Friday, December 7, 2012

ကျားဖြူပါတီ ညီလာခံ ကျင်းပမည်

0 comments
ဒီဇင်ဘာ(၇)

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ရော၊ ပါတီအားနည်းချက် အားသာချက်တွေ ပြန်လည်သုံးသပ်ဖို့အတွက် ဒုတိယအကြိမ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ညီလာခံကို ကျင်းပသွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါဝ်းက ပြောပါတယ်။
ကျားဖြူပါတီ ညီလာခံကို ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ၂၀၁၃ ခု ဇန်န၀ါရီ ၂ ရက်နဲ့ ၃ ရက်နေ့တွေ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းပြည်နယ်မှာရှိတဲ့  ပါတီရုံးစိုက်ရာ မြို့နယ်အားလုံး၊ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး၊ စီအီးစီတွေအားလုံး ဗဟိုအလုပ်အမှုဆောင်တွေအားလုံး ဖိတ်ထားတယ်လို့ ဆိုပါတယ်။
 
မနှစ်က ညီလာခံကျင်းပသွားတဲ့အချိန်ထိ ကျားဖြူပါတီအဖွဲ့ဝင်ဟာ ၃ သောင်းလောက်ပဲ ရှိပေမယ့် အခု ပါတီဝင် ၁ သိန်းကျော်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပအိုဝ်းနဲ့ ၀ စတဲ့ ဒေသတွေမှာလည်း ပါတီရုံးခွဲတွေ ဖွင့်လှစ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် အဲဒီဒေသက  တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဦးစိုင်းအိုက်ပေါဝ်းက ပြောပါတယ်။
ပါတီတည်ထောင်ပြီးတဲ့ ၂ နှစ်အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အသီးသီးရဲ့ ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပေးမှုတွေအပေါ် အားရကျေနပ်ကြောင်း အထူးသဖြင့် အဓမ္မလုပ်အားပေးခံရတာနဲ့ မြေသိမ်းလယ်သိမ်းကိစ္စ၊ လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေကို နည်းပါးသွားအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူအကျိုးအတွက် အခြားရှမ်းပါတီ ၂ ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အမတ် ၁၅၇ ဦး ယှဉ်ပြိုင်ခဲ့ပြီး ၅၇ ဦး အရွေးခံခဲ့ရပါတယ်။ လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော် ၂ ရပ်ပေါင်း အမတ် ၂၂ ယောက်ရှိပြီး ကြံ့ခိုင်ရေးနဲ့ အန်အယ်လ်ဒီပြီးရင် အင်အားအကောင်းဆုံး ပါတီဖြစ်ပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here