Monday, October 28, 2013

သွေးတိုးအကြောင်း သိကောင်းစရာ

0 comments
28-10-2013

သွေးပေါင်ချိန် ပမာဏ မြင့်တက်ခြင်းကို သွေးတိုး သည်ဟု ပြောဆို ကြပါသည်။ သွေးပေါင်ချိန် ပမာဏ ဆိုသည်မှာ နှလုံးမှ ညှစ်ထုတ် လိုက်သော သွေးများမှ သွေးလွှတ်ကြော နံရံပေါ်သို့ သက်ရောက်သော ဖိအားကို ဆိုလိုပါသည်။သွေးပေါင်ချိန် ပမာဏကို မီလီမီတာ မာကျူရီ (mmHg) ဟူသော ယူနစ်ဖြင့် ဖော်ပြပါသည်။ အပေါ် သွေးပေါင်ချိန် ပမာဏနှင့် အောက်သွေး ပေါင် ချိန်ပမာဏ ဟူ၍ နှစ်မျိုး ရှိပါသည်။ သွေးပေါင်ချိန်ကို ဖော်ပြရာတွင် ဥပမာအားဖြင့် ၁၂၀/၈၀ ဟူသော ဂဏန်း နှစ်မျိုးဖြင့် ဖော်ပြ ထားပါသည်။ သွေးတိုးသော အခါ ၎င်းပမာဏ နှစ်ခု အနက်မှ ပေါ်သွေး တစ်မျိုးတည်း ဖြစ်စေ၊ အောက်သွေး တစ်မျိုးတည်း ဖြစ်စေ၊ အပေါ် အောက်သွေး နှစ်မျိုး လုံးဖြစ်စေ မြင့်တက်နိုင် ပါသည်။အပေါ် သွေးပေါင်ချိန် ဆိုသည်မှာ နှလုံးမှ သွေးများကို ညှစ်ထုတ် လိုက်စဉ်တွင် သွေးလွှတ်ကြော နံရံများပေါ်သို့ သက်ရောက်သော ဖိအား (Systolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန် တိုင်းတာသည့် အကြိမ်အရေ အများစုတွင် အပေါ် သွေးပေါင်ချိန် ပမာဏ သည် 140 ထက် မြင့်တက် နေပါက အပေါ် သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ 120 ကို ပုံမှန် (normal) ဟု သတ်မှတ် ပါသည်။-အောက်သွေးပေါင် ချိန်ပမာဏ ဆိုသည်မှာ နှလုံးမှ သွေးများ ကို ညှစ်ထုတ်ပြီးနောက် ပြန်လည် အနားယူ ချိန်တွင် သွေးလွှတ်ကြော နံရံများ ပေါ်သို့ သက်ရောက်နေသော ဖိအား (Diastolic pressure) ဖြစ်ပါသည်။ သွေးပေါင်ချိန်တိုင်းတာသည့် အကြိမ်အရေ အများစုတွင် အောက်သွေးပေါင်ချိန်ပ မာဏသည် 90 ထက်မြင့်တက် နေပါ က အောက်သွေးပေါင်ချိန် တက်သည်ဟု ယူဆပါသည်။ 80ကို ပုံမှန် (normal) ဟုသတ်မှတ် ပါသည်။ သွေးပေါင်ချိန် တိုင်းတာသည့် အကြိမ်ရေ အများစုတွင် အပေါ်သွေး ပေါင်ချိန်ပ မာဏသည် 120 နှင့် 139 ကြားတွင် ရှိလျှင်သော်လည်းကောင်း ၊ အောက်သွေးပေါင်ချိန် ပမာဏသည် 80 နှင့် 89 ကြားတွင် ရှိလျှင် သော်လည်းကောင်း ၎င်းကို အကြိုသွေးတိုး (Pre-hypertension) ဟုခေါ်ပါသည် ။ အကြိုသွေးတိုးရှိနေပြီပါကမကြာမီ သွေးတိုးရောဂါ ဖြစ်နိုင်ပါသည်။သွေးပေါင်တက်ခြင်း၊ ကျခြင်းအပေါ် သက်ရောက်မှု ရှိသည့် အချက်များစွာ ရှိပါသည်။ ၎င်းတို့အနက် တချို့မှာ-

