Monday, October 28, 2013
နိုင်ငံရေးခိုလှုံသူများကို ကွန်တိန်နာထဲထည့်၍ တင်ပို့
Categories :
Monday, October 28, 2013
ဩစတြေးလျသို့ နိုင်ငံရေး ခိုလှုံရန်အတွက် ကွန်တိန်နာများ အထဲ၌ လိုက်ပါလာခဲ့သောလူများ သေဆုံးရ မှုကို အထူးကြောက်ရွံ့ တုန်လှုပ်မိကြောင်း ဂရင်းခေါင်း ဆောင် ခရစ္စတင်းမိုင်းလ်ကပြော ကြားသည်။ အင်ဒိုနီးရှားရှိ လူမှောင်ခိုသမား တို့သည် နယူးဇီလန်နှင့် ဩစတြေး လျနိုင်ငံသို့ပို့ပေးမည်ဟု ကတိ ထား၍ နိုင်ငံရေးခိုလှုံခွင့်ရယူလို သူများအား ကွန်တိန်နာများ၌ထည့် ၍ ပိတ်လှောင်ကာ တင်ပို့ပေးနေ ကြကြောင်း Fair Fax မီဒီယာက ဖော်ပြခဲ့သည်။
မိုင်းလ်က ဆက်လက်ပြော ကြားရာတွင် ဤသတင်းအချက် အလက်များအရ ရက်စက်သော တားမြစ် ချက် မဟာဗျူဟာမှာ အောင်မြင်မှုမရှိသည်ကို ဖော်ပြ နေကြောင်း၊ အကြောင်းမှာ လူ များစွာမှာ ကြမ်းတမ်းရက်စက်စွာ အသုံးချခံရမှု ကျယ်ပြန့်လာနေ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဩစတြေးလျနှင့် နယူးဇီလန် တို့၌ ကွန်တိန်နာများကို မိမိတို့ ဖွင့်ကြည့်ခဲ့ရာ ကွန်တိန်နာများ အထဲ၌ လူများသေနေကြ သည် ကို တွေ့ရသဖြင့် မိမိအနေဖြင့် တစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့ရ ကြောင်း သူမက တနင်္ဂနွေနေ့က ABC သတင်းဌာနကို ပြောကြား ခဲ့သည်။
''လူတွေကို ဒီလိုမလုပ်ပါနဲ့ လို့ ကျွန်မမပြောလိုပါဘူး။ သူတို့ လဲ အန္တရာယ်များတာကို သိနေ ကြတာပဲ''ဟု သူမကဆိုသည်။ လှောင်ပိတ်ခံထားရပြီး အချိန် အတော်ကြာမှ အဖုံးဖွင့်မည်ကို သိကြသည်ဟု ဆိုသည်။ ယူကေနှင့် ဥရောပတွင်လည်း ကွန်တိန်နာကိုအသုံးပြု၍ လူ မှောင်ခိုများတင်ပို့ကြသည်ဟုဆို သည်။
Ref- Guardain
Yangon Media Group
←
Broadband Wireless စနစ်အား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်စီစဉ်
Older Post
Subscribe to:
Post Comments (Atom)