Tuesday, October 15, 2013

မလေးရှားတွင် ဇနီးဖြစ်သူ၏ချစ်သူကို သတ်ခဲ့သည့် စင်ကာပူအမျိုးသားကို ရဲကအလိုရှိ

0 comments

Tuesday, October 15, 2013

မလေးရှားတွင် ဇနီးဖြစ်သူ ၏ချစ်သူကို သတ်ဖြတ်ခဲ့သည့် စင်ကာပူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က အလိုရှိနေကြောင်း စထရိတ်တိုင်းမ်သတင်းစာပါ သတင်းတစ်ခုတွင် ဖော်ပြထား သည်။

တနင်္ဂနွေနေ့ နံနက်အစော ပိုင်းက မလေးရှားနိုင်ငံ ပါဟန်း ပြည်နယ်တွင် အဆိုပါစင်ကာပူ အမျိုးသားက ဇနီးဖြစ်သူ၏ချစ် သူကို ဓားဖြင့်ထိုးခဲ့ပြီး ဇနီးဖြစ် သူကိုလည်း တိုက်ခိုက်ကာ ထွက် ပြေးသွားခဲ့သည်ဟု ဆိုသည်။ ဓား ထိုးခံရသူမှာ ယခင်က စင်ကာပူ တွင် အလုပ်လုပ်ခဲ့သော အသက် ၃၂နှစ်အရွယ်ရှိ တရုတ်နိုင်ငံသား တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွား ခဲ့သည်။ ထရီအန်မြို့၏ ရပ်ကွက် ငယ်တစ်ခုရှိ အိမ်တစ်အိမ်တွင် နံနက် ၃နာရီခန့်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိမိ၏ဇနီးဖြစ်သူသည် အ ဆိုပါတရုတ်နိုင်ငံသားနှင့်ကျူး ကျူးလွန်လွန်ချစ်ကြိုက်နေသည် ဟု မသင်္ကာဖြစ်ကာ ထိပ်တိုက် ရင်ဆိုင်ရန် မလေးရှားသို့ ကား မောင်းလာခြင်းဖြစ်သည်။ ပြော ဆိုဆွေးနွေးမှုများ စီစဉ်သည့် အတိုင်း ဖြစ်မလာသည့်နောက် အသက် ၄ဝကျော်ရှိ တက္ကစီယာဉ် မောင်း တစ်ဦးဖြစ်သူ စင်ကာပူ သားသည် ဇနီး၏ချစ်သူကို ဓား ဖြင့် ထိုးခဲ့သည်ဟု Shinmin Daily News သတင်းစာက ဖော်ပြခဲ့ သည်။

သတ်ဖြတ်ခံရသူသည် စင် ကာပူရှိအလုပ်မှ ထွက်ကာ စင် ကာပူသား၏ ဇနီးနှင့်အတူ မလေး ရှားသို့ ထွက်ပြေးခဲ့ကြသည်။ ၎င်း က အမျိုးသမီး၏ လုံခြုံရေး အတွက် စိုးရိမ်ခဲ့သည်ဟု သတင်း စာ ကဖော်ပြခဲ့သည်။ အမျိုးသမီး ဖြစ်သူမှာလည်း တိုက်ခိုက်ခံရ သဖြင့် ဆေးရုံတစ်ခုသို့ ပို့လိုက် ရသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန် စင်ကာပူစုံတွဲ၏ ကလေးတစ်ဦး သည် အဆိုပါအိမ်တွင် ရှိနေခဲ့ ကြောင်း သိရသည်။

လုံခြုံရေးအခြေအနေကို ထောက်ထား၍ သတ်ဖြတ်သူဟု မသင်္ကာသူ၏အမည်ကို မလေး ရှားမှ ရဲတပ်ဖွဲ့ကထုတ်ဖော် ပြော ကြားခြင်း မပြုခဲ့ပေ။ သို့သော် လည်း စင်ကာပူရဲတပ်ဖွဲ့ကို အ ကြောင်းကြား ခဲ့သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here