Thursday, September 5, 2013

ခွဲတမ်းဖြင့်ရရှိသည့် ဂျာမဏီနိုင်ငံထုတ် Mercedes ကားများကို ရောင်းချပေးမည်

0 comments
 
 5.9.2013

 ခွဲတမ်းဖြင့်ရရှိသည့် ဂျာမနီနိုင်ငံထုတ် Mercedes ကားများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ဂျာမနီနိုင်ငံမှ စင်ကာပူသို့ပေးအပ်သည့်ခွဲတမ်းများတွင် မြန်မာပါဝင်နိုင်မည်ဖြစ်ပြီး အဆိုပါ ခွဲတမ်းရရှိမှုအပေါ်မူတည်၍ ဂျာမနီနိုင်ငံနှင့် တစ်ပြိုင်တည်းနီးပါး ဖြန့်ချိရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဂျာမနီနိုင်ငံထုတ် ၂၀၁၃ နှင့်အထက် Mercedes-Benz ကားများကို Cycle & Carriage Automobile Myanmar မှ စက်ရုံမှတိုက်ရိုက်တင်သွင်းကာ တရားဝင်ရောင်းချပေးသွားမည် ဖြစ်သည်။ ၂၆ ဇူလိုင်လမှ စတင်၍ ဂျာမနီသို့ တိုက်ရိုက်မှာယူနိုင်မည်ဖြစ်ပြီး ၂၀၁၄ ဇန်နဝါရီလဝန်းကျင်လောက်တွင် Show-room နှင့် Service Center ကြီးများကို ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်ဟုသိရသည်။ ဂျာမနီကုမ္ပဏီမှ တိုက်ရိုက်ရောင်းချခြင်းနှင့် ပတ်သက်၍ “လက်ရှိ ဂျာမနီနိုင်ငံရဲ့ စက်ရုံမှာရှိတဲ့ ၂၀၁၃ မော်ဒယ်တွေနဲ့ ၂၀၁၄ ခုနှစ်ထုတ် မော်ဒယ်တွေကို မှာယူနိုင်မှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံကလည်း ခွဲတမ်းဖြင့်ရရှိသည့် ဂျာမဏီနိုင်ငံထုတ် Mercedes ကားများကို ရောင်းချပေးမည်နေနဲ့ ရောင်းချတာမျိုးဖြစ်တဲ့အတွက် ဂျာမနီမှ ယခုမှအသစ်ထုတ်လိုက်တဲ့ကားကို ခွဲတမ်းတစ်ခုရရှိမယ်ဆိုရင် တစ်ပြိုင်တည်းနီးပါးရအောင် ဆောင်ရွက်ပေးမှာပါ” ဟု Cycle & Carriage Auto mobile မှ တာဝန်ရှိသူက ရှင်းပြသည်။ တိုက်ရိုက်တာဝန်ယူ ရောင်းချခြင်းနှင့်ပတ်သက်၍ “နောက်ဆုံးပေါ်နည်းပညာအသစ်များစွာ ပါဝင်မှာဖြစ်ပြီး (QC Pass) ဖြစ်ပြီးသားတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ တရားဝင်ဝယ်ယူထားခြင်းမဟုတ်တဲ့ ယခင် Mercedes-Benz တွေကိုတော့ Service ပေးသွားဖို့မရှိပါဘူး။ ဖြစ်ခဲတဲ့ကိစ္စရပ်တစ်ခုဖြစ်တဲ့ ကုမ္ပဏီမှ ပြန်လည်သိမ်းယူခြင်းမျိုးမှာ ဂျာမနီ Mercedes ကနေတာဝန်ယူဖြေရှင်းပေးမှာပါ” ဟု ဝယ်ယူသူ ရရှိနိုင်သည့် အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။ ယခင် Mercedes-Benz ကားများကို ဝယ်သူများအနေဖြင့် ဝယ်ယူရာတွင် ပြင်ဆင်ရန်ခက်ခဲမှုများကြောင့် ဝယ်ယူရန် စိုးရွံ့ခဲ့ပြီး ယခုကဲ့သို့ ဂျာမနီမှ တိုက်ရိုက်တာဝန်ယူ တင်သွင်း၍ Service Center ကိုပါ ဖွင့်လှစ်ခြင်းကြောင့် ပိုမိုအဆင်ပြေစွာ ဝယ်ယူနိုင်မည်ဖြစ်သည်။

 မိုးသူ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here