျပ်သိန်း ၄,၀၀၀ ကျော်ရယ် ပေါင်းပြီးတော့ လုပ်ဆောင်ခဲ့ တာ အားလုံး စုစုပေါင်းကုန်ကျငွေ ကျပ်သိန်းပေါင်း ၇၅၀၀ ကျော် ကုန်ကျဆောင်ရွက်ပေးထားခြင်းဖြစ် တယ်”ဟု ဦးစိုးနိုင်ဦးက ဆိုသည်။

ရေပေးဝေရေးအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာက နားယောင်းရေထွက်မှ ရတနာသီရိရပ်ကွက် ရေဝေကန် ထိ စမ်းသပ်မောင်းနှင်ခဲ့ပြီး ၂၀၁၄ ဇန်န၀ါရီ ၄ ရက်က စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်က စတင်ခဲ့သော ယင်းလုပ်ငန်းသည်လက်ရှိအချိန် တွင် ရေဝေကန် သို့ သွယ်တန်းပြီးဖြစ် ကာ ရပ်ကွက်များသို့ သွယ်တန်းပြီး ပါက တောင်ကြီးမြို့၏ ရေရှားပါးသော ရပ်ကွက်များဖြစ်သည့် ရတနာ သီရိ၊ ပြည်တော်သာ၊ ချမ်းမြသာစည်၊ စ၀်စံထွန်းရပ်ကွက် တို့ကို ရေပေးဝေနိုင်မည် ဖြစ်သည်။

နားယောင်းရေထွက်မှ ရေကို ဂျီမမ်ပိုက်ဖြင့် ပေပေါင်း ၂၄,၉၀၀ ကျော် သွယ်တန်းခဲ့ရပြီး၊ ဂါလန် ၅၀,၀၀၀ ဆံ့ရေစုကန် နှစ်ကန်၊ ရေစက်ရုံ သုံးရုံ၊ 315 kva ထရန်စဖော်မာ သုံးလုံး၊ 11 kva ဓာတ်အားလိုင်း ၄ ဒသ မ ၅ မိုင်၊ မော်တာပန့် သုံးစုံ တည်ဆောက် ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဦးစိုးနိုင်ဦးက “အခု ရေစုကန်ကို ရေပို့တင်နိုင်ပြီဆိုတာ ပြည်သူတွေ သိရှိသွားပါပြီ၊ ဒီရေတွေကို သူတို့ရဲ့ အိမ်တွေ သွယ်တန်းဖို့ကို ရပ်ကွက်အထောက်အကူပြုကော်မတီ၊ စီမံခန့်ခွဲမှုအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ဆုံပြီး လုပ်ဆောင်ပေးသွားမယ်”ဟု ပြောသည်။

ရေပိုက်ဖောက်လုပ်သွယ်တန်းရာတွင်လည်း မိုင်အားဖြင့်ငါးမိုင်ကျော် ကွာဝေးပြီး ကတ္တရာလမ်းများ၊ လယ် ခြံများ၊ ကျောက်ဆောင် များ ဖြတ်သန်းခဲ့ရသည့် အခက်အခဲများလည်းရှိခဲ့သည်ဟုလည်း ဦးစိုးနိုင်ဦးကဆို သည်။

ယခုပေးဝေမည့် နားယောင်း-ရတနာသီရိ ရေပေးဝေရေးသည် တစ်နှစ်ပတ်လုံး ရေပေးဝေသွားနိုင် မည် ဖြစ်ပြီး တစ်နေ့ရေရရှိနိုင်မှု ၃ ဒသမ ၅ သိန်း ဂါလန်ရှိကာ အိမ်ခြေ ၅,၈၇၄ အိမ်ကို အကျိုးပြုပြီး လူဦးရေ ၂၈,၇၁၇ ဦး အကျိုးပြုနိုင်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၏ မှတ်တမ်းများ အရ သိရ သည်။

ယင်းသို့ရေပေးဝေနိုင်ခြင်းမရှိခင်က အဆိုပါရပ်ကွက်များသည် ရေကိုဝယ် ယူသုံးစွဲရပြီး နေရာအနီးအဝေး လိုက် ရေတစ်စည်လျှင် ကျပ် ၂,၀၀၀ မှ ၄,၀၀၀ ကြား ရှိသည်။

တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်ရှိပြီး၊ လူဦးရေများပြားလာ မှုနှင့်အတူ ရေရှားပါး မှုပြ ဿနာ နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here