Monday, November 11, 2013

တပ်မတော်ကိုယ်စားပြု မြ၀တီအသင်း ပရော်ဖက်ရှင်နယ် ကလပ်အဖြစ်ဖွဲ့စည်းရန် ပြင်ဆင်

0 comments
11.11.2013

မြန်မာ့တပ်မတော် ကိုယ်စားပြု ဖွဲ့စည်းထားသည့် မြ၀တီအသင်းသည် အိမ်နီးချင်းနိုင်ငံများမှ တပ်မတော် အသင်းများကဲ့သို့ ပရော်ဖက်ရှင်နယ်ကလပ်အသင်းတစ်သင်းအဖြစ် ဖွဲ့စည်းရန် ပြင်ဆင်နေ ပြီဖြစ်ကြောင်း မြ၀တီ အသင်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမြတ်စိုးက မဇ္ဈိမသို့ ပြောသည်။

မြ၀တီအသင်းသည် မြန်မာ့တပ်မတော်ကိုယ်စားပြုကာ မြန်မာနေရှင်နယ်လိဂ်-၂ (MNL-2) တွင် ၀င် ရောက်ယှဉ် ပြိုင်နေသောအသင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်လေးနိုင် ငံ တပ်မတော်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အသင်းဖြစ်သည်

“ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံက တပ်မတော်အသင်းတွေ အားလုံး ပရော်ဖက်ရှင်နယ် ကလပ်အသင်း ပုံစံမျိုးသွားနေကြချိန်မှာ ကျွန်တော်တို့အသင်းလည်း ပရော်ဖက်ရှင်နယ်ပြောင်းဖို့လိုလာပါတယ် ။ လော လောဆယ်မှာ လက်ရွေးစင်ကစားသမား ငါးယောက်ကို မလေးရှား တပ်မတော် အသင်းနဲ့ ခြေစမ်း ပွဲ မတိုင်ခင်မှာ ပူးပေါင်းလေ့ကျင့်ဖို့ ခေါ်ထားပါတယ်။ လောလောဆယ်တော့ တစ်ယောက်မှ မရောက်သေး ပါဘူး။ ဒီကစားသမားတွေကို လာမယ့်ရာသီမစခင်မှာ ကမ်းလှမ်းမှုတွေလုပ်သွားဖို့လည်းရှိပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အိမ်နီးချင်းနိုင်ငံက တပ်မတော်အသင်းတွေ လို နိုင်ငံခြားသားကစား သမားတွေ ခေါ်ယူမှု လုပ်ဖို့လည်း ပြင်ဆင်သွားပ့ါမယ်” ဟု ဦးမြတ်စိုးက ပြောသည်။

မြ၀တီအသင်းသည် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် ရန်ကုန်ယူနိုက်တက်မှ ခင်မောင်လွင်၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊ ရတနာပုံဂိုးသမား သီဟစည်သူ နှင့် ကမ္ဘောဇတိုက်စစ်မှူး စိုးမင်းဦးတို့ကို မလေးရှားတပ်မတော်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီအသင်းနှင့် ပူးတွဲလေ့ကျင့်မှုပြုလုပ် ရန် မြန်မာ နိုင် ငံဘောလုံး အဖွဲ့ချုပ် အကူအညီဖြင့် ခေါ်ယူထားသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခြေစမ်းပွဲနှစ်ပွဲ လာရောက်ကစားမည့် မလေးရှားတပ်မတော် အသင်းနှင့် မြ၀တီ အသင်းတို့မှာ နိုဝင်ဘာလ-၁ ရက်နေ့တွင် ဇေယျာသီရိ တပ်မတော် အားကစားကွင်း ၌ ခြေစမ်းပွဲ ကစားကြမည်ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here