Monday, October 28, 2013

တောင်ကိုရီးယားတွင် မြန်မာယူ-၂၃အသင်း ဒုတိယမြောက် ရှုံးပွဲထပ်ကြုံ

0 comments


၂၈.၁၀.၂၀၁၃၊ တနင်္လာနေ့

မြန်မာ ယူ-၂၃ ဘောလုံး အသင်းသည် K2 လိဂ်မှ မုပ်ပိုစီးတီးအသင်း အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် တောင်ကိုရီးယားခရီးစဉ် တွင် နှစ်ပွဲမြောက်ရှုံးပွဲဖြင့်ထပ်မံ ကြုံတွေ့ခဲ့သည်။အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံ တွင် Joint Training ပြုလုပ်နေ သည့် မြန်မာယူ-၂၃အသင်းသည် ခြေစမ်းပွဲ လေးပွဲကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် နှစ်ပွဲရှုံး ရလဒ်ကြုံတွေ့ထားသည်။ မြန်မာ အသင်းအနေဖြင့် ကိုရီးယားတက္က သိုလ် ထိပ်တန်းအသင်းဖြစ်သည့် ဟိုနန်တက္ကသိုလ်အား ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း K2 လိဂ်နှစ် သင်းဖြစ်သည့် ဂွမ်ဂျူအား ၁-၁ ဂိုး သရေကစားနိုင်ခဲ့ပြီး မုပ်ပိုစီး တီးကိုမူ ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ သည်။ ထို့အပြင် မထင်မရှား တောင်ကိုရီးယားတက္ကသိုလ်အ သင်း နမ်ဘူးကိုလည်း ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသေးသည်။

မြန်မာယူ-၂၃အသင်းအနေ ဖြင့် မုပ်ပိုစီးတီးနှင့်ပွဲတွင် ကျော် ကိုကို၊ ကြည်လင်း၊ ကျော်ဇေယျာ ဝင်း၊ ရန်အောင်ဝင်း၊ ဆက်ဖြိုးဝေ တို့ပါဝင်သည့် အဓိကကစားသမား အစုံအလင်ဖြင့် ပွဲထွက်ပါဝင်ခဲ့ ခြင်းဖြစ်ပြီး ပွဲချိန် ၆၆ မိနစ်တွင် မုပ်ပိုစီးတီးမှသွင်းယူခဲ့သည့် ဂိုး ကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။မြန်မာယူ-၂၃အသင်း အ နေဖြင့် ယခုပွဲတွင် ဂိုးသွင်းခွင့်အ ကြိမ်ကြိမ်ရရှိခဲ့သော်လည်း ဂိုးသွင်း မသေချာမှုများကြောင့် အရှုံးကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မြန်မာယူ-၂၃အသင်းအ နေဖြင့် လာမည့် ၃၀ ရက်တွင် ချို တမ်တက္ကသိုလ်အသင်းနှင့် တောင် ကိုရီးယားခရီးစဉ် နောက်ဆုံးခြေ စမ်းပွဲကို ထပ်မံကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁ရက်တွင် ဂျပန်နိုင်ငံ အို ဆာကာမြို့၌ ၁ဝရက်ကြာ လေ့ကျင့် မှုများ ထပ်မံပြုလုပ် မည် ဖြစ်သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here