Thursday, October 31, 2013
အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည့် သက်တမ်းကုန်ဆုံးရက် မပါဝင် သည့် အစားအသောက်များ ရောင်းချမှု
Categories :
31.10.2013
ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ကိတ်မုန့်၊ ပေါင်မုန့်၊ အအေးစတဲ့ အစား အသောက်များ ရောင်းချ ပါက သက်တမ်းကုန်ဆုံးရက်မပါဝင်တဲ့ အစား အသောက်များရောင်းချပါက အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ပြည်တွင်းရဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ကိတ်မုန့်၊ ပေါင်မုန့်နဲ့ အအေး စတဲ့ အစား အသောက်များ သက်တမ်းကုန်ဆုံးရက်မပါဝင်ဘဲ ရောင်းချမှုတွေ တွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စားသုံးသူကာကွယ်ရေး ဥပဒေမထွက် ရှိသေးတဲ့အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း အနေနဲ့ ဈေးကွက် အတွင်းရှိ မုန့်ဆိုင်များ၊ ကျောင်းမုန့်ဈေးတန်းများကို သွားရောက်စစ်ဆေးမှုတွေ သန့်ရှင်း လတ်ဆတ်တဲ့ အစားအသောက်များ ရောင်းချဖို့စတာတွေကို အသိပညာပေးမှုတွေပြုလုပ် လျက်ရှိ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ အခုလို ဈေးကွက်ထဲက မုန့်ဆိုင်များနဲ့ ကျောင်းမုန့် ဈေးတန်းများမှာ အစားအသောက်များ သန့်ရှင်းမှု၊ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အအေးအချို့မှာ သက်တမ်းကုန် ဆုံးရက်တွေ မပါဝင်တာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲ့ဒီလို သက်တမ်းကုန်ဆုံးရက်မပါဝင်တဲ့ အစားအသောက်များ မရောင်း ချဖို့ကို အသိပညာပေးပြော ကြားခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီလို စစ်ဆေးမှုများကို အသိပညာပေး ကနဦးဆုံးအနေနဲ့ လှိုင်မြို့နယ်နဲ့ အင်းစိန်မြို့နယ် အတွင်းရှိ မုန့်ဆိုင်များ၊ အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်း တချို့မှာ ၀င်ရောက်စစ်ဆေးမှုတွေ ကို အောက်တိုဘာလ (၃၀)ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံစားသုံးကာကွယ်ရေးအသင်းဟာ လမ်းဘေးစားသောက်ဆိုင်များ၊ ကျောင်းမုန့်ဈေး တန်းများ၊ မြို့နယ်များမှ မုန့်ဆိုင်များရှိ ရောင်းချနေတဲ့ အစားအသောက်များကို စစ်ဆေးအသိ ပညာပေးမှုများကို အပတ်စဉ်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
MRTV-4
Subscribe to:
Post Comments (Atom)