Friday, November 1, 2013

ရန်ကုန်မြို့ရှိ နေ့စဉ်ထွက် အမှိုက်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ၁ ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ပြန်ဝယ်၍ စက်မှုဇုန်များသို့ အဓိကဖြန့်ဖြူးမည်

0 comments

8.1.1
ရန်ကုန်မြို့အတွင်း စည်ပင်သာယာမှ အမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည် တွင်းနှင့် ပြည်ပဖက်စပ် ကုမ္ပဏီနှစ်ခုအား ရွေးချယ်ခဲ့ပြီး ယင်းကုမ္ပဏီများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့မှ ပြန်ဝယ်ပြီး စက်မှုဇုန်များသို့ အဓိကပြန်လည် ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး က အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။ရန်ကုန်မြို့ရှိ နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိ ထားဝယ်ချောင် အမှိုက်ပုံတို့တွင် အမှိုက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ မှုဖြင့် ပြုလုပ်စေရန် တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီ စုစုပေါင်း ၄၃ ခု တင်ဒါသွင်းခဲ့ကြောင်း၊ ယင်းအထဲမှ ကုမ္ပဏီ ၁၁ ခုကို ပဏာမရွေးပြီး အချိန်ပေး လေ့လာကာ ယင်းအထဲမှ ထိန်ပင်အမှိုက်ပုံတွင် လုပ်ကိုင်ရန် ကုမ္ပဏီနှစ်ခုနှင့် ထားဝယ်ချောင် အမှိုက်ပုံတွင် လုပ်ကိုင်ရန် ကုမ္ပဏီနှစ်ခုကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရွေးချယ်သည့် ကုမ္ပဏီ စုစုပေါင်းလေးခု၏ ဆောင်ရွက်မည့် အစီအစဉ်များကို ရန်ကုန်တိုင်း ဒေ သကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် ထိန်ပင်အမှိုက်ပုံတွင် လုပ်ကိုင်ရန် ပြည်ပ မှ Chasson International Korea Co.Ltd နှင့်ထားဝယ်ချောင် အမှိုက်ပုံတွင် လုပ်ကိုင်ရန် ပြည်တွင်းမှ ZEYA & Association ကုမ္ပဏီနှင့် ပြည်ပမှ HONDI(Korea) ဖက်စပ် ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့သည်။
ထိန်ပင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၈၀၀ မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်သုံးစနစ် နည်းပညာကိုလည်း အသုံးပြုကာ လျှပ်စစ်ဓာတ်အားကို သုံးနှစ်စီမံကိန်းဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ပထမတစ်နှစ် အနေဖြင့် တစ်နာရီလျှင် ၁၂ မဂ္ဂါဝပ်၊ ဒုတိယတစ်နှစ် အနေဖြင့် တစ်နာရီလျှင် ၁၀ မဂ္ဂါဝပ်နှင့် နောက်ဆုံးနှစ် အနေဖြင့် တစ်နာရီလျှင် ရှစ် မဂ္ဂါဝပ်ဖြင့် စုစုပေါင်း တစ်နာရီလျှင် ၃၆ မဂ္ဂါဝပ် ထုတ်လုပ်ရန် မှန်းထားကြောင်း သိရသည်။

ထားဝယ်ချောင် အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၆၀၀ အား အမှိုက်မီးရှို့စက် တည်ထောင်ကာ လျစ်စစ် ဓာတ်အား ထုတ်လုပ်မည်ဖြစ်ပြီး နှစ်နှစ် စီမံကိန်းဖြင့် တစ်နာရီလျှင် ၁၅ ဒသမ ၄ မဂ္ဂါဝပ် ထုတ်လုပ်ရန် မှန်းထားကြောင်း၊ ယင်းစီမံကိန်း နှစ်ခုစလုံးမှာ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ပြီး ရရှိလာမည့် လျပ်စစ်ဓာတ်အားများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က တစ်ယူနစ်လျှင် ကျပ် ၁၅၀ နှုန်းဖြင့် ၀ယ်ယူ၍ ပြန်လည်ရောင်းချရန် ပဏာမ သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊ အသေးစိတ်အား သဘောတူစာချုပ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လုပ်ကိုင်မည့် ကုမ္ပဏီမှာ BOT စနစ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ထိန်ပင်အမှိုက်ပုံတွင် အမေရိကန်ဒေါ်လာ သန်း ၇၀ နှင့် ၁၁၀ ကြား၊ ထားဝယ်ချောင် အမှိုက်ပုံတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ နှင့် ၁၂၀ ကြား သတ်မှတ်ထားပြီး လျှပ်စစ်ဓာတ်အား ရောင်းရငွေများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အကျိုးအမြတ် ခွဲဝေပေးရန် စာချုပ်ချုပ်ဆိုမှုတွင် ပါရှိကြောင်းနှင့် အသေးစိတ်ကိုမူ မသိရှိသေးကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၄ ဇုန်တွင် စက်ရုံပေါင်း ၃၂၆၄ ရုံရှိကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here