Monday, October 28, 2013

Broadband Wireless စနစ်အား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်စီစဉ်

0 comments
28-10-2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်ဝန်ဆောင်မှုအား Broadband Wireless (Wi-Fi) စနစ်ြဖင့် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှုအား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းသွားမည်ဖြစ်ကြောင်း စိတ်ဝင် စားသူများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ကြီးကြပ်မှုအောက်ရှိ သတင်းအချက်အလက် နည်းပညာဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် အင်တာနက်ဝန်ဆောင်မှု အား ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် အကျိုးတူဆောင်ရွက်လိုသည့်ပုံစံနှင့် ဝန်ဆောင်မှုပေးသွားမည့် ပြည်နယ်/ တိုင်းဒေသကြီးတို့အား Survey ပြုလုပ်၍ Technical and
Business Model Proposal မူကြမ်းအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက် နည်းပညာ ဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် သို့ ပေးပို့ရမည်ဖြစ်ကြောင်း ဖိတ်ခေါ်ချက်တွင်ဖော်ပြထားသည်။ Proposal မူကြမ်းပေးပို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ယူဆောင်ပြသရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထောက်အထား များတွင် သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီသင်းဖွဲ့ မှတ်တမ်း/ စည်းမျဉ်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအချက်အလက်များ စသည်တို့ပါဝင်သည်။

Proposal မူကြမ်းတွင် ပါဝင်ရမည့် အခြေခံအချက်များ ဖော်ပြထား သည့်အဆိုပြုလွှာ တင်ဒါစည်းမျဉ်း ပုံစံအား အောက်တိုဘာလ ၃၁ ရက်အထိ စုံစမ်းထုတ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖုန်း- ၀၆၇-၄၂၁၇၇၁၊ ၀၆၇-၄၂၁၂၂၂ တို့သို့ အသေးစိတ်ဆက် သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုများအနက် လုပ်ငန်း အများ အပြားအား အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။ အဆိုပါလုပ်ငန်းများတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက် ဆက်သွယ်ရေး လုပ်ငန်း၊ အော်တိုဖုန်းလုပ်ငန်းစသည့် တယ်လီဖုန်းဆိုင်ရာလုပ်ငန်းများ ပါဝင်သကဲ့သို့ အင်တာနက်ဆိုင်ရာလုပ်ငန်းများလည်း ပါဝင်သည်ကို တွေ့ရသည်။ ပြည်ပဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနဆိုင်ရာလုပ်ငန်းများ၊ စာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းဆိုင်ရာလုပ်ငန်းများလည်းပါဝင်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

ထွန်းထွန်း
Internet Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here