Thursday, October 31, 2013
စတိဗ်ဂျော့ဘ်၏ နေအိမ်ဟောင်းကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်
Categories :
Thursday, October 31, 2013
ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။
စတိဗ်ဂျော့ဘ် နေထိုင်ခဲ့သည့် နေအိမ်ကို သမိုင်းဝင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် သတ်မှတ် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာ သည်။ နောင်တစ်ချိန်တွင် ကမ္ဘာကျော် နည်းပညာ ဖခင်ကြီးတစ်ဦး ဖြစ်လာမည့် ဂျော့ဘ်သည် ပထမဆုံး Apple ကွန်ပျူတာလေးများကို ယင်းနေအိမ်တွင် ဒီဇိုင်းထုတ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လယ်တောအိမ်လေး တစ်ခုနှင့် ဆင်တူသည့် နေအိမ်ဟောင်းလေးသည် ယခင်ကတည်းက ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လည်ပတ်သည့် နေရာလေးတစ်ခု ဖြစ်နေခဲ့သည်။
ဂျော့ဘ်သည် Appleကို (၁၉၇၆)ခုနှစ်တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်သည် Appleကို (၁၉၇၆) ခုနှစ် တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်အနေဖြင့် ၎င်းအလွန် ချစ်မြတ်နိုးသည့် လုပ်ငန်းကြီးကို ကမ္ဘာ့အထည်ဝါဆုံး နည်းပညာ ကုမ္ပဏီကြီးအဖြစ် ဆွဲတင်ပေးခဲ့ပြီးနောက် (၂၀၁၁)ခုနှစ်က အသက် (၅၆)နှစ် အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ လော့စ်အေလ်တို့စ်ရှိ အဆိုပါ နေအိမ်ကို ပိုင်ဆိုင်သည့် ဂျော့ဘ်၏ အစ်မက ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်၏ ပန်ကြားမှုအတွက် လိုလိုလားလား သဘောတူ ကူညီခဲ့ကြောင်း သိရသည်။
"ဂျော့ဘ်ဟာ ဆီလီကွန်တောင်ကြား လူ့အဖွဲ့အစည်းရဲ့ ဂုဏ်အယူရဆုံး ပြယုဂ်တစ်ခုပါ"ဟု ကော်မရှင်မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဇာချာရီဒါးလ်က မှတ်ချက်ပြုခဲ့သည်။ ဂျော့ဘ်၊ စတိဗ်ဝေါ့ဇ်နီရက်ခ်နှင့် အခြားသော ပထမဆုံး Apple ဝန်ထမ်းများသည် Apple I ကွန်ပျူတာ အလုံး(၁၀၀)ကို ပထမဆုံး အကြိမ်အဖြစ် ယင်းနေအိမ် ဧည့်ခန်းလေးတွင် တပ်ဆင်ခဲ့ကြသည်။ Apple ကုမ္ပဏီသည် နောက်ပိုင်းတွင် ကူပါတီနိုသို့ ပြောင်းရွှေ့ အခြေစိုက်ဖြစ်ခဲ့သည်။ ထိုနေအိမ်လေးတွင် လတ်တလော၌ ဂျော့ဘ်၏ မိထွေးက နေထိုင်နေကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
Subscribe to:
Post Comments (Atom)