31.10.2013
အာဖဂန်ညှိနိုင်းရေးအဖွဲ့သည် တာလီဘန်သူပုန်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် အလို့ငှာ
အဓိက သူပုန်ခေါင်းဆောင် မူရာဘာရာဒါနှင့် ပထမဆုံးတွေ့ဆုံရန် မကြာမီပါကစ္စတန်နိုင်ငံသို့
လာရောက်မည်ဖြစ်ကြောင်း အရာရှိများ၏ ဗုဒ္ဓဟူးနေ့က ပြောကြားချက်ကို The interna
tional News သတင်းစာကဖော်ပြထားသည်။ယင်းကိစ္စနှင့် စပ်လျဉ်း၍ အာဖဂန်သမ္မတ ဟမစ်
ကာဇိုင်းသည် ပါကစ္စတန်သမ္မတ န၀တ်ရှရစ်နှင့် ပြီးခဲ့သော အင်္ဂါနေ့က လန်ဒန်မြို့တွင် ဆွေးနွေး
ခဲ့ပြီးဖြစ်ကြောင်း န၀တ်ရှရစ်သည် အာဖဂန်ညှိနိုင်းဆွေးနွေးရေး အဖွဲ့ ပါကစ္စတန်သို့ လာရောက်
မည့် ကိစ္စကို လက်ခံခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။မူလာဘာရာဒါသည် လွတ်လပ်မှုကိုမြတ်နိုးသောသူဖြစ်လျှင် အာဖဂန်နိုင်ငံအတွင်း ၁၂ နှစ်ကြာသောင်းကျန်းမှုကို အဆုံးသတ်မည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာလီဘန်သူပုန်ခေါင်းဆောင်များက လက်ခံလာအောင် တိုက်တွန်းမှာဖြစ်ကြောင်း အာဖဂန်အရာရှိများက ယုံကြည်ထားသည်။
စပြည့်ဖြိုးဝင်း