Thursday, October 31, 2013

ထားဝယ်ယဉ်ကျေးမှုပြတိုက် စတင်တည်ဆောက်

0 comments

31/10/2013

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့၊ကမ်းနားလမ်းတွင်ထားဝယ်ယဉ်ကျေးမှုပြတိုက် ကို ယခုရက်ပိုင်းအတွင်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။အဆိုပါ ပြတိုက်ကို F22 Sunny Construction ကုမ္ပဏီက တည်ဆောက်လျက်ရှိသည်။အဆိုပါပြတိုက်အဆောက်အဦပြီးစီးပါက ဘုရားကြီးဝင်းအတွင်းရှိထားဝယ်ယဉ်ကျေးမှုပြတိုက်မှပစ္စည်းများပြောင်းရွှေ့ပြသခြင်းပြု၊မပြုမသိရသေးချေ။
လက်ရှိတွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌လည်း ဘုရားကြီးပြတိုက်ကိုတည်ဆောက်ပြီး
စီးနေပြီဖြစ်ကာ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်နေသည်။


သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)


Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here