Tuesday, September 25, 2012

iPhone 5 နဲ့ Galaxy S3 ဘယ်ဟာက အကြမ်းခံသလဲ

0 comments


စာဖတ်သူ တော်တော်များများလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ Drop test ဗီဒီယိုပေါင်းများစွာလည်း ဝင်ရောက်မွေနောက်ပြီးပြီလို့ယူဆပါတယ်။ မသေချာမှာစိုးလို့ ဗီဒီယို ၅ခု၊ ၆ခု မွေနောက်ကြည့်လိုက်တာ Drop test တိုင်းမှာ Samsung Galaxy S3 ကရှုံးပါတယ်။ 

Drop test များကို အောက်ပါလခ့်များမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

http://www.youtube.com/watch?v=J4zQKeAEqsQ&feature=related
http://youtu.be/36U-hOhTNIw
http://youtu.be/DuwD7pdxxyo
http://www.youtube.com/watch?v=6M5q5TRuAsY

ဘာကြောင့်လဲဆိုတာကတော့ အကြောင်းပြချက်အနည်းငယ်ရှိပါတယ်။

အသုံးပြုသည့် သတ္တုအမျိုးအစား

iPhone 5 ကတော့ အလူမီနီယံ သတ္တုကို သုံးလိုက်ပါတယ်။ ယခင်က Stainless steel ပဲ သုံးခဲ့ရာမှာ ပြောင်းသုံးလိုက်တာ ဖြစ်ပါတယ်။ အဓိက ကတော့ အကြမ်းခံဖို့ ဖြစ်ပါတယ်။ Samsung Galaxy S3 ကတော့ ပလပ်စတစ် တစ်မျိုးဖြစ်တဲ့ ပိုလီကာဘွန်နိတ်ကို သုံးလိုက်ပါတယ်။ အဆင့် ဘယ်လောက်မြင့်တယ်ပြောပြော ပလပ်စတစ် ကာဗာကတော့ အလူမီနီယမ် ထက်တော့ အကြမ်းမခံတာ သေချာနေပါပြီ။ သူသုံးတဲ့ ရည်ရွယ်ချက်က အကြမ်းခံ ဖို့တစ်ခုအတွက်မဟုတ်ပဲ၊ အလေးချိန်လျော့ချရန်၊ အပူချိန် လျော့ချရန် ဖြစ်ပါတယ်။ 

အရွယ်အစား

iPhone 5 က ၄ လက်မဖုန်းဖြစ်ပါတယ်။ 123.8 x 58.6 x 7.6mm ကိုယ်စီ အတိုင်းရှိပါတယ်။ ဒီတော့ အရွယ်အစားက ကျစ်လစ်ပြီး အောက်ကျ တဲ့အခါ ဝိတ်မျှဝေမှုက တူညီနေပါတယ်။ ပြီတော့ ကျရင်လည်း အပြားလိုက်ကျတာ ထက် ဒေါင်လိုက်ကျနိုင်ချေပိုများပါတယ်။ ဒီတော့ ထိ ရင်တောင် ဘေးထောင့်စွန်းတွေပဲ ပိုထိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Apple က iPhone 5 ကိုထောင့်စွန်းအနား သေသေသပ်သပ်လုပ်နေပုံကို မိတ်ဆက် ပွဲမှာ တစ်ခါတည်းပြသသွားပါတယ်။ 

Samsung Galaxy S3 ကျတော့ အဲ့လိုမဟုတ်တော့ပါဘူး။ ၄.၈ လက်မ မျက်နှာပြင်၊ အတိုင်းအတာကျတော့ 136.6 mmx 70.7 mm x8.6 mm ဖြစ်ပါတယ်။ လက်တစ်ဝါးစာ ပြည့်နေမယ့် ဖုန်းဖြစ်ပါတယ်။ ဒီတော့ အောက်ကျရင် သူကျနိုင်ချေရှိတဲ့ ပုံစံက အပြားလိုက်ဖြစ် ပါတယ်။ ဒေါင်လိုက်ကျနိုင်ချေနည်းပါတယ်။ ဒီတော့ အဓိက ထိမယ့်နေရာ က ရှေ့ နဲ့ နောက်ကျောဖြစ်ပါတယ်။ ဖန်သားပြင်ကျရင်တော့ ကွဲပါမယ်။ နောက်ကျော်ဘက်ကျရင်တော့ ပလပ်စတစ်ခွံ ကွာသွားမှာ ဖြစ်ပါ တယ်။ 

