17.01.2013
အယ်လ်ဂျီးရီးယားနိုင်ငံမှာ
အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေ ဓားစာခံအဖြစ်နဲ့
ဖမ်းဆီးထားတဲ့ သဘာဝ ဓာတ်ငွေ့စက်ရုံကို အစိုးရကနေ ဝင်ရောက်
စီးနင်းတိုက်ခိုက် ခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့အလယ်ပိုင်းမှာ
ရှိတဲ့ Amenas အရပ်မှာ ကြာသပတေးနေ့က ဝင်ရောက် တိုက်ခိုက်မှုအတွင်း အနည်းဆုံး
တန်ဆာခံ ၃၄ ဦးနဲ့ ပြန်ပေးဆွဲသူ ၁၅ ဦး သေဆုံး ခဲ့တယ်လို့
စစ်သွေးကြွအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
အဖြစ်အပျက် အသေးစိတ်ကို အခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စက်ရုံဝင်းထဲက စစ်သွေးကြွ တစ်ယောက် သေဆုံးသွားမှုနဲ့ ပတ်သက်ပြီး ပြောတယ်ဆိုပြီး The Mauritanian news agency ANI က ဖော်ပြပါတယ်။ အယ်လ်ဂျီးရီးယား Press Service ကတော့ အဖမ်းဆီး ခံရတဲ့ အယ်လ်ဂျီးယား ၃၀ လောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဖော်ပြခဲ့သလို တချို့သတင်းတွေမှာတော့ နိုင်ငံခြားသားတွေ လွတ်မြောက်ခဲ့တာလို့ ပြောကြပါတယ်။
အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေကတော့ အိမ်နီးချင်း မာလီနိုင်ငံမှာ ပြင်သစ်နိုင်ငံက စစ်ရေးအရ ပါဝင်ပတ်သက်နေတာကို လက်တုန့်ပြန်တဲ့အနေနဲ့ နိုင်ငံခြားသား ၄၁ယောက်ကို ဖမ်းဆီးထားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ မာလီနိုင်ငံနဲ့ အဆက်အသွယ်ရှိတဲ့ the Islamic Maghreb တွေဘက်က အယ်လ်ကိုင်းဒါးလို့ အမည်ရတဲ့ AQIM အဖွဲ့ ပြောခွင့်ရကတော့ ဖမ်းဆီးထားတဲ့အထဲမှာ အမေရိကန် ၇ယောက်ပါတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အမေရိကန် အစိုးရတာဝန်ရှိသူတွေကလည်း တန်ဆာခံအဖြစ်နဲ့ အဖမ်းအဆီး ခံနေရသူတွေထဲ အမေရိကန်တွေ ပါမယ်လို့ ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
သတင်းရင်းမြစ် - ဗွီအိုအေ