(၁) ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်ပမာဏ

(၂) သွေးကြောများ၏အခြေအနေ၊ အာရုံကြော အဖွဲ့အစည်း၏ အခြေအနေ၊ ကျောက်ကပ်များ၏လုပ်ဆောင်မှု အခြေအနေ

(၃) ဟော်မုန်းဓာတ်ပမာဏ စသည်တို့ဖြစ်ကြပါသည်။အသက်အရွယ် ကြီးရင့်လာ သောအခါ အများအားဖြင့် သွေးပေါင်ချိန်တိုး လာတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ကြီး လာသော အခါ သွေးကြောနံရံများထူ၍မာလာသောကြောင့် ဖြစ်ပါသည်။ သွေးတိုး ရောဂါရှိခြင်းကြောင့်
 လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်း (heart attack)၊ နှလုံးပျက်စီးခြင်း (heart failure) နှင့် ကျောက်ကပ် ရောဂါများကို ဖြစ်စေနိုင်ပြီးအရွယ်မတိုင်ခင် သေဆုံးခြင်း ဖြစ်နိုင်ပါသည်
။အောက်ဖော်ပြပါ အခြေအနေများကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမို များပြားနိုင်ပါသည်။အောက်ဖော်ပြပါ အခြေ အနေ များကြောင့် သွေးတိုး ရောဂါ ဖြစ်စေနိုင်သည့် အခွင့်အရေး ပိုမို များပြားနိုင်ပါသည်

(၁) အ၀လွန်ခြင်း

(၂) စိတ်ဖိစီးမှုများခြင်း၊ ထိတ်လန့်ကြောက်ရွံ့ မှုများခြင်း

၃) နေ့စဉ်စားသောက်မှုတွင်ဆားဓာတ်ပမာဏများခြင်း

၎) မိဘမျိုးရိုးအတွင်း သွေးတိုးရောဂါရှိခြင်း

၅) ဆီးချိုရောဂါရှိခြင်း

၆) ဆေးလိပ်သောက်ခြင်းတစ်ခါ တစ်ရံတွင် မည်သည့် အကြောင်းကြောင့် သွေးတိုး ရသည်ကို တိတိကျကျ ကောက်ချက် မချနိုင် တတ်ပါ။ ထိုကဲ့သို့သော သွေးတိုး ခြင်းမျိုကို ဖြစ်စဉ်မ သိ သွေးတိုးခြင်း (essential hypertension) ဟုခေါ်ပါသည်။အခြားသော ရောဂါ တစ်ခုခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခု အတွက် သုံးစွဲ နေရသော ဆေးဝါး များကြောင့် သွေးတိုးခြင်းကို အခြား အကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဟုခေါ်ပါသည်။

-အခြား အကြောင်းကြောင့် သွေးတိုးခြင်း (secondary hypertension) ဖြစ်စေ နိုင်သော အချက်များမှာ

၁) အရက်အလွန် အကျွံ သောက်သုံးခြင်း

၂) သွေးကြောနံရံများထူလာခြင်း

(၃) နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း

၎) ဆီးချိုရောဂါရှိခြင်း (ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း)

၅) အင်ဒိုခရိုင်း ပုံမမှန်ခြင်း ဥပမာ-သိုင်ရွိုက်ပုံမမှန်ခြင်း (thyroid disorders) ကူးရှင်းရောဂါ (Cushing syndrome)

(၆) ကျောက်ကပ်သွေးကြောကျဉ်းခြင်း (renal artery stenosis) စသည်တို့ဖြစ်ကြပါသည်။အချို့သောဆေးဝါးများကြောင့်လည်း Secondary hypertension ဖြစ်နိုင်ပါသည်။

ဥပမာ -(၁) အစာစားချင်စိတ် လျှော့ချသော ဆေးဝါးများ (appetite suppressants)

၂) သန္ဓေတားဆေးများ (birth control pills)

၃) တချို့သောအဖျားကျဆေးများ

၎) စတီးရွိုက်ဆေးများ

၅) ခေါင်းကိုက်ပျောက်ဆေးများ

credit>>>Myanmar Advertising Page

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here