အောက်တိုဘာ(၂၇)ရက်နေ့ နေ့လည်(၁၂း၁၅)နာရီက တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ
ကျင်းပပြုလုပ်တဲ့ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံးရွတ်ဖတ်ပူဇော် ပြိုင်ပွဲကို တာချီလိတ်မြို့
နယ်ဓမ္မာရုံထဲမှာ ကျင်းပခဲ့ကြပါတယ်။
- ၁) ထွေ/အုပ် ၀တ်အသင်း
- ၂) ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း
- ၃) အဘိဓမ္မာပြန့်ပွားရေး ၀တ်အသင်း
- ၄) ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း
- ၅) ပုန်းထွန်+တာလော့ ၀တ်အသင်း
- ၆) ဆန်ဆိုင်း(က+ခ) ၀တ်အသင်း
- ၇) ၀မ်ကောင်း+မယ်ခေါင် ၀တ်အသင်း
- ၈) အ.ထ.က(တာချီလိတ်) ၀တ်အသင်း
- ၉) အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း
- ၁၀) အ.ထ.က[ခွဲ] (ဟောင်လိတ်) ၀တ်အသင်း
တို့ဖြစ်ကြပြီး ပြိုင်ပွဲဝင် အသင်းတစ်သင်းရဲ့ အင်အားကို (၁၅)ယောက် သတ်မှတ်ပေးထားပြီး အရံအဖြစ်
(၃)ဦးထည့်သွင်းထားကာ စုစုပေါင်း တစ်သင်းမှာ (၁၈)ဦးရှိပြီး ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်း(၁၀)သင်းရဲ့
အင်အားမှာ (၁၈၀)ဦးရှိပါတယ်။
ဆုပေး ပွဲ ကိုတော့ အောက်တိုဘာ(၃၀)ရက်နေ့ ညနေ(၄)နာရီ တာချီလိတ်ရွှေတိဂုံစေတီတော်မှာ ကျင်းပ
မယ်လို့ သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