Thursday, November 21, 2013

သတင်းမီဒီယာအချို့၏ သတင်းမှားများဖော်ပြမှုကြောင့် လားရှိုးဒေသခံများ စိုးရိမ်နေ

0 comments

21.11.2013

မေလ(၂၈)နေ့ကဖြစ်ပျက်ခဲ့သောလားရှိုးပဋိပက္ခဖြစ်ပြီးနောက်ပိုင်းတွင်အွန်လိုင်းအချို့နှင့်ဂျာနယ်အချို့တို့တွင် အချက်အလက်မှားယွင်းသောသတင်းများဖေါ်ပြပါရှိသည့်အတွက် ဘာသာတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှုပျက်ပြားစေပြီးပဋိပက္ခများနောက်ထပ်တဖန်ဖြစ်ပွားမှာစိုးရိမ်နေကြကြောင်းလားရှိုး ဒေသခံများက
 ပြောကြသည်။

အဆိုပါ မီဒီယာ အချို့၏မှားယွင်းတဲ့သတင်းဖေါ်ပြ မှုများကြောင့် ရဟန်းသံဃာတော်များနှင့် တကွ မြို့နေပြည်သူလူထုအနေဖြင့်စိတ်အနှောက်အယှက်ဖြစ်ကာစိုးရိမ်နေကြသည့်အပေါ်စိတ္တသုခကျောင်းတိုက်မှ
ဦးပဉ္စင်းဥူးအကုင်္ရက "ဦးဇင်းတို့လုပ်နေတဲ့လုပ်ငန်းတွေဟာအမျိုးဘာသာ သာသနာ အတွက်ဘဲလုပ်တယ် ဓမ္မ၀ိနိယနဲ့အညီပဲလုပ်တယ် တရားမဲ့လုပ်တာ ဘာတခုမှမရှိဘူး၊အမျိုးဘာသာ သာသနာ ကာကွယ်စောင့် ရှောက်တယ် ဆိုရာမှာလုံးဝအကြမ်းမဖက်မှုမပါဘူး၊ ဘယ်သူ့မှလည်းအားမပေးခဲ့ဘူး အရင်ကလည်း မီဒီယာတခုကတိုက်ခိုက်တာ ရှိတယ် ဘယ်လိုတိုက်လဲဆိုရင် စိတ္တသုခကျောင်းတိုက်က သံဃာတော်တွေ ကအစ္စလာမ် ဘာသာဝင် တွေရဲ့အိမ်တွေကိုလိုက်ဖျက်ဆီး တယ်ဆိုပြီးတိုက်ခိုက်တာတွေ ရှိတယ် စိတ္တသုခကျောင်းတိုက်လို့ပါတယ် နောက်သံဃာလို့ပါတယ် ဒီအတွက် ကျောင်းတိုက်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ သက်ဆိုင်ရာမီဒီယာကိုလည်တရားစွဲမယ် ၊ သံဃာလို့ပါတဲ့အတွက် နိုင်ငံတကာ အနေနဲ့မြန်မာပြည်က သံဃာတော်တွေဟာ အကြမ်းဖက်တယ်၊ ပဋိပက္ခဖြစ်အောင်လှုံ့ဆော်တယ် ဆိုပြီး အထင်မှားအမြင်မှားဖြစ်စေတယ်မီဒီယာ အနေနဲ့ တာဝန်ယူမှုမရှိဘူး ၊ပြန်လည်ချေပချက် မရှိဘူးဆိုရင် ဦးဇင်းတို့ ကဘောင်အတိုင်းဘဲသွားမယ် ဦးဇင်းတို့ဆိုရင်ခြောက်ရက်လောက် အိပ်ရေးပျက်ခံပြီး ပဋိပက္ခ မဖြစ်အောင် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးလုပ်ပေးပါတယ် ဦးဇင်းတို့အနေနဲ့ ရှေ့ဆက် ဘာသာရေး လုပ်ငန်းစဉ်တွေကအကြမ်းဖက်မှုနဲ့ ပဋိပက္ခမဖြစ်ပွားစေရေးကာကွယ်နှိင်ရန် အသိပညာပေး စည်းရုံးရန်၊အမျိုးဘာသာသာသနာနှင့်နိုင်ငံတော်ကိုဓမ္မ၀ိနယနှင့် အညီကာကွယ်စောင့်ရှောက်နိုင်ရေး ပညာပေးဆောင်ရွက်ရန်၊အသက်(၁၅)နှစ်အောက်ကလေများကို ယဉ်ကျေးလိမ္မာ သင်တန်းပွဲများပြုလုပ်၍ အသက် (၁၅)နှစ်အထက် လူငယ်များကို အသိပညာပေးဆွေးနွေးပွဲ များပြုလုပ်မယ် ၊နောက်အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားမယ်" ဟု မိန့်ကြားခဲ့သည်။

