Wednesday, October 23, 2013

ဘီပိုး၊ စီပိုး ရောဂါကြောင့်သာမက ငှက်ဖျားကြောင့်ပါ အသည်းကြီး ရောဂါဖြစ်နိုင်

0 comments
23-10-2013

အသည်းကြီးရောဂါသည် ဘီပိုး၊ စီပိုး နာတာရှည် ရောဂါကြောင့်သာမက ငှက်ဖျားကြောင့် ပါ ဖြစ်ပွားနိုင်သည်ဟု ရန်ကုန် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံမှ တွဲဖက်ပါမောက္ခ ဒေါက်တာဇော် သန်းထွန်းက ပြောသည်။ ငှက်ဖျားရောဂါကြောင့် ဘေလုံးကြီးလာပြီး အသည်းပါကြီးလာနိုင်ကြောင်း သိရသည်။ “အသည်းရောဂါဖြစ်ရတဲ့ အကြောင်းရင်းက အများကြီးပဲ။ အရက်ကြောင့်၊ အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးကြောင့်ပေါ့။ လူတော်တော်များများ မသိကြတာက ငှက်ဖျားဖြစ် တာကြာလာ လို့ ဘေလုံးကြီးလာပြီး အသည်းကြီးလာတာကိုပဲ။ ဒါတွေက ဆရာတို့ တိုင်းပြည်မှာ တော်တော် များများ တွေ့ရတယ်” ဟု ဒေါက်တာဇော်သန်းထွန်းက ထပ်မံပြောသည်။

ယင်းသို့ အသည်းရောဂါ ဝေဒနာ ခံစားနေရသော လူနာအများစုတွင် အမျိုးသမီးများထက် အမျိုးသားများက ပိုမိုများပြားလျက်ရှိကြောင်း၊ တချို့သော နာတာရှည်ရောဂါများကြောင့် အသည်းကြီးနိုင်သည့်အပြင်အသည်းထဲရှိသံဓာတ်များခြင်း၊ ရေ ကော်ပါးဓာတ်များကြောင့်လည်း

 ဖြစ်နိုင်ခြေ ရှိကြောင်း၊ တချို့သော ကင်ဆာရောဂါဆဲလ်များ အသည်းတွင် ပျံ့နှံ့နိုင်သည့် အခါတွင်လည်း အသည်းကြီးခြင်းများ ဖြစ်နိုင်သည်ဟု ယင်းက ဆက်လက်ပြောသည်။ “အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာဆဲလ်တွေ အသည်းကို ပျံ့နှံ့လာတာကြောင့်လဲ အသည်းကြီးနိုင်တယ်။ ဒီထက် ပိုပြီးဖြစ်နိုင်ခြေက သွေးရောဂါဖြစ်တဲ့ နီးဖိုးမားပြွန်ရှည် ကျိတ်ကြောင့်လည်း အသည်းကြီးတာတို့ ဖြစ်တတ်တယ်။ ဒါတွေကတော့ ရှားပါတယ်။ အသည်းကြီးတယ်ဆိုပြီး လူနာတော်တော် ကြောက်ကြတဲ့ရောဂါပေါ့” ဟု ဆိုသည်။ အဆိုပါ ရောဂါကို ကာကွယ်သည့် အနေဖြင့် အရက်သောက်စားမှုကို ရှောင်ကြဉ်သင့်ကာ ဆေးထိုးအပ်ကို သုံးလျှင် တစ်ခါသုံးအပ်ကို သုံးစွဲသင့်ကြောင်း၊ ဘီပိုးကာကွယ်ဆေးကို ထိုးထားသင့်ကြောင်းနှင့် အသည်းကြီး ရောဂါဝေဒနာရှင်များမှာ အသက်အားဖြင့် ၃၀ နှင့် ၅၀ အထက်ဝန်းကျင်များတွင် ပိုမိုအတွေ့များတတ်ကြောင်း သိရသည်။

ဇင်မျိုးထက်
BY YANGON TIMES JOURNAL

ကျန်းမာရေးစာတိုများစုစည်းမှု

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here