Monday, October 14, 2013

TNLA နှင့် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့တို့ ဒုတိယ အကြိမ် တွေ့ဆုံ

1 comments
                         ပြီးခဲ့သည့် ဇူလိုင် လကုန် ပိုင်းတွင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြစဉ်
14.10.2013

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့နှင့် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့တို့သည် ယနေ့ မနက် ပိုင်း (၈)နာရီတွင် တရုတ် နိုင်ငံ ရွှေလီမြို့ Return ဟိုတယ်၌ ညနေ (၃) နာရီ အထိ ဒုတိယ အကြိမ် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်ဟု ဥက္ကဌ ဖြစ်သူ တားအိုက်ဖုန်း က ဆိုပါသည်။

“ အပစ်ရပ်ဖို့ ကိစ္စကို ဆွေးနွေး တာပါဘဲ။ အဲဒါလည်း ကျနော်တို့ ဗဟို ကော်မီတီကို တင်ပြမယ်။ ပြီးတော့ လာမယ့် ဒုတိ ယအပါတ်၊ တတိယ အပါတ်မှာ ပြန်ဆုံ ကြမယ် အဲဒါ တွေကို သဘောတူ ကြတာပေါ့။ အဲဒါ ပါဘဲ” ဟု ဆိုပါသည်။

ယင်း တွေ့ဆုံ ပွဲတွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးမှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒုတိယ စစ်ဦးစီးချုပ် တားခူးလန်း၊ ဗဟို အလုပ် အမှုဆောင် ကော်မီတီဝင် တားရက်စ်ခေး တို့ တက်ရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

အစိုးရ ကိုယ်စားလှယ် များမှာ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာ အထောက် အကူပြု အဖွဲ့ဝင် ဦးလှမောင်ရွှေ ခေါင်းဆောင်ကာ ဦးအောင်နိုင်ဦး၊ ဒေါက်တာ မင်းဇော်ဦး တို့ တက်ရောက် ခဲ့ပါသည်။

ဤဆွေးနွေးပွဲ ဖြစ်မြောက် လာစေရန် မန်တုန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်မုန်း၊ ပလောင် အမျိုးသား ပါတီမှ ဦးမိုင်းအုန်းခိုင် တို့မှ ဝိုင်းဝန်း ကြိုးပမ်း ပေးခဲ့ခြင်း ဖြစ်ပါသည်။

အပစ်အခတ် ရပ်စဲရေး အဆင့်အတွက် ယုံကြည်မှု တည်ဆောက်ရေးကို နှစ်ဖက် ညှိနှိုင်း ဆွေးနွေးခြင်း အားဖြင့်လည်း အဖြေရှာ သွားရမည် ဖြစ်ကြောင်း PSLF အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် က ဆိုပါသည်။ အထူးသဖြင့် တိုက်ပွဲ ဖြစ်နေသည့် ပြသနာ များနှင့် စစ်ရေး လှုပ်ရှားမှု များ လျှော့ချ နိုင်မှသာ ယုံကြည်မှု တည်ဆောက် နိုင်လိမ့်မည် ဖြစ်သည်။

တိုက်ပွဲ များသည် ပြီးခဲ့သည့် အောက်တို ဘာလ (၁၀) ရက်နေ့ ၌ပင် ရှမ်းပြည်မြောက်ပိုင်း  နမ့်ဆန် မြို့နယ် ပန်အလောက် ကျေးရွာနှင့် ဟူးမန်း ရွာကြားတွင် ဖြစ်ပွား ခဲ့ပါသည်။

PSLF ၏ အခြေခံ နယ်မြေ တွင်လည်း ကျောက်မဲ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁) နှင့် သိန္နီမြို့ အခြေစိုက် စကခ (၁၆) လက်အောက်ခံမှ တပ်ရင်း ပေါင်း ၂၀ ရင်းခန့် အမြဲတမ်း လှုပ်ရှား နေခဲ့ပါသည်။ ထို့အပြင် လောက်ကိုင်၊ ကွမ်လုံ ဘက်မှ ခလရ ၁၄၅ တပ် များ၊ နမ့်လမ် နှင့်  မိုးကုတ်၊ မိုးမိတ် မှ အစိုးရ တပ်များ သည်လည်း နမ့်လမ်၊ မန်တုံ၊ နမ့်ခမ်း မြို့နယ် များသို့ အဆက်မပြတ် လှုပ်ရှား လာခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုခဲ့ပါသည်။

ဤအခြေ အနေ များကြောင့် PSLF နှင့် အစိုးရကြား ယုံကြည်မှု တည်ဆောက် ရာတွင် ခက်ခဲ နေခြင်း ဖြစ်ပါသည်။ သို့ သော် PSLF သည် ယုံကြည်မှု တည်ဆောက် ခြင်းကို တပ်များ လျှော့ချ ပေးခြင်း အပြင် ဆွေးနွေး ခြင်းဖြင့်လည်း တည်ဆောက် သွားတော့မည် ဖြစ်ပါသည်။

PSLF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တို့၏ ပထမ အကြိမ် အလွတ် သဘော ဆွေးနွေး မှုသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ခဲ့ကြ ပါသည်။ ဤကဲ့သို့ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့သော်လည်း  တိုက်ပွဲများ ပိုမို ဖြစ်လာသည့် အတွက် သြဂုတ် လဆန်းတွင် ထပ်မံ ဆွေးနွေးရန် ချိန်းဆို ထားသည့် အစီစဉ်ကို PSLF တို့က ငြင်းပယ် ခဲ့ပါသည်။

ရွှေဟင်္သာ

One Response so far.

  1. Unknown says:

    No way to make forever peace except the surrender of TNLA !

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here