၎င်းမီဒီယာအချို့၏မှားယွင်းစွာဖေါ်ပြခဲ့သည့်သတင်းများနှင့်ပတ်သက်၍"သတင်းမီဒီယာတွေ အနေနဲ့ သတင်း တခုကို အသေအချာစီစစ်ပါမမှန်တဲ့သတင်း တင်လိုက်ရင် အပြန်အလှန်ယုံကြည်မှု ပျက်ပြားပြီး ကိုယ့်မြို့ကိုယ့်ရွာဘဲထိခိုက်မှာမဖြစ်စေချင်ပါဘူး၊ကျွန်တော့်ကိုလည်းပုဂ္ဂိုလ်ရေးထိခိုက်တဲ့အရေးသားတွေပြောတာတွေရှိတယ်ဘယ်သူတွေတင်တယ်ရေးတယ်ဆိုတာတော်တော်လေးပြောဖို့ခက်ပါတယ်၊မမှန်တဲ့သတင်းတွေတင်လို့ဒီဆယ့်ခြောက်နှစ်နဲ့နှစ်ဆယ်အရွယ်ကလေးတွေကသွေးဆူလွယ်တယ်။
မဖြစ်သင့်ဘူး၊ မမှန်တဲ့သတင်းတွေမတင်သင့်ဘူး၊ မှန်ကန်ရင်ပြောပါ။ ကျနော်တို့နဲ့ တိုက်ရိုက်ဖြေရှင်း လို့ ရပါတယ်၊ဘာဖြစ်လို့ဘဲဆိုတော့ကျွန်တော်တို့မြို့မှာပြဿနာမဖြစ်ရေး၊ချစ်ကြည်ရင်းနှီးရေးအတွက်ဖြေရှင်းပေး
ရမှာပါ"ဟုအစ္စလာမ်ဘာသာရေး အသင်း ဥက္ကဌ ဒေါက်တာတင်အောင်က ပြောသည်။

ယင်းသို့မမှန်မကန်ရေးသားထားသောသတင်းမီဒီယာအချို့ကြောင့်လားရှိုးမြို့ရဲ့အဓိကတရားခွင်စစ်ဆေး
လျှက်ရှိသောမြို့နယ်တရားသူကြီးဦးနေ၀င်းကလားရှိုးဗလီဖျက်သူတွေနဲ့အစ္စလာမ်မိဘမဲ့ဂေဟာမီးရှို့သူတွေ
ကိုထောင်ဒဏ်(၄)လနဲ့လွှတ်လိုက်တယ်ဆိုတဲ့သတင်းကမှားနေတယ်၊ဒီအမှုတွေက မပြီးပြတ်သေးပါဘူး၊ ၁၄ ရက်နေ့ ကမှစွဲချက်တင်စစ်ဆေးနေတုန်းပါ၊ဟု ပြောသည်။

အွန်လိုင်းနှင့်ဂျာနယ်အချို့မှသတင်းအမှားများဖေါ်ပြနေသည့်အပေါ်ဒေသခံပြည်သူများ စိုးရိမ် မကင်းဖြစ် ကာ တိကျ မှန်ကန်သောသတင်းများကိုသာဖေါ်ပြပေးစေလိုကြခြင်းလည်း ဖြစ်သည်။

မနုဿဇေယျာ လားရှိုး
 The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here