Wednesday, April 3, 2013

တာချီလိတ်မြို့မှာ ဖွင့်လှစ်မဲ့ မျိုးဆက်ခြားကျန်းမာရေးရုံး အတွက် လျှောက် လွှာများခေါ်ယူလျှက်ရှိ

0 comments

ဧပြီ(၃)
တာချီလိတ်မြို့မှာ ဖွင့်လှစ်မဲ့ မျိုးဆက်ခြားကျန်းမာရေးရုံးအတွက် ကွန်ပျူတာကျွမ်းကျင်ပညာရှင် တစ်ဦး နဲ့ သူနာပြုများပါ လိုအပ်နေလျှက်ရှိကြောင်းသိရပါတယ်။

ကွန်ပျုတာကျွမ်းကျင်ပညာရှင်ကို အမျိုးသား အမျိုးသမီးဟူ၍ ခွဲခြားသတ်မှတ်ထားခြင်းမရှိပဲ လာရောက်လျှောက်ထားသူများထဲမှ ကျွမ်းကျင်သူကို ဦးစားပေးခန့်အပ်မှာဖြစ်ပါတယ်။ ထို့အတူ သူနာပြုများလည်း လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အဆိုပါရုံးရဲ့ လုပ်ငန်းစဉ်များအနက် ကျေးရွာများသို့ ကွင်းဆင်းရာမှာလည်း လိုက်ပါနိုင်သူ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ဘာသာစကား အနည်းငယ်တတ်ရန်လည်း လိုကြောင်းနဲ့ ရုံးချိန်ကို နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

လစာနှုန်းထားမှာ လောလောဆယ် ဒေါ်လာ(၂၀၀)သတ်မှတ်ပေးထားပြီး လျှောက်လွှာကိုတော့
( ၄.၄.၂၀၁၃ )ရက်နေ့ နောက်ဆုံးထားကာ လာရောက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

"အေး" ဆေးခန်း
ဒေါက်တာ မျိုးသွယ်သွယ်ဦး
ထိုင်းဖုန်း 0875777967
ဘုရင့်နောင်ဈေးတိုက်တန်း၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here