Friday, December 7, 2012

အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြို ညှိနှိုင်းဆွေးနွေး

0 comments
ဒီဇင်ဘာ(၇)

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြို ညှိနှိုင်းဆွေးနွေးပွဲကို
ချင်းအမျိုးသားတပ်ဦး (CNF) နှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
အဖွဲ့တို့ ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးခြင်းသည် ဒီဇင်ဘာ ၈ ရက်၌ ဆွေးနွေးမည့် ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု
ဝန်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ပိုင်းတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ချင်းအမျိုးသားတပ်ဦး (CNF)မှ အတွင်းရေးမှူးဆင့်ကျုံး၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်
ကြီး သန်းထွန်း၊ အဓိပတိ ကောင်စီဝင်များအပါအ၀င် ကိုယ်စားလှယ် ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။

Photo:

7 day

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here