Sunday, October 28, 2012

တာချီလိတ်မြို့တွင် ကျင်းပသော ကျိုင်းတုံကက်သလိစ်သာသနာ နှစ်(၁၀၀)ပြည့် အကြိုဂျူဗလီပွဲတော်သို့ ကျိုင်းတုံ ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ပီတာလွီး(စ်)မှ ကြွရောက်ချီးမြှင့်

0 comments
အောက်တိုဘာ(၂၈)

ကျိုင်းတုံ ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ပီတာလွီး(စ်) [Peter Louis Ca Ku]  သည် တာချီလိတ် စိန်ဂျုဒ် 

ကက်သလိစ် ဘုရားရှိခိုးကျောင်းမှာ ကျင်းပတဲ့ ကျိုင်းတုံကက်သလိစ်သာသနာ နှစ်တစ်ရာပြည့် ဂျူဗလီအကြိုပွဲတော်သို့ေ

အာက်တိုဘာ(၂၇)ရက်နေ့ ညနေ(၄း၄၀)နာရီမှာ ကြွရောက်ချီးမြှင့်ပါတယ်။


ကျိုင်းတုံကက်သလိစ်သာသနာ ရာပြည့်အကြို ဂျုဗလီပွဲတော်များကို ရှမ်းပြည်နယ်ရှိ မြို့နယ်တိုင်းမှာ အလှည့်ကျ ကျင်းပကြပြီး

 ထိုသို့ ကျင်းပသော မြို့များသို့ ဆရာတော်မှ တက်ရောက်ချီးမြှင့်ပေးတာဖြစ်တယ်လို့ တာချီလိတ်ဂျူဗလီပွဲတော်ကို 

တက်ရောက်လာသူ တစ်ဦးက ပြောပါတယ်။ 


အခြားမြို့ငယ်များတွင် ရာပြည့်ဂျူဗလီအကြိုပွဲတော်များကို ကျင်းပခဲ့ကြပြီး ယခုမှာ တာချီလိတ်အလှည့်ဖြစ်ပါတယ်။ တာချီလိတ် 

စိန်ဂျုဒ် ကက်သလိစ်ဘုရားရှိခိုးကျောင်းမှာ ကျိုင်းတုံကက်သလိစ်သာသနာ ရာပြည့်ဂျူဗလီအကြိုပွဲတော်ကိုေ

အာက်တိုဘာ(၂၇)ရက်နေ့မှ အောက်တိုဘာ(၂၈)ရက်နေ့ထိ (၂)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။


ကျိုင်းတုံကက်သလိစ်သာသနာ နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်ကြီးကို ကျိုင်းတုံမြို့မှာကျင်းပမှာဖြစ်ပြီး ကျင်းပမဲ့ပွဲတော်ရက်ကိုတော့

 နိုဝင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပမှာဖြစ်ကြောင်း သိရှိရပါတယ်။ 


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here