အလေးချိန်

တကယ်အကြမ်းခံမခံက အလေးချိန်နဲ့လည်း ဆိုင်ပါတယ်။ ဘယ်လောက် ခံတယ်ပြောပြော အလေးချိန်များတဲ့ ပစ္စည်းက ပိုအထိနာစမြဲဖြစ်ပါတယ်။ ရူပပေဒသဘောတရားအရဆိုရင် အလေးချိန် (mass) နဲ့ ကမ္ဘာမြေဆွဲအား (g) ၊ အမြင့် (height) သုံးခုမြောက်ရင် ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။ iPhone 5 က ၁၁၂ ဂရမ်လေးပါတယ်။ ဒါတောင် အလူမီနီယမ် ကိုယ်ထည်ဖြစ် ပါတယ်။ ဒီတော့အတွင်းပစ္စည်းတွေ ပေါ့တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ Samsung Galaxy S3 ကတော့ ၁၃၃ ဂရမ် လေးပါတယ်။ ဒါတောင် အပြင်က ပလပ်စတစ်ဖြစ်ပြီး အတွင်းပစ္စည်းလေးပုံရပါတယ်။ ဒီတော့ ပိုလေးတဲ့ S3 က ပိုအထိနာရခြင်း ဖြစ်ပါတယ်။ 

ဒီတော့ အားလုံးခြုံငုံပြီး ကိုယ့်ပါကိုယ် စိတ်ထဲကနေ ပစ်ချကြည့်လို့ရပါတယ်။ iPhone 5 ကို ကိုယ့်နားကနေ ကျတယ်လို့ယူ ဆပြီး အောက်ကို ဒေါင့်စွန်းနဲ့ ထိပါမယ်၊ ဒီတော့ ဖြစ်နိုင်ချေက ဒေါင့်မှာပွန်းပဲ့သွားပါမယ်။ ကံမကောင်းရင် ဖန်သားမျက်နှာပြင်မှာ အက်ကြောင်းထင်ပါမယ်။ Samsung Galaxy S3 ချကြည့်ပါ။ အပြားလိုက်ကျပြီး ကာဗာကဖြစ်ရင် ကာဗာပြုတ်ပြီး ဖန်သားပြင်ဖြစ်ရင် အကွဲရာပိုများပါမယ်။ 

ဒီတော့ သတ္တုအမျိုးအစား၊ အရွယ်အစား၊ အလေးချိန် စတဲ့ အချက်အလက် များဟာ အချိုးကျကျပေါင်းစပ်ရခြင်း ဖြစ်ပါတယ်။ အရွယ်ကြီးချင်ရင်တော့ အပျက်ခံနိုင်ဖို့ ပိုကြိုးစားရပါမယ်။ အရွယ်ငယ်ရင်တော့ အကြမ်းခံပေမယ့် Screen ကြီးကြီးလောက် အားမရပြန်ပါဘူး။ ဒါ့အပြင် အခြား နည်းပညာနှိုင်း ယှဉ်ချက်များလည်း ရှိနေပါသေး တယ်။ သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိနေပါတယ်။ 

Specification တစ်စုစီ နှိုင်းယှဉ်ကြည့်ရင်တော့ Samsung Galaxy S3 က သာသလို ရှိနေပါတယ်။ သို့ပေမယ့် နှစ်ခုလံး တကယ်အသုံးပြုကြည့် ဖူးပြီးမှသာ ဘယ်ဟာကောင်းတယ်ဆိုတာ ဆုံးဖြတ်ရစမြဲဖြစ်ပါတယ်။ ဘယ်သူမှတော့ ဖုန်းတစ်လုံးကို နမော်နမဲ့နိုင်လောက်အောင် လွတ်ချမယ် လို့လည်း မထင်ပါတယ်။ ဒီအကြမ်းခံ စမ်းသပ်ချက်ကြောင့် Samsung ပရိတ်သတ်များ စိတ်အားငယ်သွားကြမယ်ထင်ပါတယ်။ Drop Test တွေက သက်သက်ကို လွတ်ချပြီး နှိုင်းယှဉ်ပြသထားခြင်း ဖြစ်ပါတယ်။ ဖော်ပြပါ အချိုးအစားမှာ စတေးလိုက်ရမှုကြောင့် Samsung Galaxy S3 က သာသွားတဲ့အချက်လေးတွေ ရှိနေပါတယ်။ ဥပမာ- ရုတ်တရက်ကြည့်လိုက်ရင်တောင် မျက်နှာပြင် ပိုကျယ်ပါတယ်။

ဘယ်သူ မှတော့ ဖုန်းတစ်လုံကို အလကားနေရင်း မလွတ်ချတတ်ပါဘူး။ မမျော်လင့်ပဲ ကျတာမျိုးတော့ ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ဖုန်းတစ်လုံးကို နမော်နမဲ့ နိုင်စွာ ပြုတ် ကျတတ် သူမျိုးဆိုရင် iPhone 5 နဲ့ ပိုမိုသင့်တော်တယ်လို့ ယူဆရပါတယ်။ Apple နဲ့ Samsung တို့တိုက်ပွဲကြား မှာ Techspace က သတင်းပေးရုံမျှ သာ ဖြစ်ပါတယ်။ ဘယ်ဟာကောင်း တယ်ဆိုတာကတော့ User တွေဘက်က ထွက်လာမယ့် စကားသံ သာ ဖြစ်ပါတယ်။ 
---
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/09/iphone-5-galaxy-s3.html
 
ဘကြီးသက်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here