Tuesday, November 12, 2013

ပျက်ကျလာသော ဥရောပဆိုင်ရာ ဂြိုဟ်တု ကမ္ဘာ့လေထုထဲတွင် မီးလောင်ပျက်စီသွား

0 comments

12.11.2013

နိုဝင်ဘာ ၁၁ရက် နံနက်ပိုင်းက စတင်ကာ အာကာသအတွင်းမှပြန်လည် ပျက်ကျလာသော ဥရောပ ဆိုင်ရာ ဂြိုဟ်တုသည် ကမ္ဘာ့လေထုထဲအရောက်တွင် မီးလောင်ပျက်စီးသွားကြောင်း ဂြိုဟ်တုထိန်းချုပ်ရေး စင်တာက တရားဝင် ပြောကြားခဲ့သည်။ပေါင် ၂၀၀၀ခန့်လေးသော ဂြိုဟ်တုသည် ထိုနေ့ ညပိုင်း၇နာရီ တွင် ကမ္ဘာ့လေထု ထဲသို့ အရောက်တွင် မီးလောင်ပျက်စီးသွားခဲ့ပြီး အကြွင်းအကျန်မျုားသည် ကမ္ဘာပေါ် သို့ ကျရောက်ခြင်း ရှိမရှိ မည်သူကမျှ မပြောနိုင် ဖြစ်နေသည်ဟု ဥရောပအာကာသအေဂျင်စီက ဆိုသည်။

ဂြိုဟ်တုမှာ လေထုအတွင်း ပွတ်အားကြောင့် မီးလောင်သွားပြီး မည်သည့်ထိခိုက်မှုမှ မရှိခဲ့ကြောင်း၊ ကမ္ဘာ့ဆွဲအားအမျိုးမျိုးကို သုံးဘက်မြင် မြေပုံထုတ်နိုင်ရန် အစီအစဉ်ဖြင့် ၂၀၀၉ခှုစ်က လွှတ်တင်ခဲ့သော Gravity field and steady-state Ocenan Circulation Explorer (GOCE) ဂြိုဟ်တုသည် ယခုနှစ်အောက်တို ဘာလ ၂၁ရက်မှစတင်ကာဇီယွန်လောင်စာပြတ်တောက်ပြီး အထိန်းအချုပ်မဲ့ ဖြစ်ခဲ့ ရကြောင်း အေဂျင်စီကဆိုသည်။GOCE ဂြိုဟ်တုသည် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ဆိုက်ဘေး ရီးယားမှ ဖြတ်သန်းကာ တောင်ဝန်ရိုးစွန်နှင့် အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းရှိ ကမ္ဘာ့လေထု အတွင်း ပြန်ဝင် လာခဲ့သည်။

GOCE သည် ၂၀၁၁ခုနှစ် မတ်လက ဂျပန်တွင် လှုပ်ခတ်ခဲ့သော ကြီးမားသည့် ငလျင်လှုပ်မှုအတွက် ဂြိုဟ်ပတ်လမ်းအတွင်းမှကမ္ဘာ့ပထမဆုံး ငလျင်တိုင်းတာမှုကို ပြုလုပ်ပေးနိုင်ခဲ့ပြီး ငလျင်ကြောင့် ဖြစ်ပေါ် လာသည့် အသံလှိုင်းများကိုထောက်လှမ်းနိုင်ခဲ့သည်။ ယခု GOCE ပျက်ကျမှုကြောင့်အစိတ် အပိုင်းတစ်ခုလျှင် ပေါင် ၂၀၀ထက်မကျော်သောအစိတ်အပိုင်းပေါင်း ၄၅ခု ကမ္ဘာ့သို့ ကျလာမည် ဟု မျှော်လင့် ထားသော်လည်း မည်သည့်အရပ်သို့ ကျသွားသည်ကို သိပ္ပံပညာရှင်များက အတိအကျ မပြောနိုင်ဖြစ်နေရသည်။GOCE ဂြိုဟ်တုကို ဂျာမနီနှင့် အီတလီ အင်ဂျင်နီယားများကဒေါ်လာ ၄၄၆သန်း အကုန်ကျခံကာ တည်ဆောက်ခဲ့ကြသည်။

Ref: Telegraph
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here