Wednesday, November 6, 2013

ကုန်စည်ပြပွဲအတွက် ပြင်ဆင်သူ လုပ်သားတစ်ဦး ၁၅ ပေအမြင့် သံမဏိငြမ်းမှ ပြုတ်ကျ

0 comments

မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ ကုန်စည်ပြပွဲအတွက် ယာယီအဆောက် အ အုံ အား ပြင်ဆင်ရေးအဖွဲ့က ပြင်ဆင်နေစဉ် ငြမ်းပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျခဲ့သဖြင့် အလုပ် သ မားနှစ် ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီခန့်က မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် မင်း ဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ မကြာမီကျင်းပမည့် ကုန်စည်ပြပွဲ အ တွက် ပြင် ဆင်ရေး အဖွဲ့က ယာယီ(သံဖရိန်) အဆောက်အအုံ အား ပြင်ဆင်ဆောက် လုပ်နေစဉ် (အပေါ်ပုံ) အလုပ် သမား နေမျိုးအောင်(၂၂)နှစ် အိုရင်းရွာ ငါ့သရောက်မြို့နယ်နေသူသည် အမြင့် ၁၅ ပေခန့်ရှိ သံ မဏိငြမ်း ပေါ်မှ ခြေချော်ပြီးပြုတ်ကျခဲ့ရာ ဝဲပေါင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ゞင်းအောက် တွင် ငြမ်း အား ရွှေ့ပြောင်းပေးသူ မြင့်ကိုကို(၃၅)နှစ် ကျန်စစ်သားအိမ်ရာ (၆)ရပ်ကွက် လှိုင်သာယာ မြို့ နယ် နေသူမှာ ငြမ်းသံချောင်းဖြင့် ရိုက်မိပြီး ညာခြေထောက် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အဆိုပါ ပြင် ဆင်ရေး အဖွဲ့၏ တာဝန်ရှိသူများက ဝိတိုရိယဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံကြီးမှ တစ်ဆင့် အလုံမြို့နယ် အကယ်ဒမီဆေးရုံကြီးသို့ လွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

The Mirror Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here