Wednesday, November 6, 2013

အပစ်အ ခတ်ရပ်စဲရေးဆိုတာ ပထမခြေလှမ်းပဲ ရှိသေးတယ်၊ ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆိုတာ အများကြီးဆက်လုပ်ရဦးမယ်

0 comments

Wednesday, November 6, 2013

လွှတ်တော်အဆောက်အအုံ(၁၂) တွင် နိုဝင်ဘာ ၄ ရက်နေ့က အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား သတင်းမီဒီယာသမားများက တွေ့ဆုံမေးမြန်း ခဲ့ကြသည်။ ထို တွေ့ဆုံမေးမြန်းဖြေကြား ချက်များထဲမှ တိုင်းရင်းသား လက်နက်ကိုင်များ ၏ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေးပွဲနှင့်ပတ်သက် ၍ မေးမြန်းဖြေ ကြားချက်များကို ထုတ်နုတ်တင်ပြလိုက် ပါသည်။

► သတင်းထောက်။ ။ မြစ်ကြီးနားမှာ ဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အန်တီ ရဲ့အမြင်ကို သိချင်ပါတယ်။

► ဒေါ်အောင်ဆန်းစုကြည်။ ။ နိုင်ငံငြိမ်း ချမ်းရေးနဲ့ ပတ်သက်တယ်ဆို တာ ရေ ရှည်လုပ်ရမယ့်ကိစ္စလေ။ အခုက အပစ် အခတ်ရပ်စဲရေးပဲ ရှိသေးတယ်။ အပစ် အခတ် ရပ်စဲရေးက ထာဝရငြိမ်းချမ်းရေး နဲ့မတူဘူး။ အပစ် အခတ်ရပ်စဲရေး ဖြစ် နိုင်တယ်ဆိုရင်တော့ ဒါ ပထမအဆင့်လို့ ဒါ ဒီလိုပဲ တွက်ရမှာပေါ့။ ပထမအဆင့် ဆိုတာ လည်း ဒါ ခိုင်ခိုင်မာမာလို့ပြောလို့ မရဘူး။ အရင်လည်း အပစ်အခတ်ရပ်စဲ ရေးတွေ ရှိဖူးတယ်။ ဒါပေမဲ့ ပျက်ခဲ့ တယ်။ ထာဝရငြိမ်းချမ်းရေး ရေရှည် ငြိမ်းချမ်းရေးကတော့ အများ ကြီး ခြေ လှမ်းတွေ ယူရဦးမှာဖြစ်ပါတယ်။

► သတင်းထောက်။ ။ ‘ဝ’နဲ့ မိုင်းလားက လမ်းပန်းဆက်သွယ်ရေး အကြောင်းပြ ပြီး လိုင်ဇာညီလာခံ မတက်ဘူး။ အဲဒီ အပေါ် အန်တီ ဘယ်လိုသဘောရလဲ မသိဘူး။

► ဒေါ်အောင်ဆန်းစုကြည်။ ။ အန်တီတို့ နိုင်ငံမှာဆိုရင် တိုင်းရင်းသားတွေ က လည်း များတယ်။ အမြင်တွေကလည်း များတယ်။ အဲဒီတော့ အားလုံးကို ညှိဖို့ ဆိုတာကတော့ အချိန်ယူရမှာပဲ။ ဒါတွေ က နေ့ချင်း ညချင်းဖြစ်လာတဲ့ ကိစ္စတွေ မဟုတ်ဘူး။ တခြားနိုင်ငံတွေက ငြိမ်းချမ်းရေးရရှိရေးအတွေ့ အကြုံတွေကို ကြည့်လိုက်မယ်ဆိုရင် ဘယ်တော့ မှ နေ့ချင်းညချင်း မရဘူး။ နံပါတ် တစ် က နှစ်ဖက်စလုံးကနေပြီးတော့ ဆန္ဒရှိရ မယ်။ အောင်မြင်ခြင်း တရားလေးပါးက ဆန္ဒနဲ့စသလို ငြိမ်းချမ်းရေး ရှိချင်တဲ့ဆန္ဒ ကို နှစ် ဖက်စလုံး မှာ ရှိပြီဆိုရင် အချိန်ယူ ချင်တော့ ယူရလိမ့်မယ်။ ဒါပေမဲ့ ဖြစ် လာမှာပဲ။

► သတင်းထောက်။ ။ မြစ်ကြီးနားမှာလုပ် နေတဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှု အပေါ် ဘယ်လို သဘော ရပါသလဲ။

► ဒေါ်အောင်ဆန်းစုကြည်။ ။ အပစ်အခတ်ရပ်စဲရေးဆိုတာ ပထမခြေလှမ်းပဲ ရှိသေးတယ်။ ထာဝရငြိမ်း ချမ်းရေးရဖို့ ဆိုတာ အများကြီးဆက်လုပ်ရဦး မယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာ အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ ပျက်လည်း ပျက်ခဲ့ဖူးတယ်။ အဲဒါကိုလည်း မေ့လို့ မဖြစ်ဘူး။

စိုင်းနောင်

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here