Tuesday, October 8, 2013

ABSDF အဖွဲ့ နိုင်ငံရေးပါတီတည်ထောင်မည်မဟုတ်ဟုဆို

0 comments

8.10.2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အနေဖြင့် နိုင်ငံ ရေးပါတီတည်ထောင်ခြင်းကို လုံးဝပြုလုပ်သွား မည်မဟုတ်ကြောင်း ABSDF ဥက္ကဋ္ဌဦးသံခဲက ပြည်ထောင်စုနေ့စဉ်သို့ ယမန်နေ့က ပြော သည်။

နိုင်ငံရေးဖြစ်စဉ်တွင် အဓိကလိုအပ်နေသည့် လွှတ်တော်ပြင်ပနိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်နိုင်သည့်နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးသည် အလွန်အရေးကြီးကြောင်း၊နိုင်ငံရေးအင်အားစုများ အားလုံးပါဝင်ရေးဟုဆိုရာတွင် တော်လှန် ရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်မှုတို့ဖြစ်ကြောင်း၊ ABSDF အနေဖြင့် ယုံကြည်ထားကြောင်း ၄င်းကထပ်မံပြောသည်။

''နိုင်ငံရေးဆွေးနွေးပွဲတွေကို လွတ်လွတ် လပ်လပ်ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မှသာလျှင် အားလုံး သဘောတူညီတဲ့ နိုင်ငံရေးသဘောတူညီ ချက်ရမှာဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီ ချက်ရရင်တောင်မှ တိုင်းပြည်အတွက် ဆုံးဖြတ် တဲ့ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင် အထည်ဖော်နိုင်မှာဖြစ်တယ်။ အဲဒီလိုနိုင်ငံရေး ဆွေးနွေးပွဲရောက်ပြီ
ဆိုရင်ABSDF ဟာအရင် ABSDF တိုင်းပဲ တက်မယ်လို့ဆုံးဖြတ်ထားပါ တယ်''ဟု ဦးသံခဲက ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။

ABSDF အဖွဲ့သည် ပြည်မသို့လာရောက် ၍ နိုင်ငံရေးဆွေးနွေးပွဲများ၊နိုင်ငံရေးအင်အား စုများနှင့် တွေ့ဆုံပွဲပြုလုပ်ခြင်းများကို ဆောင် ရွက်ခဲ့ပြီးနှစ်ပတ်ခန့်နေထိုင်သွားမည်ဖြစ် ကြောင်း၊ KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် လေ့လာသူအဖြစ် တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here