ဇူလိုင်လ(၂၉)ရက်

ဇူလိုင်လ ၂၇ ရက်နေ့က ရွာသွန်းသော မိုးကြောင့် ဘူးသီးတောင်- မောင်တောကားလမ်းသည် ဆိုးရွားစွာ ပျက်စီးသွားကြောင်းသိရသည်။
ဘူးသီးတောင်နှင့် မောင်တောကို ဆက်သွယ်ထားသော ကားလမ်းသည် တစ်လမ်းတည်းသော အဓိကဆက်သွယ်ရာလမ်းဖြစ်ပြီး
စီးပွားရေးအပြင် လုံခြုံရေး အတွက်ပါ အဓိကကျသောလမ်းဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် လမ်းသည် ပျက်စီးလေ့ရှိပြီး ကားများသွားလာ၍မရဖြစ်ကာ ခရီးသွားများ တောလမ်းတလျှောက် လမ်းလျှောက်ပြီးသွားလာရသည်။
နစက ကိုဖျက်သိမ်းပြီးနောက် လုံခြုံရေးကိုစိုးရိမ်နေရသော အချိန်တွင် လမ်းပျက်သွား၍ သွားလာမရဖြစ်ပါက လုံခြုံ့ရေးနှောင့်နှေးသွားမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း သိရသည်။
Coral Arakan News